ရွှေတည်

ရွှေတည်

Sunday, 23 July 2017 17:16

နေပြည်တော် ဇူလိုင် ၂၂

ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ အခြေခံပညာ အလယ်တန်း ကျောင်း (ထက်ခွဲ)နှင့် လှည်းကူးမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း (ရွာမ)တို့၌ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒလတပ်နယ်နှင့် အင်းတိုင်တပ်နယ် တို့မှ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးသည်။

Sunday, 23 July 2017 17:04

နေပြည်တော် ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ အလင်းကောင် ရပ်ကွက်ရှိ GREAT လက်ဖက်ရည် ဆိုင်ရှေ့၌ ရပ်တန့်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီးမှ ယနေ့နံနက် ၉ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါဆိုင်ကယ် အနီးရပ်တန့်ထားသည့် ပါဂျဲရိုး အမျိုးအစား ယာဉ်အမှတ်၊  MDY 3F/---- ပိုင်ရှင် ဦးလဂိုင်နော်ဆန်း၊ ပေါက်ကွဲမှု အနီးတွင် ရှိကြသည့် မောင်စိုးမင်းလတ်၊ မောင်ဇော်ဌေးအောင်၊ မအားကိုင်နှင့် မောင်နိုင်မင်းတို့တွင် ထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

Sunday, 23 July 2017 17:04

ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များအပါအ၀င် အနုပညာရှင်များနှင့် လက်တွဲ အနုပညာရှင်တစ်ဦးကို အထူးဂရုစိုက်ပြီး အဘက်ဘက်က ပြည့်စုံမှုရှိအောင်ထားကာ   အလုပ်နှင့် ပတ်သက်ပြီး စေ့စပ်သေချာပြီး မနားတမ်း လုပ်ရကြောင်းက ပြောသည်။

Sunday, 23 July 2017 17:01

ရန်ကုန် ဇူလိုင် ၂၂

ရုပ်ရှင်နှင့် ဗီဒီယိုလောက၌ နေရာအခိုင်အမာ ရရှိထားသူ တစ်ဦးဖြစ်ပေမယ့် ကမ်းလှမ်း လာသမျှ ဇာတ်ကားတိုင်းကို လက်ခံရိုက်ကူးလေ့ မရှိကြောင်း သရုပ်ဆောင် အောင်ရဲလင်းက ပြောသည်။

Sunday, 23 July 2017 16:57

ငွေနောက်လိုက်နေမည် ဆိုပါက အနုပညာ ဖန်တီးမှုများအတွက် အချိန်ရှိမည် မဟုတ်ကြောင်း သရုပ်ဆောင်မင်းသွေးက ပြောသည်။

Sunday, 23 July 2017 16:55

မွေးကင်းစ ကတည်းက ရင်းနှီးခဲ့ရသော ကလေးကဗျာ တို့၏ ကျေးဇူးသည် ကြီးမားလွန်းလှ၏။ ကလေးကဗျာ များသည် ကလေးများ လူမှုနယ်ပယ် ထဲတွင် ကျင်လည်နိုင်ရေးအတွက် သန္ဓေတည် ပေးလိုက်နိုင်သည်။

Sunday, 23 July 2017 16:52

မြိတ် ဇူလိုင် ၂၂

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည် တိုးတက်စေရေးနှင့် အားကစား စွမ်းရည် မြင့်မားစေရေးအတွက် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြိတ်တက္ကသိုလ် မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပသည်။

Sunday, 23 July 2017 16:50

နေပြည်တော် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ပြည်သူ့ဆေးရုံ၏ ပတ်ဝန်းကျင် သာယာလှပ ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ ဆေးရုံဝင်း အတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ ဆယ်တင်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးသည်။