ဝတ်စား ဆင်ယင်မှုဖြင့် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပါ

မြန်မာဝတ်စုံကို မြတ်နိုးဂုဏ်ယူစွာဝတ်ဆင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ သွားလာနေသော နိုင်ငံခြားခရီးသွား ဧည့်သည်ဇနီးမောင်နှံနှစ်ဦးကို မြင်တွေ့ရသည်မှာ စာရေးသူ၏စိတ်ကို တစ်မျိုးတစ်ဖြုံ ကည်နူးချမ်းမြေ့ စေပါသည်။ အဘယ် ကြောင့်ဆိုသော် စာရေးသူတို့၏ မြန်မာဝတ်စုံကို နိုင်ငံခြားခရီးသွားဧည့်သည်များက တန်ဖိုးထားဝတ်ဆင်ထားခြင်း ကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရိုးရာဝတ်စုံဝတ်ဆင်မှု အထိန်းသိမ်းနိုင်ဆုံး နိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်လျက်ရှိသည်။ နိုင်ငံခြားခရီးသွားဧည့်သည်များက မြန်မာ့ယဉ်ကျေးမှုဝတ်စုံများကို တန်ဖိုးထားဝတ် ဆင်နေသဖြင့် မြန်မာနိုင်ငံသားဖြစ်သော စာရေးသူတို့အဖို့ မိမိတို့၏ အမျိုးသားဝတ်စုံများကို ပိုပြီးတန်ဖိုးထားရမည်ဖြစ်သည်။

''ကမ္ဘာကြီးက ရွာကြီးတစ်ရွာလိုဖြစ်လာတော့ ယဉ်ကျေးမှုတွေရောယှက်ပြီး အနောက်တိုင်းဝတ်စုံတွေကို အတုယူဝတ် ဆင်လာကြတာကို အပြစ်လို့မပြောသာပေမယ့် မိမိလူမျိုးရဲ့မိရိုးဖလာ ရိုးရာ အဝတ်အစားဝတ်ဆင်တဲ့ ယဉ်ကျေးမှုကို လည်းမပျောက်ပျက်စေချင်ပါဘူး။ ခေတ်နဲ့အညီ သူ့နေရာနဲ့သူဝတ်ဆင်ကြဖို့လိုပါတယ်။ သရုပ်ပျက်အဝတ်အစားတွေကို လူငယ်တွေအပြင် လူကြီးတွေပါ နေရာ တိုင်းမှာ ဝတ်ဆင်လာကြတော့ အရိုးပေါ်အရွက်ဖုံးပြီး ပင်ရင်းဖြစ်တဲ့ ကိုယ့် လူမျိုးယဉ်ကျေးမှု ပျောက်ကွယ်သလောက်ဖြစ်နေပါပြီ။ ဒါကြောင့်လည်း ဦးတို့က မြန်မာ့ယဉ်ကျေးမှုတွေ  မပျောက် ပျက်အောင် ထိန်းသိမ်းပေးဖို့ တိုက်တွန်းချင်ပါတယ်။ အခုရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို မပျောက်ပျက် အောင် ထိန်းသိမ်းနေတယ်။

ဒီထဲမှာ ဝတ်စားဆင်ယင်မှုတွေလည်း ပျောက်ကွယ်မသွားအောင် နည်းမျိုးစုံနဲ့ ပညာပေးမှုတွေလုပ်ဆောင်နေပါတယ်''ဟု ရှေးဟောင်းယဉ်ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓ၏သာသနာထွန်းကားသော နိုင်ငံဖြစ်သည်နှင့်အညီ ဘုရားရှင်၏ အဆုံးအမတရားတော်များကို လိုက်နာကျင့်သုံး၍ ဣနြေ္ဒသိက္ခာရှိမှု၊ ကိုယ်ကျင့်တရားကောင်းမှုနှင့် စေတနာသဒ္ဓါတရားထက်သန်မှုများကို အလေးထားသော နိုင်ငံဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ပေးကမ်းလှူဒါန်းမှု အရက်ရောဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ချမ်းသာကြွယ်ဝသော နိုင်ငံများကိုဖြတ်ေ ကျာ်၍ မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ ယင်းအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရသော်လည်း ဝတ်စားဆင် ယင်မှုအပိုင်းတွင် တစ်နှစ်ထက်တစ်နှစ် မြန်မာ့ယဉ်ကျေးမှုကို သွေဖည်လာသည်ကို တွေ့မြင်နေရသည်။ အဓိကအား ဖြင့်မြန်မာအမျိုးသမီးများ ခန္ဓာကိုယ်လုံခြုံစွာဝတ်စားဆင်ယင်မှု အားနည်းလာခြင်းကြောင့် ယင်းနှင့်ဆက်နွှယ်သည့် မှုခင်း ဖြစ်ရပ်များ မကြာခဏဖြစ်ပွားလျက်ရှိသည်ကို တွေ့နေရသည်။

