ညောင်ပင်

ညောင်ပင်

Saturday, 22 April 2017 17:11

ရန်ကုန်   ဧပြီ   ၂၁

ယခုနှစ်တွင် တရုတ်နိုင်ငံမှ ကုန်သည်များက မြန်မာနိုင်ငံထွက် စိန်တစ်လုံးသရက်သီးကို နယ်စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် ဈေးကောင်းပေးပြီး ယခင်နှစ်က ဝယ်ယူခဲ့သောပမာဏထက် ပိုမိုဝယ် ယူနေခြင်းကြောင့် ပြည်တွင်းရှိ စိန်တစ် လုံးသရက်စိုက်ပျိုးသူများ  တွက်ခြေကိုက် အဆင်ပြေနေကြောင်း သိရသည်။

Saturday, 22 April 2017 17:08

ဆီးရီးယား၌ဖြစ်ပွားသည့် ဓာတုအဆိပ်ငွေ့ဖြင့်  တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍မတူကွဲပြားသည့် သဘောထားများထွက်ပေါ် လျက်ရှိနေစဉ် ယင်းတိုက်ခိုက်မှုသည်မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည် ကို ဖော်ထုတ်နိုင်ရန် ဘက်လိုက်မှု မရှိသည့် သီးခြားလွတ်လပ်သော အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်သင့်သည်ဟု သုံးသပ်သူတချို့ကဆိုသည်။

Saturday, 22 April 2017 16:55

ရေဖြူ  ဧပြီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့်သုံး သပ်ဆွေးနွေးပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အောင်သာဝတီခန်းမ၌ ကျင်းပသည်။

Saturday, 22 April 2017 16:51

မြိတ်  ဧပြီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒူးရင်းသီးများလှိုင်လှိုင်ပေါ်ပြီး ဝယ်ယူစားသုံးသူများနေခြင်းကြောင့် အရောင်း သွက်လျက်ရှိကြောင်း သိရသည်။

Saturday, 22 April 2017 16:49

ကော့သောင်း ဧပြီ ၂၁

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်းတို့သည် ကော့သောင်းမြို့ ရွှေပြည် သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ ညပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

Saturday, 22 April 2017 16:45

နယူးဒေလီ     ဧပြီ     ၂၁

မဟာဗျူဟာမြောက် စစ်စခန်းများကိုဖြန့် ကြက်သည့်အနေဖြင့် တရုတ်နိုင်ငံနှင့်နယ်စပ် ဖြစ်သည့် အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်ရှိ နယ်စပ်အမှန်တကယ် ထိန်းချုပ်ရေးမျဉ်း (LAC) အနီး၌ အဆင့်မြင့်စစ် ဘက်လေယာဉ်ကွင်းများ တည် ဆောက်သွားရန် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏လက်အောက်ရှိ သက်ဆိုင်ရာဌာနများကို ညွှန်ကြားထား ကြောင်း သိရသည်။

Saturday, 22 April 2017 16:39

ပဲရစ်   ဧပြီ   ၂၁

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ရှိ လူစည်ကားရာလမ်းမကြီးတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း အာဏာပိုင်များက ပြောသည်။

Saturday, 22 April 2017 16:37

ဆိုးလ်   ဧပြီ   ၂၁

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲအတွက် ကိုရီးယားလစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ သမ္မတကိုယ်စားလှယ် လောင်း မွန်ဂျေးအင်သည် မဲပေးဖွယ်အလားအလာရှိသည့် ပြည်သူ ၄၁ ရာခိုင်နှုန်း ၏ထောက်ခံမှုဖြင့် ထိပ်ဆုံးမှ ဦး ဆောင်လျက်ရှိကြောင်း နောက်ဆုံးပြုလုပ်သည့် လူထုစစ်တမ်းတစ်ခုအရ သိရသည်။