ညောင်ပင်

ညောင်ပင်

Tuesday, 25 April 2017 18:53

စစ်တွေ   ဧပြီ   ၂၄

ရခိုင်ပြည်နယ် စစ်တွေခရိုင် ရဲတပ်ဖွဲ့ရုံး ကစ္ဆပ ခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီတွင် လူစုလူဝေး စနစ်တကျ ကိုင် တွယ် ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

Tuesday, 25 April 2017 18:48

ပန်းတောင်း   ဧပြီ   ၂၄                                     

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆင်တဲ စက်မှုကျွမ်းကျင် သင်တန်းကျောင်း၌ ယခုနှစ် အောက်တိုဘာလမှစ၍ စာသင်နှစ် တစ်နှစ်တိုးမြှင့် သင်ကြားသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သင်တန်းေ ကျာင်းများ ကြီးကြပ်ရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

Tuesday, 25 April 2017 18:43

နေပြည်တော်   ဧပြီ   ၂၄

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်း အခြေခံ သင်တန်း အမှတ်စဉ်(၂/၂ဝ၁၇)၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြော သင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) သင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေး ချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့်သင် တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

Tuesday, 25 April 2017 18:33

နေပြည်တော်  ဧပြီ  ၂၄

ဒေသခံ ပြည်သူလူထု၏ စားရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအား တစ်ဖက်တစ် လမ်းမှ လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံများမှ ထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲ မှုအောက် တပ်ရင်း/တပ်ဖွဲ့များက တပ်နယ်များ၌ ဒေသခံပြည်သူများအား  ဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ရောင်းချ ပေးလျက်ရှိသည်။

Tuesday, 25 April 2017 16:57

ရန်ကုန်    ဧပြီ    ၂၄

ရွှေတိဂုံစေတီတော်အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ အဆိုပြုပဏာမ အမည်စာရင်း (Tentative List) ကို ၂ဝ၁၈ ခုနှစ်တွင်ထည့်သွင်းနိုင်ရန် သက်ဆိုင်ရာ ပညာရှင်အဖွဲ့များနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင်ကျင်းပ သည့်ပထမအကြိမ် အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။