''မုဒိမ်းမှုဖြစ်စဉ်တွေကိုကြည့်ရင် ဝတ်စားဆင်ယင်မှုအပိုင်းတွေလည်း   တစ်စိတ်တစ်ဒေသပါတယ်။ နောက်တစ်ခုက ကိုယ့်ဘေးကိုသတိမမူဘဲ အန္တရာယ်ကိုဖိတ်ခေါ်တဲ့ အနေအထိုင်တွေလည်းပါတာပေါ့။ ကျွန်တော်တို့လို ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့  ပြည်သူ့လုံခြုံရေးအတွက်  တာဝန်ယူထားရတယ်ဆိုပေမယ့် မျက်ကွယ်ရာဖြစ်ရပ်တွေမှာ ဘယ်လိုမှကူညီ ပေးလို့မရဘူး။ မိဘတွေက သားသမီးတွေရဲ့ အနီး ကပ်စောင့်ရှောက်သူတွေဖြစ်လို့ အမြင်မတော်တဲ့ ဝတ်စားဆင်ယင် မှုတွေကို အတတ်နိုင်ဆုံး သတိပေးတားမြစ်ရမယ်။ အခုဆို နိုင်ငံတော်ကလည်း ဘုရားစေတီတွေနဲ့ ယဉ်ကျေးမှု နယ် မြေတွေမှာ ရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ အမြင်မတော်တဲ့အပြုအမူတွေ မပြုလုပ်ကြဖို့ တားမြစ်တာတွေလုပ်နေပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

လက်ရှိတွင်  မြန်မာနိုင်ငံနှင့်သက်ဆိုင်သော ယဉ်ကျေးမှုပွဲတော်များတွင် မြန်မာ့ရိုးရာဝတ်စုံ ဝတ်စားဆင်ယင်မှုပြပွဲများ ထည့်သွင်းကျင်းပပြီး အသိပညာပေးခြင်းများကိုလည်း မြင်တွေ့ရသည်။ မြေမျို၍လူမျိုး မပျောက်၊ လူမျိုးမျိုလျှင် လူမျိုး ပျောက်မည်ဟု ရှေးမြန်မာပညာရှိများက သတိပေးဆုံးမဖူးသည်။ ယဉ်ကျေးမှုမျိုလာလျှင် ကိုယ့်ယဉ်ကျေးမှုကို အထင် သေးလာပြီး တခြားယဉ်ကျေးမှုကို အထင်ကြီးမည်။ ထိုအ ခါ မိမိလူမျိုးပျောက်ကွယ်နိုင်သည်ကို ယနေ့ခေတ်လူငယ် များလိုက်နာဆင်ခြင်ပြီး ကမ္ဘာတွင် မြန်မာလူမျိုးတို့၏ဂုဏ်ကို မြှင့်တင်စေနိုင်မည့် ရိုးရာဝတ်စားဆင်ယင်မှုများကို အ လေးထား လိုက်နာကြရန် လိုအပ်သည်။ နိုင်ငံတကာဝတ်စုံများတွင်လည်း  လုံခြုံသောဝတ်စားဆင်ယင်မှုများရှိသည်။ အဝတ်အစားဝတ်ဆင်ရာတွင် မိမိသွားလာမည့် အခမ်းအနား၊ ပွဲလမ်းသဘင်နှင့် နေရာဒေသရွေးချယ် ဝတ်ဆင် တတ်မှသာ အဆင်ပြေမည်ဖြစ်သည်။

