မြန်မာ့ရိုးရာ သင်္ကြန် အစဉ်အလာနှင့် အညီ ပျော်ရွှင်စွာ ရေကစား ကြပါစို့

တန်ခူးလသည် မြန်မာတို့၏ဆယ့်နှစ်လရာသီတွင် ပထမဆုံးလဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီပွဲများအနက် တန်ခူးလတွင်ကျင်းပသည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ရက်အရှည်ကြာ ဆုံးနှင့် အစည်ကားဆုံးပွဲ တော် ဖြစ်သည်။ ''သင်္ကြန်''ဆိုသည်မှာ မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောအချိန်အခါဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သန့်စင်ဆေးကြော ၍ နှစ်သစ်ကို ရွှင်လန်းစွာကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် တစ်ဦးနှင့်တစ်ဦး ရေစင်ပက်ဖျန်းလေ့ရှိကြသည်။ယင်းသို့  ရေပက်ကစားသည့်ပွဲတော်ကို သင်္ကြန်ပွဲတော်ဟု ခေါ်ခဲ့ကြသည်။

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်သည် မြန်မာတို့၏ သိမ်မွေ့သော ဓလေ့စရိုက်များ လွှမ်းခြုံသော ပျော်ရွှင်ပွဲ လည်းဖြစ်သည်။နွေဦးကာလ၏တန်ခူးလတွင် လေရူးဆော်သွေးတိုက်ခတ်မှုကြောင့် သစ်ရွက်ကလေးများ သစ်ပင်မှ ကြွေကျလေရာ သစ်ပင်များမှာလည်း အရိုးကျဲတဲတဲဖြစ်နေကြသည်။ နွေဦးကာလဝင်ရောက်ခါစ လဝက်မျှသာကြာ သေးသော်လည်း ပူပြင်းသောရာသီဖြစ်နေပြီး ''တန်ခူးရေ ကုန် ကဆုန်ရေခန်း''ဆိုသကဲ့သို့ ရေတွင်းရေကန်များပင် ခြောက်ခန်းစ ပြုလာနေကြပေပြီဖြစ်သည်။

မြန်မာတို့သည် ယနေ့ထက်တိုင် အခြားသူများထက်ပိုပြီး ပျော်ရွှင်ခံစားတတ်သည်။ မိမိတို့၏ပျော်ရွှင်မှု ပွဲသဘင်ကျင်းပရာတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမပျောက်ပျက်စေဘဲ ရည်ရွယ်ချက်ကြီးကြီးနှင့် ကျင်းပလေ့ရှိသည်။ နှစ်ဦးကာလ တန်ခူးလနှင့်သင်္ကြန်အတာအကြောင်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ရေကစားပွဲဟုသာ လူသိများသော်လည်း လေးနက်သောအကြောင်းရပ်များပါဝင်သည်။ သင်္ကြန်ေ ရ၊ သင်္ကြန်ပွဲ၊ သင်္ကြန်ကျ၊ သင်္ကြန်ကြတ်၊ သင်္ကြန်တက် ဆို သည့် စကားရပ်များသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ရေပန်းစားလျက်ရှိသည်။

အတာနှင့်ပတ်သက်လာလျှင် အတာကူး၊ အတာတက်၊ အတာရေ၊ အတာသဘင်၊ အတာစား၊ အတာအိုးစသော စကားရပ်များကလည်း တွင်ကျယ်လှပေသည်။မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အတွေးအခေါ်သ တ်မှတ်မှု အစဉ်အလာအရ ''ရေ''သည် အေးချမ်းသည်။ တစ်ဦးနှင့်တစ်ဦး ရေလောင်းကြခြင်းဖြင့် သန့်ရှင်းစင်ကြယ် စေသည်။ ဂုဏ်သတင်း ကျော် စောခြင်း၊ အခြံအရံများခြင်း၊ လျင်မြန်ဖျတ်လတ်ခြင်း၊ ငတ်မွတ်မှုမှကင်းဝေးခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှ ခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးမားခြင်းဟူသော အကျိုးတရား ၁ဝ ပါးနှင့်ပြည့်စုံစေသည်။ ယင်းသို့ သော ရေအကျိုးတရား ၁ဝ ပါးကိုအခြေခံထားလျက် သင်္ကြန်ပွဲတော်တွင် ရှေးအခါက တစ်ဦးကိုတစ်ဦး ယဉ်ကျေးသိမ် မွေ့စွာ သပြေခက်နှင့် အမွှေးနံ့သာဖျော်၍ လက်တစ်ကမ်းအကွာမှ ရေပက်ဖျန်းကစားလေ့ရှိခဲ့သည်။

