ရိုးရိုးလေး ပျော်ကြ ရအောင်

ကျွန်မတို့မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီးကိုဆင်နွှဲလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ တစ်နှစ်ပြီးတစ်နှစ် သက္က ရာဇ်တွေပြောင်းခဲ့သလို လူတွေလည်းပြောင်းလာကြသည်။

လူတွေပြောင်းလို့ သင်္ကြန်ပွဲတော်ကျင်းပသည့် ပုံစံတွေလည်းပြောင်းလဲလာခဲ့ကြပါသည်။ ဒီလိုနှင့်ပဲဒီနှစ်မှာ ရေသဘင် ပွဲတော်(သင်္ကြန်ပွဲတော်)စကြရပါတော့မည်။ပျော်လည်းပျော်ကြရတော့မည်။ သို့သော် ကျွန်မတို့ငယ်ငယ်တုန်းကလို မပျော်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဟိုတုန်းကပျော်ပုံပျော်နည်းနှင့် ယခုပျော်ပုံပျော်နည်းတွေ မတူကြတော့လို့ပါပဲ။ ဟိုယခင်ကတော့ သင်္ကြန်တွင်းမှာ  ပျော်ကြ၊ ဆိုကြ၊ ကကြနဲ့ တစ်ဦးကိုတစ်ဦး ယဉ်ကျေးစွာ၊ စည်းကမ်းရှိစွာ၊ စည်းစနစ်နဲ့ ရေပက်ပျော်ရွှင်ပြီးနေကြသည်။

ဝတ်စားဆင်ယင်ပုံကလည်း ရိုးရိုးလေးနှင့် မြန်မာ့သင်္ကြန်နှင့်တူအောင် ဝတ်ကြဆင်ကြကာ အဝတ်အစားမှာ မရိုင်း အောင်ဝတ်ဆင်ကြသည်။  အမျိုးသမီး၊ အမျိုးသားများအချင်းချင်း  ဆက်ဆံပြောဆိုပုံက အစ ယဉ်ကျေးကြသည်။ သီ ဆိုသည့်သီချင်းမှာ မောင်နှင့်နှမ၊ သားနှင့်အမိ  နားထောင်လို့ကောင်းပြီးစိတ်ထဲမှာတကယ့်ကိုပျော်ပါသည်။

ယခုခေတ်ကာလတွေမှာ မြန်မာသင်္ကြန်၊မြန်မာတေးသွား၊ မြန်မာအကတွေ ရှေးရိုးမပျက်အောင် ရှေ့မှာဘယ်လိုပဲပြပြ၊ အချို့သောနေရာတွေမှာ အကျည်းတန်လှသည်။အုတ်ရောရော ကျောက်ရောရောနဲ့ အကျင့်ပျက်၊ စည်းကမ်းပျက်ပြီး  ထင်တိုင်းကြဲနေကြလို့ အချို့သောနေရာတွေမှာ မမြင်ရဲ၊ မရှုရဲဖြစ်ကြရသည်။ လူမြင်နိုင်တဲ့နေရာတွေမှာပျော်ကြသလို လူမမြင်နိုင်တဲ့နေရာမှာ ပျော်မိလို့ ပျော်ပြီးတဲ့နောက် ပျက်ကြရသည်မှာ နှစ်တိုင်းလိုလိုကြားနေရသည်။ ထိခိုက်မှုတွေ၊ ဒဏ်ရာရသူတွေ၊ ဘဝနာသူတွေ တော်တော်များများကြားရ၊ မြင်ရ၊ တွေ့ရတာတွေဟာကျွန်မဖြင့် ကျွန်မတို့ယဉ် ကျေး မှုသင်္ကြန်နှင့်မတူဘဲ အလွတ်တမ်းဟော့ရမ်းမှုတွေကြောင့် သင်္ကြန်ရဲ့အရသာပျက်နေသလို  ခံစားမိပါသည်။

