BreakingNews
မိုး ထစ်ချုန်း ရွာမည် - Tuesday, 02 May 2017 12:36
ဧပြီ ၂၃ ရက် ည ယှဉ် ပြိုင် သည့် ဘော လုံး ပွဲ ရလဒ်များ - Monday, 24 April 2017 14:39
    

မန်ချက်စတာ    မေ     ၂၃

ယမန်နေ့ညက မန်ချက်စတာအရီနာရှိ ပေါ့ပ်ဂီတဖျော်ဖြေပွဲ၌ ဗုံးပေါက်ကွဲသဖြင့်

လန်ဒန်   မေ   ၂၃

ချယ်လ်ဆီးအသင်းကို ပထမဆုံးကိုင်တွယ်သည့်ရာသီမှာပင် ပရီးမီးယား လိဂ်ချန်ပီ ယံဆုရ

မက်ဒရစ်     မေ     ၂၃

အက်သလက်တီကိုအသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ရာသီ သစ်တွင် မန် ယူ

ရိုးမားအသင်းနည်းပြ စပယ်လက်တီက အသင်းမှဝါရင့်တိုက်စစ်မှူး တော့တီသည်  ယခုရာ သီကုန်တွင် ကစားသမားဘဝမှ

ရန်ကုန်   မေ   ၂၃

အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲ များယှဉ်ပြိုင်ရန်ရှိနေသည့်   မြန်မာ့လက်

ရန်ကုန်   မေ    ၂၃

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိ စေရန်  

ရန်ကုန်   မေ    ၂၃

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိ စေရန်  

မေ ၂၄ ရက်ညမှာ ဥရောပရဲ့ ဒုတိယအဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့   ယူရိုပါလိဂ်ဗိုလ်လုပွဲကို  ဆွီ

ယူရိုပါလိဂ်ပြိုင်ပွဲဆိုတာ အရင်က ယူအီးအက်ဖ် အေဖလားအမည်နဲ့ ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး ၁၉၇၁ခုနှစ်က

ယူရိုပါလိဂ်ပြိုင်ပွဲဆိုတာ အရင်က ယူအီးအက်ဖ် အေဖလားအမည်နဲ့ ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး ၁၉၇၁ခုနှစ်က

Friday, 19 May 2017 18:50

အသင်းပိုင်ရှင်သစ်ရဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် ဂရန်နာဒါ ရှုံးပွဲတွေ့သွားနိုင် သောကြာနေ့ည စ ပိန်လာ လီဂါ ပွဲစဉ် (၃ ) ပွဲကြိုသုံးသပ်ချက်

Written by 
Rate this item
(0 votes)

ဘောလုံးလောကမှာ ပေါ့ဇိုမိသားစုဆိုရင် မသိသူ မရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီမိသားစုက ပရီးမီးယားလိဂ်က

ဝက်ဖို့ဒ်နဲ့စီးရီးအေက အူဒီးနိစ်အသင်း တွေကိုပိုင်ဆိုင်သလို လာလီဂါကလပ် ဂရန်နာဒါကိုလည်း လွန်ခဲ့တဲ့ခြောက်နှစ်ကစလို့ ဝယ်ယူပိုင် ဆိုင်နိုင် ခဲ့ပါတယ်။ ဂရန်နာဒါက  ဒီခြောက်နှစ်အတွင်းမှာ ပေါ့ဇိုမိသားစုရဲ့ ကစားသမား ကင်းထောက် ကွန်ရက်ဖြန့်ကြက်မှုနဲ့အတူ အူဒီးနိစ်နဲ့  ဝက်ဖို့ဒ်က သူတို့ပိုင်ကစားသမားတွေကို အငှားစနစ် နဲ့ခေါ်ယူပြီး နည်းနည်းနဲ့ကျဲကျဲဝိုင်းနိုင်ခဲ့တာ ကြောင့် ငါးနှစ်စလုံး လာလီဂါမှာ ရှင် သန်ရပ် တည်နိုင်ခဲ့ပါတယ်။

၂ဝ၁၁-၂ဝ၁၂ ရာသီမှာ ဂရန်နာဒါက  ၁၉၇ဝ ပြည့်နှစ်လွန်ကာလနောက်ပိုင်း ပထမဆုံးအကြိမ် စပိန်လာလီဂါကို  ပြန်တက်လာနိုင်ပါတယ်။  အဲဒီရာသီမှာ အဆင့် (၁၇)၊  နောက် ပိုင်း ရာ သီတွေမှာတော့ အဆင့် (၁၅) မှ အဆင့် (၁၇) အတွင်းရပ်တည်နိုင်လို့ လာလီဂါ မှာ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဂရန်နာဒါက ပိုင်ရှင်သစ် တရုတ်စီးပွားရေးလုပ်ငန်းရှင် ဂျီယန်းလစ်ဇ်ဟန်းလက်ထက် စရောက်တဲ့နှစ်မှာပဲ ပွဲစဉ် (၃၇) အပြီး အဆင့် (၂ဝ) နေရာရောက်နေရပြီး ရာသီ သိမ်းဖို့ သုံးပွဲအလိုမှာကတည်းက တန်း ဆင်းသွားရတဲ့ အဖြစ် ရောက်ခဲ့ပါတယ်။

