သင်္ကြန် အလှအပနှင့် အပူဒဏ် ခရမ်းလွန် ရောင်ခြည် အန္တရာယ်

မကြာမီရက်များအတွင်း မြန်မာ့ရိုးရာမဟာ သင်္ကြန်ကာလရောက်တော့မည်။ သင်္ကြန်ရုံးပိတ်ရက် များမှာ ခရီးရှည်ထွက် သင့်၊ မသင့်။  ကျန်းမာရေးနှင့် ညီညွတ်သော

သင်္ကြန်ရေပက်ခံထွက်ခြင်း ဆောင်ရန်၊ ရှောင်ရန်များ ရေးသားလိုက်ပါ သည်။ သင်္ကြန်ရက်များ  ဖြစ်သော ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆ နှင့် ၁၇ ရက်တို့သည် မြန်မာနိုင်ငံအတွက် အပူပြင်းဆုံး ကာလနှင့် ခရမ်းလွန် ရောင်ခြည်စိုးရိမ်ရအမှတ် အကျရောက်နိုင်ဆုံးရက်များ ဖြစ်နေပါသည်။ နေ့အပူချိန် ၄၂ ဒီဂရီစင် တီဂရိတ် ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်း ၁၂ ကျော်ရှိပါသည်။

သင်္ကြန်ကာလတွင် အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည် ဒဏ်မခံရစေဖို့   သင်္ကြန်ထွက်လည်သည့်အချိန်သည် နံနက် ၇ နာရီမှ ၁၁ နာရီ၊  ညနေ ၃ နာရီခွဲမှ   ၆ နာရီအထိ ဖြစ်သင့်ပါသည်။ နေပူထဲမထွက်ခင်၊ နေရောင်ခံခရင်မ် လိမ်းထား သင့်သည်။   နှစ်နာရီကြာ ပြီးတိုင်း တစ်ကြိမ်လိမ်းသင့်သည်။ သို့မဟုတ် သနပ်ခါး လိမ်းသင့်သည်။ မျက်စိကို ခရမ်းလွန် ရောင်ခြည် ၉၉ ရာခိုင်နှုန်းကာကွယ်နိုင်သော နေကာမျက်မှန်တပ်ဆင် ရမည်။ ဦးထုပ်၊ တဘက်၊ ခြုံလွှာ၊ အအုပ် အဆောင်းပါရမည်။ ချည်ထည်အဝတ်အစား ပွပွချောင်ချောင်ဝတ်သင့်သည်။ ရေထိုးပက်သည့်ဒဏ်၊ မီးသတ်ပိုက်ဒဏ် ခံနိုင်ရန်မျက်စိ၊ နား၊ နှာခေါင်းလုံခြုံရေး ဂရုစိုက်ရမည်။ အမြဲ ရေစိုနေ၍ နေ့လယ်ခေတ္တနားချိန်တွင် စိုသောအဝတ် အစားလဲလှယ်ဝတ်ကာ နေလှန်းထားသင့်သည်။ ညနေ ဘက်ထွက်လျှင် ပြန်လဲလှယ်ဝတ်ဆင်နိုင်သည်။

ညနေ ၃ နာရီ ရေပက်ခံထွက်ခြင်း သို့မဟုတ် မဏ္ဍပ် မှာရေကစားခြင်းမပြုမီ နေရောင်ခံခရင်မ်ပေါ်မှာ မိတ်ကပ် ထပ်လိမ်းသင့်သည်။ သို့မဟုတ် သနပ်ခါးလိမ်းသင့်သည်။ ရေခဲရေနှင့် ရေဆော့ကစားခြင်းမပြုသင့်ပါ။ အပူနှင့် အအေးမျှတအောင် ရေစိုအဝတ်များလဲလှယ်ဝတ်ဆင် သင့်သည်။ အရက်၊ ဘီယာမသောက်သင့်ပါ။ အရက်နှင့် ဘီယာသည် သွေးကိုကြွ စေပြီး မမှားသင့်သောအမှား များကျူးလွန်တတ်၊ ခံရတတ်သညိ။ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ကို အချိန်တိုအတွင်းညစ်နွမ်းစေသဖြင့် ရေများများ သောက်၍ ဆီးမကြာခဏ သွားပေးသင့်သည်။

ရေပက်ခံထွက်သူတိုင်း သတိထားသင့်သည်မှာ အသင့်အမြန် စားအစာများ၊ ဆင်းဒဝစ်၊ ပီဇာ၊ ဟမ်ဘာဂါ၊ အာလူး ချောင်း ကြော် တို့သည် ဆီအုန်း၊ ဝက်ဆီ၊ အကြော်ခံဆီနှင့်စီစဉ်ထားသဖြင့် သွေးအတွင်းကိုလက်စထရော တက်စေ၊ ဝစေသောကြောင့် မစားသင့်ပါ။ အိမ်ကစီမံပြီး ယူဆောင်သော အစားအသောက်များသာ စားသင့်ပါသည်။ သင်္ကြန်ကာလတွင် စားသောက်ဆိုင်ကြီးများပိတ် ထားတတ်ပြီး ခါတော်မီလမ်းဘေးဆိုင်များပေါ်လာပါသည်။ ယင်နားစာ၊ ဓာတုဆိုးဆေး၊ ရောဂါပိုးတို့နှင့် မကင်းသောလမ်းဘေးအစာများ မစားသင့်ပါ။  

