ရွှေကူ

ရွှေကူ

Tuesday, 25 April 2017 15:33

အုတ်ကလန် ဧပြီ ၂၄

နယူးဇီလန်နိုင်ငံ အုတ်ကလန် မြို့၌ ဧပြီ ၂၄ ရက်တွင် ကျင်းပသည့် World Masters Games မီတာ ၁ဝဝ အပြေးပြိုင်ပွဲ၌ အိန္ဒိယ နိုင်ငံမှ အသက် ၁ဝ၁ နှစ်ရှိ အဘွားအို တစ်ဦးက အနိုင်ရသွားကြောင်း သိရသည်။

Tuesday, 25 April 2017 15:31

တိုကျို ဧပြီ ၂၄

ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို ဖီဆန်၍ မြောက်ကိုရီးယား အစိုးရက ဒုံးကျည် စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်မည့် ခြိမ်းခြောက်မှုများကြောင့် ဂျပန်နိုင်ငံ၌ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း နျူကလီးယား ဒဏ်ခံ အဆောက်အအုံများနှင့် ရေဒီယို သတ္တိကြွမှုကို ကာကွယ်နိုင်သည့် လေသန့်စင်စက်များ ဝယ်လိုအား မြင့်တက်လျက် ရှိသည်ဟု သိရသည်။

Tuesday, 25 April 2017 15:30

ပဲရစ် ဧပြီ ၂၄

ပြင်သစ်နိုင်ငံ၌ ဧပြီ ၂၃ ရက်တွင် ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲ ပထမအကျော့တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အီမန်နျူရယ်မက်ခရွန်က ထောက်ခံမဲ အများဆုံးဖြင့် ဦးဆောင်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။

Tuesday, 25 April 2017 15:29

မနီလာ ဧပြီ ၂၄

ဖိလစ်ပိုင်နှင့် အမေရိကန် နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ နှစ်စဉ်ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ၂ဝ၁၇ ခုနှစ် မေ ၈ ရက်တွင် စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧပြီ  ၂၄ ရက်တွင် ဖိလစ်ပိုင် နိုင်ငံရှိ အမေရိကန် သံရုံးကပြောသည်။

Tuesday, 25 April 2017 15:28

ဆိုးလ် ဧပြီ ၂၄

တောင်ကိုရီးယား ရေတပ်မှ စစ်သင်္ဘောများသည် ကိုရီးယား ကျွန်းဆွယ်အနီးတွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန် ဦးဆောင်သော တိုက်ခိုက်ရေး အုပ်စုနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် ကြိုတင်ပြင်ဆင်လျက် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး တာဝန်ရှိသူများက ဧပြီ ၂၄ ရက်တွင်ပြောသည်။

Tuesday, 25 April 2017 15:27

နေပြည်တော် ဧပြီ ၂၄

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်း အခြေခံ သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇)ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

Tuesday, 25 April 2017 15:26

နေပြည်တော် ဧပြီ ၂၄

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် အတွင်းရှိ ကျောင်းသား၊  ကျောင်းသူများအတွက် နွေရာသီ ကျောင်းပိတ်ရက် အင်္ဂလိပ်စာ အခြေခံ သင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့၊ ရွှေပေးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲရှိ ရွှေပုလဲခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်နှင့် တပ်နယ်မှ  တပ်မတော် အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

Tuesday, 25 April 2017 15:25

နေပြည်တော် ဧပြီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊  အနောက်မြို့ပတ် လမ်းရှိ သန္တိသုခ ကျောင်းတိုက်အတွင်း၌ ဧပြီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝါယာရှော့ခ်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ရာသို့  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသခံ ပြည်သူများက