တန်ခူးလ၏ရာသီပန်းသည် ကံ့ကော်ပန်းနှင့် ရင်ခတ်ပန်းဖြစ်သည်။ တန်ခူးလတွင် ကံ့ကော်ပန်း၊ ရင်ခတ်ပန်းများ ပွင့်ဖူးကာ ရနံ့များသင်းပျံ့ကြိုင်လှိုင်နေပုံကို စာဆိုဦးယာ၏ တန်ခူးလဖွဲ့ အဲချင်း၌ ''ကံ့ကော် ရင်ခတ်၊ ပွင့်ဝတ်မြိုင်ခြေ၊ တောင်လေညင်းညင်း၊ ရစ်ဆော်သွင်းသော်၊ ရင်တွင်းငြိမ့်လေး၊ စိမ့်ရုံအေး၏''ဟူ၍ ရေးဖွဲ့သီကုံးမှုပြုခဲ့သည်။ ပြည်သူ့စာ ဆို၊ အမျိုးသားစာဆိုဟု ထင်ရှားခဲ့သော ဆရာဇော် ဂျီကလည်း သင်္ကြန်ပွဲတော်၏ ဝိသေသပိတောက်ပန်း၏ ဂုဏ်ရည် ကို ''မခူးချင်စမ်းပါနဲ့၊ သူလည်းလေ လောကီသားလိုပေါ့၊ ကြွားချင့်လှပေလိမ့်မယ်၊ ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်၊ ပန်း ပိတောက်များ''ဟူ၍ ပိတောက်ပန်းကို  သက်ရှိလူသားအသွင်ဖြင့်  တင်စား၍ အားမာန်သွင်းဖွဲ့ဆိုခဲ့ပေသည်။

သင်္ကြန်ပွဲတော်သည် ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ သင်္ကြန်ပွဲတော်ရက်များတွင် လူငယ်များသည် ရေကစားပွဲဖြင့် ယဉ်ကျေးမှုအစဉ်အလာဆင်နွှဲသကဲ့သို့ ရပ်ကွက်၊ ကျေးရွာမှအစ မြို့နယ်နှင့် မြို့ကြီးပြကြီးများအဆုံး စတုဒိသာ ကျွေးမွေးလှူဒါန်းမှု၊ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား  ပူဇော်ကန်တော့မှု၊  သားငါးတိရစ္ဆာန်များကို ဘေးမဲ့လွှတ်ပေးမှု၊ ရဟန်းခံရှင်ပြုပွဲတော် များပြုလုပ် မှု၊   အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဆိုပူဇော်လျက် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအတွင်း အန္တရာယ်ကင်းအောင် ဆောင်ရွက်မှုစသော ကုသိုလ်ကောင်းမှုများပြုလုပ်ကြသည်။

သင်္ကြန်ပွဲတော်ရက်များအတွင်း တရားစခန်းဝင်ခြင်း၊ ဝိပဿနာကမ္မဋ္ဌာန်းများစီးဖြန်းခြင်း၊ ဥပုသ်သီလဆောက်တည် ခြင်း၊ ဒုလ္လဘရဟန်းခံခြင်း၊ ရှင်သာမဏေပြုခြင်းစသော ကောင်းမှုကုသိုလ်များ လည်းပြုကြသည်။ နှစ်သစ်မင်္ဂလာပွဲ ဆင်နွှဲကြသူများသည် နှစ်ဟောင်းတွင် ကျန်ရှိခဲ့သည့် ကာယကံ၊  ဝစီကံ၊ မနောကံ၊ အကုသိုလ် အညစ်အကြေးတို့ကို သင်္ကြန်ရေအေးနှင့် ဆေးကြောပြီးနောက် ဘေးရန်ကင်းသော မင်္ဂလာနှစ်သစ်သို့ ခရီးဆက်ရန် ရည်သန် မျှော်မှန်းကြ သည်။