ရေပက်ခံထွက်သည့်အခါ ယာဉ်နှင့် ယာဉ်မောင်း ကြံ့ခိုင်မှု ရှိရမည်။  အရက်သောက်ထားသူ မဖြစ်သင့်ပါ။ ယာဉ်အောက် ပိုင်း ကြံ့ခိုင်မှု ရှိရမည်။ မဏ္ဍပ်အတွင်း ရေ ပက်နေလျှင်လည်း အရေးပေါ်ထွက်ပေါက်နှင့် နီးသော နေရာမှာယူသင့်သည်။ ခိုက်ရန်ဖြစ်ပွားမှု၊ အန္တရာယ် တစ်ခုခုကြုံခဲ့လျှင် အမြန်ဆုံးထွက်နိုင်ရမည်။

အပူဒဏ်ကြောင့်ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ  ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုများပါသည်။ ယင်းဆုံးရှုံး မှုများ  ကြောင့် မိတ်နှင့် ယားဖုများထွက်ခြင်း၊ အသား အရေ နေလောင်နီမြန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီးကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်း၊ အသက်အန္တရာယ်ရှိသည်။ အပူဒဏ်ကြောင့် မလိုလားအပ်သောအကျိုးဆက် များမဖြစ်ပေါ်စေရန် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်စသည်တို့တွင် ရေချိုးခြင်းမှ ရှော 3eb5 င်ကြဉ်၍ အရိပ်ရအေးမြ သောနေရာ၊  အမိုးအကာ အောက်မှာ နေသင့်သည်။

နေပူထဲတွင် ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှု မပြုလုပ်သင့်ပါ။   အရက်၊  ဘီယာသောက်ခြင်းသည် အပူဒဏ် အန္တရာယ် ကိုဖြစ်ပေါ် လွယ်စေခြင်း၊ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ညစ်နွမ်းစေသဖြင့် မသောက်သင့်ပါ။ ရေများများ သောက်ရမည်။  နေ့ခင်းအပြင်ထွက်သည့် အခါတိုင်း အရိပ်လုံလောက်စွာရရှိနိုင်သည့် ဦးထုပ်၊ အဆောင်းအကာရှိ သင့်သည်။ အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ်   အရောင်ဖျော့ဖျော့ အဝတ်အထည်များ ဝတ်ဆင်သင့် ပါသည်။ လေဝင် လေထွက် ကောင်းစေသော ပွပွချောင်ချောင် ချည်ထည်များ  ဝတ်ဆင်သင့်ပါသည်။ ချွေးထွက် လွန်ပါက ကိုယ်တွင်းရှိ  ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည် သောက်သင့်သည်။   ဓာတ်ဆားထုပ် အသင့်ဖျော်နိုင်ရန် ဆောင်သွားသင့်ပါသည်။ ကိုယ်အပူ ချိန်တက်ပါက ရေအေးဖတ်နိုင်နိုင် တိုက်သင့်ပါ သည်၊ လေအေးစက်အခန်းမှာထားသင့်သည်။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊  သွေးတိုးရောဂါ အခံရှိသူများ၊  ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍လေဝင်လေထွက်ကောင်းသော နေရာမျိုး၌ နားသင့်သည်။ မိတ်ဖု၊ ယားနာထွက်ခြင်း၊  နေရောင်ကြောင့်အဖုအပိမ့်ထွက်ပါက ရေအေးဖတ် တင်ခြင်း၊  သနပ်ခါး လိမ်းခြင်း၊  Canadry ဆေးရည် လိမ်းပေးခြင်းတို့  ပြုလုပ်ပေးနိုင်ပါသည်။  အပူဒဏ်ကြောင့် ပင်ပန်းနွမ်း နယ်ခြင်း၊ ကိုယ်အပူချိန် တက်ခြင်း တို့မဖြစ်အောင် အရိပ်ထဲနေရမည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊  ကိုယ်အပူ ချိန် တက်ခြင်း၊ သတိလစ်ခြင်းနှင့်  အတက်ရောဂါဖြစ်လျှင်  ဆေးရုံအရောက် နောက်ကျပါက  အသက်ဆုံး ရှုံး နိုင် သဖြင့် ဆေးရုံသို့ အမြန်ဆုံးပြသသင့်ပါသည်။

နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ကို သဘာဝအားဖြင့် အိုဇုန်းလွှာက ကာရံထားသည်။ လူတို့နှင့်ကပ်ရပ် ကထရိုပို စပီးယား ပြီးလျှင် စထရာတိုစပီးယား၊ နောက် အိုဇုန်းလွှာအိုင်ယွန်နိုစပီးယားဆိုပြီး    ကာရံထားရာ တောမီး လောင်ခြင်း၊ စက်ရုံ အလုပ်ရုံ၊ ယာဉ်များမှရုပ်ကြွင်း လောင်စာများလောင်ကျွမ်းမှု၊ လူတို့မဆင်မခြင်အသုံးများသည့် လေအေးစက်၊ ရေခဲသေတ္တာ၊ လက်သည်းဆိုး ဆေး၊ ဖျက်မင်နှင့် ရင်ကျပ်ရှူဆေးတို့မှ Chlorofleuro Carbon များ လေထုထဲ ထုတ်လွှတ်ရာမှ ပေါ့ပေါ့ပါးပါး အထက်သို့တက်ပြီး အိုဇုန်းလွှာပေါက်ပြဲစေသည်။ အိုဇုန်း လွှာပေါက်ပြဲလျှင် နေရောင်ခြည် မှ ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေပေါ်ကို တိုက်ရိုက်ကျစေသည်။

ခရမ်းလွန်ရောင်ခြည်အမှတ်သည် ညဘက်တွင် သုည ဖြစ်ပြီင်္း နေပူပြင်းထန်သော သင်္ကြန်ရက် နေ့လယ်ဘက်တွင် အညွှန်း ကိန်း ၁၂ မှ ၁၄ ထိရှိနိုင်ပါသည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား နေလောင်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အရေပြား ညိုမည်း စွဲခြင်း၊ ယားနာပေါက်ခြင်း၊ အရေပြားအနာ၊ အရေပြားကင်ဆာဖြစ်ခြင်း၊ သက်ကြီးရေတိမ်(Cataract) မျက်စိတွင်ဖြစ်ခြင်း၊ ပါးရေနားရေတွန့်ခြင်း၊ အရေပြား ထူကာ ကြမ်းပြီးတွန့်ခေါက်ခြင်း၊ အနာဖြစ်ခြင်း၊ အိုမင်း ရင့်ရော်ပုံဖြစ်ပေါ်ခြင်း ဖြစ်စေသည်။

ဖန်လုံအိမ်အာနိသင်ကြောင့် ကမ္ဘာကြီးပူနွေးလာသလို အခြားတစ်ဖက်မှာ ပတ်ဝန်းကျင်ဂေဟစနစ်ပြောင်းလဲ လာကာ လူတွေမဆင်မခြင်စွန့်ပစ်သည့်အညစ်အကြေးများ၊  တောမီးလောင်ခြင်း၊  မီးတောင်ပေါက်ကွဲခြင်း၊  ကြွပ်ကြွပ်အိတ် မီးရှို့ ခြင်း၊ လေအေးစက်၊ ရေခဲသေတ္တာ၊  ဖျက်မင်တို့မှာ CFC-Chlorofl euro Carbon ဓာတ်ငွေ့တွေ ကောင်းကင်ထဲ ပျံ့လွင့်ပြီး အိုဇုန်းလွှာ ပေါက်ပြဲကာ နေကတစ်ဆင့် ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျရောက်မှု ပိုများ နေလို့ လူတွေ ခရမ်းလွန် ရောင်ခြည်သင့်ခြင်း ခံကြရပါသည်။

အနှစ်ချုပ်အားဖြင့်ဆိုရသော် ခရမ်းလွန်ရောင်ခြည် သင့်ခြင်းမခံစေလိုပါက နေရောင်ရှောင်ရန် လိုအပ်ပါသည်။  သင်္ကြန် ကာလ ရေကစားထွက်လျှင်  အအုပ်အဆောင်း အကာ ဆောင်ထားရန် မဖြစ်မနေလိုအပ်ပါသည်။ ခရမ်းလွန် ရောင်ခြည်ကို  ၉၉ ရာခိုင်နှုန်းကာကွယ် နိုင်သော နေကာမျက်မှန်တပ်ဆင်ရမည်။   အဝတ် အထည်ချည်ထည် ပွပွချောင် ချောင်  အရောင်ဖျော့ဖျော့ ဝတ်ဆင်ရမည်။ သင်္ကြန်ကာလ အပူဒဏ်နှင့် ခရမ်းလွန် ရောင်ခြည်သင့်ခံရမှုမှကင်းစေလိုလျှင် မိမိကိုယ်တွင် စနစ်တကျပြင်ဆင်စီမံထားသော အဝတ်အထည် ဝတ်ဆင်ခြင်း၊ သတ်မှတ်ထားသောအချိန်များတွင်သာ ရေကစားခြင်း၊ သွားလာလည်ပတ်ခြင်းများ ပြုလုပ်သင့်ပါသည်။ နှစ်သစ်ကူးအတာသင်္ကြန်တွင် အားလုံးပျော် ရွှင် နိုင်ကြ ပါစေ။   ။

ဒေါက်တာ-လွင်သန့်

Read 158 times
Rate this item
(0 votes)