ညောင်ပင်

ညောင်ပင်

Saturday, 22 April 2017 18:43

ဒေါ့မွန်   ဧပြီ    ၂၁

ဂျာမန်သတင်းစာ ဘိုင်းလ်၏ ဖော်ပြမှုအရ ဧပြီ ၁၁ ရက်တွင် မိုနာကိုနှင့် ချန်ပီယံလိဂ်အိမ်ကွင်း ပထမအကျော့ ပွဲကစား ရန်ဟိုတယ်မှ ကစားကွင်းသို့ အလာဒေါ့မွန်အသင်းသားများလိုက်ပါလာသော ဘတ်စ်ကားအနီး ဗုံးများ ဆက်တိုက်   ပေါက်ကွဲခြင်းအတွက် အဓိကတရားခံမှာ အသင်းရှယ်ယာများကို ဈေးကွက်တွင်ကစားပြီး အမြတ်ပေါင် သုံးသန်းကျော် ရရှိရန်  ကြံစည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Saturday, 22 April 2017 18:40

လန်ဒန်  ဧပြီ   ၂၁

နောက်ဆုံး ပရီးမီးယားလိဂ် ခုနစ်ပွဲ ဆက်တိုက် အနိုင်ရထားသော စပါး အသင်းနည်းပြ ပိုချက်တီနိုက စနေနေ့ညတွင် ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ရမည့် ပွဲမှာ မိမိအသင်းအတွက် ဖိအားကြီးကြီး မားမားမရှိဘဲ ရင်ဆိုင်ရမည့်ပွဲဖြစ်သောကြောင့် ရှုံးရန်တွေးပူစရာမလိုဟု ပြောသည်။

Saturday, 22 April 2017 18:38

လန်ဒန်   ဧပြီ     ၂၁

အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်ပြီး စပါးနှင့်ဗီလာအသင်း၌လည်း ကစားဖူးသော လက်ရှိ စပါး ယူ-၂၃ အသင်းနည်းပြ အီဟိုဂူသည် ကြာသပတေးနေ့တွင် စပါးအသင်းလေ့ကျင့်ရေးကွင်း၌ အမောဖောက်၍ လဲကျသွားပြီး  ဆေးရုံတင်ခဲ့ သော်လည်း သောကြာနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း စပါးအသင်းက အတည်ပြုခဲ့သည်။

Saturday, 22 April 2017 18:34

မန်ချက်စတာ   ဧပြီ     ၂၁

မန်ယူအသင်းသည် ကြာသပတေးနေ့ညတွင် ယှဉ်ပြိုင်ကစားသော ယူရိုပါလိဂ် ကွာတားဖိုင်နယ်  ဒုတိယအကျော့ပွဲစဉ် ၌  အန်ဒါလက်ခ်ျအသင်းကို အချိန်ပိုရောက်မှ ရက်ရှ်ဖို့ဒ်သွင်းယူ သည့်ဂိုးဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်လှမ်း နိုင် သော်လည်း ထိုပွဲတွင် အဓိကတိုက်စစ်မှူး မိုဗစ်ခ်ျ ဒဏ်ရာရပြီး လူစားလဲချိန်တွင် နည်းပြ မော်ရင်ဟိုက  ကွင်းစည်းအစပ်၌ သွေးပူ လေ့ကျင့်ခန်း လုပ်ခိုင်းထားသော အသင်းခေါင်း ဆောင်ရွန်းနီကို လူစားမလဲဘဲ မာရှယ်ကိုသာ လူစားလဲ စေသဖြင့် ထိုပွဲကို ရုပ်သံမှသုံးသပ်တင် ဆက်ခဲ့သော မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရွန်းနီ၏ မန်ယူကစား သမားဘဝ အဆုံးသတ်သွားပြီဟု သုံးသပ်သွားသည်။

Saturday, 22 April 2017 18:30

ကယ်လီဖိုးနီးယား ဧပြီ ၂၁

ဝင်ငွေအကောင်းဆုံး  ဂေါက်သီးရိုက်  ကစားသမားဖြစ်သော တိုက်ဂါးဝုဒ်သည်  သုံးကြိမ်တိုင် ခွဲစိတ်ကုသမှုခံယူပြီး ဖြစ်သော ကျောဒဏ်ရာမှာ ယခုအထိနာကျင် မှုဝေဒနာ ခံစားနေရဆဲဖြစ်၍ နောက်ထပ်တစ်ကြိမ် ခွဲစိတ်မှုခံယူ ရဦးမည်ဖြစ်ရာ နောက်ထပ်ခြောက်လကြာ  အနားယူရဦးမည်ဖြစ်ကြောင်း သိရသည်။

Saturday, 22 April 2017 18:27

လန်ဒန်    ဧပြီ    ၂၁

ယခုသီတင်းပတ်အစောပိုင်းတွင် ဖျားနာဝေဒနာကြောင့် ချယ်လ်ဆီးအသင်းမှ အဓိက ဗဟိုခံစစ်မှူး ဂယ်ရီကာဟေး သည် ဆေးရုံသို့ နှစ်ရက်ကြာ တက်ရောက်ကုသမှု ခံယူရသဖြင့် စနေနေ့ညတွင် ဝင်ဘလေကွင်း၌ စပါးနှင့် ယှဉ်ပြိုင်ရ မည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ၌ ချယ်လ်ဆီး ဗဟိုခံစစ်မှူးအဖြစ်အသင်းခေါင်း ဆောင် ဂျွန်တယ်ရီ  ပွဲထွက်လာ ဖွယ်ရှိသည်။ ကာဟေးသည် မန်ယူကို နှစ်ဂိုးပြတ်ရှုံးနိမ့်ရသည့် ပွဲမတိုင်မီကတည်းက ဖျားနာဝေဒနာ ခံစားခဲ့ရခြင်းဖြစ် သည်။  ယင်းဝေဒနာကြောင့်  ကာဟေးသည် အင်္ဂါနေ့တွင် ဆေးရုံတက်ရောက်ကုသမှုခံယူကာ ကြာသပတေးနေ့တွင် ဆေးရုံမှ ပြန်ဆင်းနိုင်သဖြင့်  ချယ်လ်ဆီး နည်းပြကွန်တီက  ဂယ်ရီကာဟေးကို  ပွဲထွက်ကစားသမားအဖြစ် ပြန်သုံး နိုင်ဖွယ်မရှိပေ။