ညောင်ပင်

ညောင်ပင်

Saturday, 22 April 2017 17:56

ပေါင် ဧပြီ  ၂၁

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်းရပ်ကွက်မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းကျောင်း၌ မွန်စာပေသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများကို မွန်ဘာသာစကားအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် မှတ်ဥာဏ်အား ကောင်းလာစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။

Saturday, 22 April 2017 17:50

ကျွန်တော်တို့ငယ်စဉ် တောမြို့လေးတွင် စက်ဘီးအစီးများကြသည်။ ထိုစဉ်က ယနေ့ခေတ်လို တရုတ်စက်ဘီးတွေ၊ ထိုင်းစက်ဘီးတွေ ပေါပေါများများမဝင်သေး၍ ကျွန်တော်တို့အသိများသော အမျိုးအစားမှာ နှစ်မျိုးတည်းရှိသည်။ တစ်မျိုးသည် 'ရလေး'ဖြစ်ပြီး နောက်တစ်မျိုးသည် 'ဟမ်းဘား'ဖြစ်သည်။ 'ရလေး'၏ စာလုံးပေါင်းသည်  'Raleigh' ဖြစ်မှန်း ကျွန်တော်တို့သိသည်။ အားလုံး 'ရလေး'ခေါ်၍ ကျွန်တော်တို့ 'ရလေး'ခေါ်သည်။ အသံထွက် အမှန်ကို မည်သူ့ ဆီကမှ မကြားရဖူးခြင်းသည် အတော်ထူးဆန်းသော ကိစ္စဖြစ်သည်။ ဤစက်ဘီး၏အမည်မှန်သည် အင်္ဂလိပ်လို 'ရား လီ' ဖြစ်ပြီး အမေရိကန်လို 'ရောလီ' ဆိုသည်ကို တော်တော်အသက်ကြီးမှ သိရသည်။

Saturday, 22 April 2017 17:26

နေပြည်တော်  ဧပြီ  ၂၁

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဒိုက်ဦးမြို့နယ် ဘောနီအမြန်လမ်းမကြီးရဲစခန်းအပိုင်၌ ယနေ့ နံနက် ၅ နာရီခွဲတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မဆင်မခြင်မောင်းနှင်မှုကြောင့် လမ်းလယ်ကပ်တုံး များကို ဝင်ရောက်တိုက်မိမှုဖြစ်ပွား ကြောင်း သိရသည်။

Saturday, 22 April 2017 17:23

သိန်းနီ  ဧပြီ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ-ကွတ်ခိုင်မြို့အထွက် အိုရီယမ်တယ်တိုးဂိတ်၌ ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ယာဉ်တစ်စီးပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ သိမ်း ဆည်းရမိကြောင်း သိရသည်။

Saturday, 22 April 2017 17:20

ဗန်းမော်  ဧပြီ  ၂၁

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ယမန်နေ့ညနေ ၃ နာရီက နေအိမ်ခြံဝင်းအုတ်တိုင်ဟောင်း ပြိုလဲ၍ ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

Saturday, 22 April 2017 17:18

ဖယ်ခုံ  ဧပြီ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့ဟိန်ဓမ္မရပ်ကွက်၌ ယမန်နေ့ နံနက် ၁၁ နာရီက သံဘူးအတွင်းမှ စိတ်ကြွ ဆေး ပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

Saturday, 22 April 2017 17:14

နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော် ဘူတာကြီး သွားကားလမ်း မင်္ဂလာဈေးအနီး ရွာတော်လမ်းဆုံရှိမီးပွိုင့်မှာ မီးအချက်ပြစနစ် ပျက်နေပါသည်။