ညောင်ပင်

ညောင်ပင်

Friday, 21 April 2017 19:32

ဆိပ်ဖြူ   ဧပြီ   ၂ဝ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၏ ခွင့်ပြုထောက်ပံ့ငွေ ၂၅၅ ဒသမ ၆၄ သိန်းဖြင့် ရပ်ကွက်ရှိလမ်းများတွင် 84 W LED မီးများကို ဧပြီဒုတိယပတ်တွင် တပ်ဆင်ပေးသည်။ ထိုသို့တပ်ဆင်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဆန်းအောင်၊ ဒေါ်သက်မွန်အေးတို့က ကြီးကြပ်၍ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာဦးစန်းဦးနှင့် ဝန် ထမ်းများက ဆောင်ရွက်ပေးသည်။

Friday, 21 April 2017 19:29

ပြင်ဦးလွင်  ဧပြီ  ၂ဝ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ညံကွဲ အောင်ရတနာဓမ္မာရုံ၌ တောင်သူလယ်သမားများ သိ သင့်သိထိုက်သည့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပသည်။

Friday, 21 April 2017 19:26

ရန်ကုန်  ဧပြီ  ၂ဝ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု ယခင်ကထက် မြင့်တက်လာစေရန်ရည်ရွယ်၍ ယခုနှစ် မေ ၁၅ ရက်တွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များတွေ့ဆုံကာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Friday, 21 April 2017 19:23

ရန်ကုန်  ဧပြီ  ၂ဝ

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် စင်ကာပူအစိုးရကျောင်းများ၌ လေးနှစ်ကြာပညာသင်ကြားခွင့်ရနိုင်မည့် အာဆီယံ ပညာသင်ဆုကို မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ဧပြီ ၂၁ ရက်မှ  ၂၆  ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

Friday, 21 April 2017 19:17

Google Home ကို လက်ရှိအချိန်တွင် ဗြိတိန်နှင့် အမေရိကန်တို့၌ အသုံးပြုနိုင်ကာ အင်္ဂလိပ်ဘာသာစကားဖြင့်သာ ရရှိနိုင်သေးပြီး တခြားဘာသာစကားများဖြင့် မရရှိနိုင်သေးကြောင်း၊ သို့သော် တခြားဘာသာစကားများဖြင့် အသုံးပြု နိုင်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း သိရသည်။

Friday, 21 April 2017 19:13

Xiaomi Mi 6 စမတ်ဖုန်း၏ စွမ်းဆောင်ရည်များအတွက် နောက်ဆုံးပေါ် chipset ဖြစ်သည့် Snapdragon 835 ကို ထည့်သွင်းပေးထားပြီး ယခုနောက်ပိုင်းထွက်ရှိလာသည့် စမတ်ဖုန်းများနည်းတူ နောက်ဘက်၌ ကင်မရာနှစ်လုံး တပ် ဆင်ပေးထားသည်။

Friday, 21 April 2017 19:03

Android ဖုန်းများအတွက် Instagram Application ကို အင်တာနက်မရရှိသည့် အချိန်တွင်လည်း ဆက်လက်အသုံး ပြုနိုင်ကြောင်း ဆန်ဟိုဆေးမြို့၌ ပြုလုပ်သည့် Facebook ၏ နှစ်ပတ်လည်ညီလာခံတွင်  တရားဝင်ထုတ်ဖော်ပြော လိုက်ပြီဖြစ်သည်။

Friday, 21 April 2017 18:56

ပဲခူး    ဧပြီ   ၂ဝ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ကလျာဏီရပ်ကွက် အောင်သုခလမ်း၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွား သောနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ကျင်းပ သည်။