အထူးသဖြင့် မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံဝတ်ဆင်မှုပုံစံများသည် ပြည်သူများအကြား တဖြည်းဖြည်း တွေ့ရှိရမှု နည်းလာသဖြင့် ပြည်သူတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှသာ ရိုးရာယဉ်ကျေးမှုဝတ်စား ဆင်ယင်မှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားသော လုပ်ငန်းအများစု၌  ခရီးသွားလုပ်ငန်းများမှအပ တခြားလုပ်ငန်းများတွင် အနောက်တိုင်းဝတ်စားဆင် ယင်မှုများကိုသာ မြင်တွေ့လာရသည်။တက္ကသိုလ်များ၌  ယခင်က ဝတ်စားဆင်ယင်မှုကို ထိန်းချုပ်ခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် သရုပ်ပျက်အဝတ်အစားများကြောင့် မြန် မာ့ယဉ်ကျေးမှု မပျောက်ကွယ်စေရေး ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ဝတ်စုံများသာ ဝတ်ဆင်ရန် မြန်မာ မှုဝတ်စားဆင်ယင်မှုများဖြင့်သာ  ကျောင်းအတွင်းဝင်ခွင့်ပေးနေခြင်းက   ကောင်းမွန်သော လုပ်ဆောင် ချက်ဖြစ်သည်။

''ဆရာမတို့ကတော့ ကျောင်းသား၊ ကျောင်းသူတွေ အမြင်မှားအတွေးမှားတွေနဲ့ တက္ကသိုလ်ဆိုတာ ရုပ်ရှင်တွေထဲက လို ထင်တာလုပ်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ ပညာပေးအနေနဲ့ ဆောင်ရွက်တာပါ။ ဒါမှလည်း မြန်မာ့ရိုးရာ ယဉ် ကျေးမှုကို အလေးထား တန်ဖိုးထား တတ်လာပါမယ်။ တစ်ချိန်မှာ သူတို့က နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက တာ ဝန်ထမ်းဆောင်မယ့် မျိုးဆက်သစ်လူငယ်တွေဖြစ် တာကြောင့်  အခုချိန်ကတည်းက စနစ်တကျရှိဖို့ အရေးကြီးပါတယ်'' ဟုရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေး များလုပ်ေ ဆာင်ပြီးနောက်ပိုင်းတွင် ကဏ္ဍစုံမှတိုးတက်မှုများရှိလာပြီး  ယင်းတို့ထဲတွင် ကောင်းကျိုးအပြင် ဆိုးကျိုးများပါ ဒွန်တွဲပါလာနေသည်။ ဆိုးကျိုးများသည် လူငယ်လူရွယ်များ လမ်းမှားနိုင်သော သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ၊ အယူမှားနိုင်သောအပြုအမူ အပြောအဆိုများကို လူမှုကွန်ရက်များ၊ အနောက်တိုင်းရုပ်ရှင်များမှတစ်ဆင့် တွင်ကျယ်စွာ ပျံ့နှံ့လာသည်ကို တွေ့ရသည်။ နိုင်ငံအတွင်း လူ့အဖွဲ့အစည်း များနှင့် ပရဟိတအဖွဲ့အစည်းများ များပြားလာပြီး ယင်းအဖွဲ့အစည်းများမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဝတ်စားဆင်ယင်မှုများကို အတုယူမှုအားကောင်းစေရန် အခန်းကဏ္ဍတစ်ခုအဖြစ် ထည့် သွင်းလုပ်ဆောင်လာပါက များစွာထိရောက်လာနိုင်သည်။

ကလေးသူငယ်များ အကြားတွင်လည်း ယဉ်ကျေးလိမ္မာသင်တန်းများနှင့် တရားပွဲများ ပိုမိုကျင်းပပေးခြင်းဖြင့် ယဉ် ကျေးသိမ်မွေ့သော အနာဂတ်မျိုးဆက်သစ်များနှင့် ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မည့် အမျိုးကောင်း သားသမီး များကို မွေးထုတ်ပေးလာနိုင်မည်ဖြစ်သည်။ ယနေ့ခေတ် လူငယ်လူရွယ်များ အနေဖြင့် အနာဂတ်လူငယ်များ၏ အတုယူမှားဖွယ်အပြုအမူများနှင့် ဝတ်စားဆင်ယင်မှုများကို မလုပ် မိစေရန် အရေးကြီးလှပေသည်။ မိမိလူမျိုးကိုချစ်သော စိတ်ရှိရန်၊ အမျိုးဂုဏ်၊ ယဉ်ကျေးမှုဂုဏ်ကို ထိန်းသိမ်းသော လူငယ်လူရွယ်များစွာ ပေါ်ထွန်းစေရန်နှင့် ကမ္ဘာ့အလယ်၌ မြန်မာလူမျိုးများ ဂုဏ်ယူ ဝံ့ကြွားစွာ ရပ်တည်နိုင်စေရန် ရေးသားတင်ပြလိုက်ပါသည်။ ။စိုးမိုး

Read 33 times
Rate this item
(0 votes)