ညောင်ပင်

ညောင်ပင်

Saturday, 22 April 2017 19:12

ရန်ကုန်   ဧပြီ   ၂၁

ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ်  မြန်မာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ကာတာနိုင်ငံ  ဒိုဟာမြို့၌  ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိကျင်းပမည့် အာရှချန်ပီယံရှစ် စနူကာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာက စားသမားသုံးဦးကို စေလွှတ် ခဲ့ကြောင်း သိရသည်။

Saturday, 22 April 2017 19:08

ရန်ကုန်   ဧပြီ   ၂၁

ဇွဲကပင်ယူနိုက်တက်အသင်းသည် ၂ဝ၁၇ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိရာ ပြည်ပကစားသမားလေးဦးအထိ အသုံးပြုသွားမည်ဖြစ်ပြီး ဂျပန်လူမျိုး ကစားသမားဟောင်း ကမ်အား  ပြန် လည်ခေါ်ယူရန် သဘောတူညီမှုရရှိထားကြောင်း ဇွဲကပင်ယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Saturday, 22 April 2017 19:04

ရန်ကုန်   ဧပြီ   ၂၁

မြန်မာယူ-၁၆ အသင်းနှင့် မြန်မာယူ-၁၉ အသင်းတို့ပါဝင်ယှဉ်ပြိုင်မည့် ၂ဝ၁၈ အာရှယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် ၂ဝ၁၈ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယနေ့တွင် မလေးရှားနိုင်ငံ၌ကျင်းပပြီး မြန်မာ အသင်းများ ပါဝင်ယှဉ်ပြိုင်မည့်အုပ်စုများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

Saturday, 22 April 2017 19:01

ဟာဘင်း   ဧပြီ   ၂၁

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ ကီကီဟာမြို့၌ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားစဉ်အတွင်း ဂျပန် တပ်ဖွဲ့မှ ကျန်ရစ်ခဲ့သည်ဟုယူဆရသော အမြောက်ဆန်လေးခုကို ပြန်လည်တူးဖော်တွေ့ ရှိကြောင်း ဒေသတွင်းရဲ တပ်ဖွဲ့က ဧပြီ ၂၁ ရက်တွင် ပြောသည်။

Saturday, 22 April 2017 18:58

ဝါရှင်တန်   ဧပြီ   ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်သည် နိုဝင်ဘာလတွင် ကျင်းပမည့် ဒေသတွင်းထိပ်သီးဆွေးနွေးပွဲ မတိုင်မီမေ ၄ ရက်တွင် ဝါရှင်တန်မြို့၌ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂ဝ ရက်တွင် ပြောသည်။

Saturday, 22 April 2017 18:54

ကန်ဘာရာ   ဧပြီ   ၂၁

သုံးနှစ်ကျော်ကြာ ပဟေဠိဆန်စွာပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်သည် မူလ ရှာဖွေရေးဇုန်၏ မြောက်ဘက်၌ တည်ရှိနေမည်ဟု ယုံကြည်ကြောင်း သြစတြေးလျ သိပ္ပံအ ဖွဲ့အစည်းဖြစ်သည့် ဓနသ ဟာယသိပ္ပံပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်း (CSIRO) က ဧပြီ ၂၁ ရက်တွင်ထုတ်ပြန် ထားသည်။

Saturday, 22 April 2017 18:50

အဘူဂျာ   ဧပြီ   ၂၁

နိုက်ဂျီးရီးယား နိုင်ငံတောင်ပိုင်း၌ ဗို့အားပြင်းဓာတ်ကြိုးပြတ်ကျမှုကြောင့် ဘောလုံးပရိသတ် ၃ဝ ကျော် ဓာတ်လိုက်သေ ဆုံးမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့ က ဧပြီ၂၁ ရက်တွင် ထုတ်ပြန်သည်။

Saturday, 22 April 2017 18:45

ဗန်ကောက်   ဧပြီ   ၂၁

ထိုင်းဘုရင် မဟာဝါဂျီရာလောင်ကွန်းထံသို့ အစိုးရကထိန်းချုပ်ထားသည့် တော်ဝင်အဖွဲ့အစည်းများကို ပြန်လည်လွှဲ ပြောင်းရန် လွှတ်တော်က လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုတွင် သဘောတူညီချက်ချမှတ်ကြောင်း ဥပဒေပြုလွှတ်တော်မှ အ မတ်များက ဧပြီ ၂၁ ရက်တွင်ပြောသည်။