ဂျီယန်းလစ်ဇ်ဟန်းက ပေါ့ဇိုလက်ထက်ကလို အသင်း ကို အကောင်းဆုံး စီမံခန့် ခွဲနိုင် ခဲ့ခြင်းမရှိဘဲ အသင်းမှာ တကယ့်  ဂရန်နာဒါအသင်းပိုင်  စီနီယာကစားသမား၁၂  ဦးသာရှိခဲ့ပြီးကျန်တာက  အရန်အသင်းက ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ပေါင်းစပ် ပြီး  တစ်ရာသီလုံး ကစားခဲ့ တာဖြစ်လို့ ဒီရာသီမှာ အိုဆာ ဆူနာပြီးရင် ဒုတိယမြောက် တန်း ဆင်း ရတဲ့အသင်းဖြစ် ခဲ့ပါတယ်။

လက်ရှိမှာ အိုဆာဆူနာက ဂရန်နာဒါထက် နှစ်မှတ် အသာရတဲ့အနေအထား ရောက်ရှိ သွား ရပြီဖြစ်ပါတယ်။ ဂရန်နာဒါက  ဒီရာသီမှာ  နာမည်ကြီးနည်းပြ  ပါကို ဂျီမီးနက်ဇ်ကို  ခန့်အပ် တာ ဝန်ပေးခဲ့ပေမယ့်  ရှိတဲ့ ကစားသမားအင်အားက လာလီဂါအဆင့်အတန်းကို လုံးဝလိုက် မမီ တာကြောင့် တန်းပြန်ဆင်းသွားရတာဖြစ် ပါတယ်။

ဂရန်နာဒါအသင်းပိုင်ရှင်က သူနဲ့ရင်းနှီးတဲ့ အာဆင် နယ်နဲ့ အင်္ဂလန်ခံစစ်မှူးဟောင်း တိုနီ အဒမ် ကို ဧပြီ ၁ဝ ရက်က နည်းပြပါ ကိုဂျီမီးနက်ဇ်နေရာမှာ အစားထိုးခဲ့ပေမယ့်   တိုနီအဒမ်က   စပိန် စကားလည်းမတတ်၊  ဂရန်နာဒါအသင်းရဲ့ ကစား သမားအင် အားကလည်း လုံလောက်တဲ့ အနေအ ထားရောက်ဖို့တောင် အများကြီး လိုနေခဲ့တာကြောင့် အဒမ်လက်ထက် လာလီ ဂါခြောက် ပွဲစလုံးရှုံးပြီး ပေးဂိုး ၁၆ ဂိုးနဲ့ သွင်းဂိုးနှစ်ဂိုးသာ သွင်း နိုင်ခဲ့ပါတယ်။ ဂရန်နာဒါက ဒီရာ သီ ပွဲစဉ် (၃၇) ကစား အပြီး ၂၅ ပွဲရှုံး၊ ရှစ်ပွဲသရေနဲ့ လေးပွဲသာ အနိုင်ရခဲ့တဲ့ အတွက်  ရှုံးပွဲအများဆုံးအသင်း၊  သွင်းဂိုးအနည်းဆုံး အသင်း (၂၉ ဂိုး) အဖြစ်နဲ့ ဆီဂန်ဒါလိဂ်ကို ဆင်းသွား ရတာဖြစ်ပါတယ်။

အက်စ်ပန်ညိုအသင်းကတော့ ပွဲစဉ် (၃၇) ကစားအပြီး အဆင့် (၁ဝ) နေရာမှာရပ် တည် နေပါတယ်။ ရာသီ နှောင်းပိုင်းရလဒ်တွေ ကျဆင်း သွားရတဲ့ အတွက် ဥရောပ ဝင်ခွင့်ရနိုင်ဖို့ ၁ဝ မှတ်လိုသွားတဲ့အနေအထားကြောင့် နောက်ရာသီမှသာ ဥရောပပြိုင်ပွဲ ဝင်ခွင့် အတွက် ထပ်မံ ကြိုးစားရတော့မယ့်အသင်းဖြစ်နေပါပြီ။