အမှန်တကယ်တော့ သင်္ကြန်ဆိုတာအေးမြခြင်းပါပဲ။ လူအများပူပြင်း၍ငြီးငွေ့နေသောအချိန်မှာ အတာရေအေးအေး နှင့် တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ်ကူးပြီး မေတ္တာရေချမ်းပက်ဖျန်းပြီး စိတ်ကလေးေ တွကြည်နူးပျော်ရမည့်သဘောပါပဲ။   ဤသို့မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး မေတ္တာမမှန်၊ စေတနာမမှန်ဘဲ ဖျက်လိုဖျက်ဆီးအသွင်များနှင့် မြန်မာ့အစဉ်အလာ တွေပျောက်ပျက်ပြီး မြန်မာ့ရိုးရာကိုဖျက်ဆီးရာ ရောက်အောင် ပြုလုပ်နေကြရင်းဖြင့် စိတ်အေးကြည်နူးဖွယ်ရာမရှိနိုင်ပါ။ ရိုးရိုးလေးမပျော်နိုင်ကြလို့ ဆန်းဆန်းလေးပျော်လိုက်ရင် ပျော်လည်းပြီးရောပျက်စီးခြင်းအသွင်သို့    ကူးပြောင်းသွား တတ်ပါသည်။

သည်လိုကူးပြောင်းမသွားအောင် ထိန်းသိမ်းလျက်ယဉ်ကျေးစွာနှင့် ပျော်မယ်ရွှင်မယ်လို့ စိတ်ထားလေးထားကာတို့ တစ်တွေတစ်နှစ်မှာ တစ်ခါဆုံကြတုန်း၊ တွေ့ကြတုန်း ရိုးရိုးလေးပျော်ပျော်ပါးပါးနှင့် ရေပက်ဖျန်းလို့နူးညံ့သိမ်မွေ့စွာ ရေ ကစားကြရင်း မိုးပေါ်ကဆင်းလာတဲ့ သိကြားမင်းကို ကောင်းမွန်ပျော်ရွှင်စွာ ကြိုဆိုကြမယ်ဆိုရင် တောင်းသောဆုတွေ ပြည့်ဝပါလိမ့်မယ်လို့ ကျွန်မတော့ထင်ပါသည်။

သင်္ကြန်အခါတွင်းမှာဆင်းလာတဲ့ သိကြားမင်းကြီးကို မျက်စိတွေနောက်အောင်လုပ်ပါက ကျွန်မတို့မြန်မာပြည်သူပြည်သားတွေအတွက် ဘယ်လိုဆုတွေပေးရမှန်းမသိ ဖြစ်နေပါလိမ့်ဦးမည်။   သင်္ကြန်ကို သင်္ကြန်နှင့်တူအောင် အစဉ်အလာ မပျက်ပြုလုပ်ရမှာတော့ တစ်ဦးတစ်ယောက်တည်းနှင့်မဖြစ်နိုင်။ ဘယ်သူကဘယ်လိုတွေ ကောင်းရာကောင်းကြောင်း လုပ်လုပ်၊ ပျက်စီးဖို့အလုပ်တွေ၊ စည်းကမ်းပျက် မှုတွေ၊ လူမှုရေးကျင့်ဝတ်တွေလည်းပျက်နေမယ်။ ပျော်သင့်တာထက် ပိုပျော်နေကြမယ်ဆိုရင်ဖြင့် မသင့်လျော်ပါချေ။ ကြည့်လို့လည်းမကောင်း၊ ပျော်ဖို့လည်းမကောင်း မြန်မာ့ရိုးရာတွေ ပျက်စီးပြီး ပျောက် ကွယ် သွားမှာတော့ စိုးရိမ်မိပါသည်။ ဤသည်မှာကျွန်မတို့မြန်မာလူမျိုးတိုင်း၏ဆန္ဒမွန်ပါပဲ။

ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းမှ၊ ကိုယ့်မြန်မာ့စရိုက်ကို ကိုယ်ကျင့်သုံးမှ လူတိုင်းအတွက်ကောင်းမွန်ပြီး ဘယ်နေရာ သွားသွား၊ဘယ်နေရာနေနေ စိတ်ချလက်ချနှင့်ပျော်ရွှင်ပြီးစိတ်ချမ်းမြေ့ရပါ၏။ မြန်မြာ ပည်ကြီးအေးချမ်းပြီး မြန်မာပြည် သူပြည်သားတွေ တစ်သက်လုံးပျော်နေရမှ ကောင်းပါသည်။ တစ်သက်လုံး ပျော်ရွှင်လွတ်လပ်အေးချမ်းစွာနေရမည့် အချိန်နှင့် တစ်သက်လုံးရဲ့ပျော်ရွှင်လွတ်လပ်မှု ဆိုတဲ့အ ရာများကို အမှန်ကန်ဆုံး၊ အကောင်းဆုံးကျစေတဲ့ သမာသမတ် ချိန်ခွင်တိုင်ကြီးမှာ ချိတ်ဆွဲပြီး ကြည့်လိုက်ကြရအောင်။ အရာရာမှာ စဉ်းစားချိန်တွက်ပြီး လုပ်ရမည့်အချိန်တွေ၊ ခေတ်တွေရောက်နေပါပြီ။ ဒါကြောင့် ဘယ်သူတွေ ဘယ်လိုနည်းတွေနဲ့ပျက်စီးအောင် သွေးဆောင်နေပါစေ   မြန်မာဆို တဲ့အသိနဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ်ထိန်းရမှာပဲ။ ဒါဟာလူတိုင်းရဲ့တာဝန်ပါ။ ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက် အောင်ထိန်းရမှာပါ။

ကိုယ့်ကောင်းမှုအတွက် ကိုယ်လုပ်ရမှာပါ။ဥပမာ-မိဘတွေကတော့ ကိုယ့်သားသမီးကို ကောင်းတာပဲမြင်ချင်တယ်။ ဒါပေမဲ့ သားသမီးများက လိုက်နာပါမှ အားလုံးအတွက် အဆင်ပြေမှာဆိုတော့  အိမ်ထောင်တစ်ခုအဆင်ပြေချင်ရင်၊ အစဉ်ပျော်ရွှင်ချင်ရင်၊ အစဉ် စိတ်ချမ်းသာချင်ရင်၊ အစဉ်ကျန်းမာချင်တယ်ဆိုရင် အစားရော၊ အသွားရော၊ အဝတ် ရော၊အနေရော၊ ပြောဆိုဆက်ဆံမှုရော စိတ်တူသေ ဘာတူနှင့် ညီညွတ်ကြမှဖြစ်မှာပါ။ ဒါမှသာတစ်သက်လုံး ပျော်ရွှင် နိုင်ပြီး တကယ့်စိတ်ချမ်းသာမှုကို ရနိုင်မှာဖြစ်ပါတယ်။ တစ်ဦးချင်း၏ ကောင်းသောအကျင့်စရိုက်တွေ တူညီမှ ကျွန်မတို့ မြန်မာလူမျိုးများ အားလုံး ပိုင်ဆိုင်တဲ့ မြန်မာပြည်ကြီး မပူလောင်ဘဲ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။

ဒါ့ကြောင့် ရိုးရိုးလေးရေပက်ကစားရင်းမြန်မာ့ဂုဏ်ကိုဆောင်ပါ။  ရိုးရိုးလေးပျော်ကြရအောင်။ ကလေးရော လူကြီးပါ စိတ်ချမ်းသာစွာနှင့် မြန်မာပြည်၏ ဂုဏ်ကိုဆောင်နိုင်ကြပြီး မြန်မာပြည်က မိသားစုတွေ အားလုံး အေးအတူချမ်းသာ အမျှ နေနိုင်ကြရအောင် ရိုးရိုးလေးပဲပျော်ရွှင်ကြဖို့ ပြင်ဆင်ကြပါစို့လို့ စေတနာမေတ္တာဖြင့် တိုက်တွန်းလိုက်ရပါသည်။

¤        အေးမြသော သင်္ကြန်ရေ

          ဘဝတစ်ခုလုံး အေးချမ်းစေ။

¤        ကောင်းမှုတွေကို ပြုလုပ်ကြ

          သင်္ကြန်အခါ သမယ။

¤        မြန်မာ့သင်္ကြန် အတာရေ

          တန်ဖိုးရှိလှပါသလေ။

¤        အလှမှုတွေ မပျက်ဘဲ

          ကြည်သာအေးမြ လက်ချင်းတွဲ။

¤        အားလုံးရင်ထဲ ပျော်စရာ

          ပန်းနှင့်အပြိုင် မွှေးကြိုင်စွာ။

          တစ်သက်တာလုံး ခင်မင်ဖို့

          ရိုးရိုးလေးပဲပျော်ကြစို့။   ။  မန်းခင်ခင်

Read 74 times
Rate this item
(0 votes)