ညောင်ပင်

ညောင်ပင်

Monday, 24 April 2017 15:55

ပန်းတနော်  ဧပြီ  ၂၃

ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၌ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ် စခန်းနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတို့ ပူးပေါင်း၍ မီးဘေး လုံခြုံရေးအတွက် အသိပ ညာပေး ဟောပြောပွဲ ကျင်းပသည်။

Monday, 24 April 2017 15:48

မော်လမြိုင်ကျွန်း  ဧပြီ  ၂၃

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ် ဇီဝိတဒါန အဖွဲ့သို့ ကျွဲခြံကျုံလမုကျေးရွာမှ ဒေသခံ တောင်သူမိ သားစုများက နွားများ ဘေးမဲ့ပေး လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက သမ္မာသမ္ဗုဒ္ဓ မြို့ ဦးစေတီတော် တည်ဆောက်ရေး အဖွဲ့ရုံး ရှေ့မဏ္ဍပ်၌ ကျင်းပသည်။

Monday, 24 April 2017 15:44

နမ့်ဆန်  ဧပြီ  ၂၃

ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစိမ်းရောင် စီမံကိန်း ဆန်းစစ် သုံးသပ် ဆွေးနွေးပွဲ အခမ်းအနား ကျင်းပသည်။

Saturday, 22 April 2017 19:28

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ၂ဝ၁၇-၂ဝ၁၈ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို မေလတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Saturday, 22 April 2017 19:26

ရန်ကုန်      ဧပြီ     ၂၁

ပညာရေးဒီဂရီကောလိပ်အတွက် သင်ရိုးညွှန်းတမ်းအသစ်တစ်ခုကို ရေးဆွဲလျက်ရှိကြောင်းသိရသည်။''လေးနှစ်သင် ဒီဂရီကောလိပ်အတွက် ဆရာ၊ ဆရာမတွေ လုံလောက်မှုရှိဖို့လိုပါတယ်။ ဘာတွေသင်ရ မလဲဆိုတာလည်းလိုမယ်ပေါ့။ အဲဒါတွေအတွက် အခုပြင်ဆင်နေပါတယ်။ သင်ရိုးညွှန်းတမ်းအသစ်တစ်ခုကိုလည်း ရေးဆွဲနေပါတယ်''ဟု အဆင့်မြင့် ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာအောင်အောင်မင်းက ပြောသည်။

Saturday, 22 April 2017 19:20

နေပြည်တော်    ဧပြီ   ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဧပြီ ၂ဝ ရက် ညနေပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ က အဆိုပါကျေးရွာရှိ ဗာရာဏသီ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

Saturday, 22 April 2017 19:17

ရန်ကုန်   ဧပြီ   ၂၁

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် အသက် ၁၉ နှစ်အောက် ဗီယက်နမ် ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင်  မြန်မာ ယူ-၁၈ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်၌ HAGL Arsenal JMG ယူ-၁၉ အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိသော် လည်း ဗိုလ်လုပွဲနှင့်လွဲချော်ကာ တတိယနေရာလုပွဲတွင်ယင်းအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန် မာယူ-၁၈ အသင်းမန်နေဂျာ ဦးမိုးဝေအောင်က ပြောသည်။