  တစ်ခုရှိတာ ကတော့ အက်စ် ပန်ညိုက ဒီရာသီ အဝေးကွင်းရလဒ် ပိုင်း သိပ်စိတ် မချရ တာပဲဖြစ်ပါတယ်။ ၁၈ ပွဲကစားခဲ့ရာ မှာ ခြောက်ပွဲနိုင်၊ ခြောက်ပွဲသရေနဲ့ ခြောက်ပွဲရှုံးပြီး သွင်းဂိုး ၁၉ ဂိုး၊ ပေးဂိုး ၂၅ ဂိုးရှိခဲ့တာကြောင့် နိုင်မှ အားပေးရကျိုးနပ်မယ့် အက်စ် ပန်ညိုကိုရွေးချယ်ဖို့ လက် ရွံ့လှပါတယ်။ ဒါပေမဲ့ ဂရန်နာဒါရဲ့ လက်ရှိအခြေ အနေအရ အက်စ် ပန်ညို ကိုပဲ အားပေးရမှာပါ။

Read 26 times Last modified on Friday, 19 May 2017 18:53

အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း နှစ်ပတ်လည်နေ့

မြန်မာ အားကစားအဖွဲ့ အိုလံပစ် ပြိုင်ပွဲဝင်ရန်

ရန်ကုန်   သြဂုတ်  ၂

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့၌

Read more

အိုလံပစ် ဖွင့်ပွဲတွင် ဂျိမ်းစ်ဘွန်း မင်းသမီး

ရီယိုဒီဂျနေးရိုး သြဂုတ် ၎

နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်

Read more

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်)

ရန်ကုန်  ဇန်နဝါရီ   ၁၄

မြန်မာ့ရိုးရာ လက်ဝှေ့ကျော်

Read more

အိုလံပစ် သမိုင်းတွင် ဗြိတိန်အတွက် ဒိုင်ဗင်မှ

ရီယိုဒီဂျနေးရိုး   သြဂုတ်  ၁၁

သြဂုတ် ၁၁ ရက်တွင်

Read more

ယူ-၁၄ နည်းပြချုပ် အဲရစ်ဝီလျံကို တစ်နှစ်နှစ်လရှိ

ရန်ကုန်  သြဂုတ်  ၁၆

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

Read more

စီရော်နယ်ဒို လာလီဂါ ခြောက်ရာသီဆက် ဂိုး ၃ဝ

မက်ဒရစ် ဧပြီ ၁ဝ

ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုသည်

Read more

မန်ယူအသင်း ကောင်းသည်ထက် ပိုကောင်းလာမည်ဟု

မန်ချက်စတာ သြဂုတ် ၂ဝ

မန်ယူအသင်းသည် စနေနေ့နံနက်တွင်

Read more

အဖိုးတန် အနိုင်ဂိုး သွင်းသော်လည်း ရက်ရှ်ဖို့ဒ်

မန်ချက်စတာ   သြဂုတ်  ၂၈

မန်ယူအသင်းသည် ပြီးခဲ့သည့် စနေနေ့ညက

Read more

ဗိုလ်လုပွဲ၌ ကက်တလန် အလံလွှင့်ထူရန် တောင်းဆိုမှု

ဘာစီလိုနာ မေ ၂၁

ယနေ့ည ယှဉ်ပြိုင်ကစားမည့် စပိန်ဘုရင့်

Read more

အိုလံပစ် ဒိုင်ဗင်ပစ် ပြိုင်ပွဲတွင် ဗြိတိန်မှ

ရီယိုဒီဂျနေးရိုး  သြဂုတ်   ၉

ယနေ့ ယှဉ်ပြိုင် ကစားခဲ့သည့်

Read more

ရီယိုအိုလံပစ် ပြိုင်ပွဲအတွက် အသင့် ဖြစ်နေမည်ဟု

မန်နာကော်  ဇူလိုင်   ၂၁

၂ဝဝ၈ ပေကျင်း အိုလံပစ်

Read more

ဘိုင်ယန်မြူးနစ်နှင့် စာချုပ်မချုပ်ဆိုမီ

မြူးနစ်  ဇန်နဝါရီ ၇

ဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်

Read more

ပြင်သစ် ခံစစ်မှူး အမ်မတ်တီကို ဘာစီလိုနာ ငါးနှစ်

ဘာစီလိုနာ   ဇူလိုင်   ၁၃

ဘာစီလိုနာ အသင်းသည် ပြီးခဲ့သည့်

Read more

မန်ယူနှင့် အနာဂတ်အကြောင်း မေးမြန်းစဉ် မော်ရင်ဟို

မန်ချက်စတာ  မေ  ၁၂

ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုသည်

Read more