ရှေးခေတ်သင်္ကြန်အနေဖြင့် အမွှေးနံ့သာရည်ဖြင့် ရေကစားလေ့ရှိခဲ့ကြသည်။  လုလင် ပျိုများသည် လှပျိုဖြူများကို   ရေပက်ကစားလိုသော် မိဘများထံခွင့်ပန်၍ အမွှေးနံ့သာရည်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပက်ဖျန်းလေ့ရှိသည်။  ရိုးရာဓလေ့ဖြင့်  ပျော်မွေ့ကြရာတွင် ယဉ်ကျေးသိမ်မွေ့သည်နှင့်အမျှ အပြစ်ကင်းစင်ကြသည်။ သူတစ်ပါးအား ထိခိုက်နစ်နာမှုမျိုးလည်းမရှိသဖြင့် အတုယူစရာကောင်းလှသည်။ တန်ဖိုးဖြတ်၍မရနိုင်သော ဤအမွေကောင်းများကို မျက်မှောက်ခေတ် မြန်မာလူမျိုးတိုင်း အမွေခံထိန်းသိမ်းစောင့်ရှောက်၍ မျိုးဆက်သစ်တို့အားလည်း လက်ဆင့်ကမ်း ဖြန့်ဝေရန် လိုအပ်ပေသည်။ သို့မှသာ မိမိတို့၏ မြန်မာလူမျိုးပီသမှု၊ ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်မှုကို    အလေးထားရာ ရောက်မည်ဖြစ်သည်။ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို မြန်မာဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ စည်ကားသိုက် မြိုက်စွာ ကျင်းပရန် စီစဉ်နေကြပြီဖြစ်သည်။ သင်္ကြန်ကာလအတွင်း မလိုလားအပ်သော ဖြစ်စဉ်ဖြစ်ရပ်များ မဖြစ်ပေါ်စေ ရေး ကြိုတင်သတိပေးချက်များကို သက်ဆိုင်ရာတို့က မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထား သည်ကိုလည်း တွေ့ရှိရသည်။ တာဝန်ရှိသူအသီးသီးကလည်း စည်းကမ်းတကျရှိစေရေး စည်းရုံးကြပ်မတ်ဆောင်ရွက်ကြဖို့လိုအပ်သည်။ အ ပျော်လွန်ကာ စည်းကမ်းလိုက်နာမှုအားနည်းသူအချို့ကြောင့် သင်္ကြန်ပွဲတော်ကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများ ဖြစ်ပေါ်မလာရေး ကြပ်မတ်ဆောင်ရွက်ကြဖို့ လိုအပ်သည်။

မဟာသင်္ကြန်ပွဲတော် ကျင်းပရေးတာဝန်ရှိသူများက လုံခြုံရေးနှင့်စည်းကမ်းသေဝပ်ရေးကို အထူးအလေးထား စီစဉ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူအများကလည်း ''မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်'' ဖြစ်သည်ကို အထူးသတိပြု၍ ဝတ်စားဆင်ယင်မှုကအစ သရုပ်မပျက်ကြစေရန်နှင့် အပျော်မလွန်မိစေဖို့ လိုအပ်သည်။မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ဖြစ်သည်နှင့်အညီ စည်းနှင့် ကမ်းနှင့် ပျော်ရွှင်စွာဆင်နွှဲကြကာ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းဖို့လိုသလို သရုပ်ပျက်မှု၊ ကြမ်းတမ်းရိုင်းစိုင်းစွာ ရေကစားမှု၊ နောက်ပြောင်အော်ဟစ် အပျော်ကျူးမှု၊  အရက်သေစာေ သာက်စားမူးယစ်မှုစသည်တို့သည် ပျော်ရွှင်မှုထက် အန္တရာယ်ဆိုးများကို  ဖိတ်ခေါ်ရာ ရောက်စေသည်။သို့ပါ၍ မြန်မာတို့၏နှစ်သစ်မင်္ဂလာအခါသမယ သင်္ကြန်ကာလနှစ်သစ်ကူး ရေကစားပွဲတော်တွင် သ င်္ကြန်၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အနှစ်သာရများကို မြတ်နိုးစိတ်ဖြင့် ကောင်းမှုမင်္ဂလာများကို ပြုလုပ်ဆောင် ရွက်ကြရင်း ပျော်ရွှင်ကြည်နူးမှုများဖြင့် မင်္ဂလာရှိသော နှစ်ကူးအခါသမယတွင် ပန်းပိေ တာက်တို့နှင့်ကြိုဆိုလျက် ''မြန် မာ့ရိုးရာယဉ်ကျေးမှုမပျက် သင်္ကြန်အစဉ်အလာနှင့်အညီ ပျော်ရွှင်ချမ်းမြေ့စွာရေကစားကြပါစို့''ဟူ၍ တိုက်တွန်းရေးသား လိုက်ရပါသည်။ အောင်ခန့်ဖြိုးဝေ(တောင်ငူ)

Read 110 times
Rate this item
(0 votes)