ရွှေတည်

ရွှေတည်

Friday, 28 April 2017 15:16

နေပြည်တော်   ဧပြီ  ၂၇

အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအား ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းနှင့် အာတီကယ် ၁၉ တို့ ပူးပေါင်း စီစဉ်သည့် ပြည်သူ့ ဝန်ဆောင်မှု မီဒီယာသို့ အရွေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

Thursday, 27 April 2017 20:50

သံဖြူဇရပ်  ဧပြီ     ၂၆

မွန်ပြည်နယ် သံဖြူဇရပ်မြို့လယ်ရှိ ကျိုက္ခမီလမ်းနှင့် ရေး-ထားဝယ်သွား ကားလမ်း လမ်းဆုံ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၁၂ ဘီးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းဆုံ အဝိုင်းပေါ်ရှိ ဟင်္သာရုပ်တုအား ဝင်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

Thursday, 27 April 2017 20:42

ဘားအံ  ဧပြီ   ၂၆

ကရင်ပြည်နယ် ဘားအံမြို့ ကမ်းနားလမ်း တစ်လျှောက်တွင် အပန်းဖြေ ဥယျာဉ်၊ ကစားကွင်းများနှင့် တခြားသော အလှဆင် လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့၊ အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

Thursday, 27 April 2017 20:37

မေရိကန်နှင့် မက္ကဆီကိုတို့ ငြင်းခုန်စရာ အကောင်းဆုံး ပြဿနာတို့ကို ပြပါ ဆိုလျှင် နယ်စပ်ဖြတ်ကျော်၍ ဘိန်းမှောင်ခိုကူးမှု၊ လူမှောင်ခိုကူးမှုမှ စ၍ အသေးအဖွဲ ကုန်ကူးမှု အဆုံး နယ်စပ်ပြဿနာများမှာ ပြောနေစရာ မလိုတော့အောင်ပင် အမေရိကန် အက်ရှင်ဇာတ်လမ်းများ ထဲတွင် ပါဝင်ခဲ့ပြီး ဖြစ်သည်။

Thursday, 27 April 2017 20:24

ရန်ကုန်   ဧပြီ   ၂၆

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂ဝ၁၇ KBZ Bank Cup ယူ-၂၂ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို မြန်မာ၊ ဂျပန်၊ ဟောင်ကောင်နှင့် ကမ္ဘောဒီးယားတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Thursday, 27 April 2017 20:21

နေပြည်တော်  ဧပြီ   ၂၆

 (၂၉)ကြိမ်မြောက် မလေးရှား ဆီးဂိမ်းအတွက် နေပြည်တော်၌ လာရောက်လေ့ကျင့်နေသော ဖိလစ်ပိုင် ပိုက်ကျော်ခြင်း အသင်းသည် မြန်မာ ပိုက်ကျော်ခြင်း အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက် ရှိသည်။

Thursday, 27 April 2017 20:19

ရန်ကုန်   ဧပြီ   ၂၆

၂ဝ၁၇ မြန်မာ နေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် ပြိုင်ပွဲကို သင်္ကြန်ကာလ အတွက် ရပ်နားထားရာမှ ဧပြီ ၂၃ ရက်တွင် ပြန်လည် စတင်ခဲ့ပြီး ပွဲစဉ်(၁၂)အပြီးတွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန် ယူနိုက်တက် အသင်းမှာ ရှုံးပွဲ တွေ့ကြုံခဲ့သောကြောင့် အမှတ်ပေးဇယား ရပ်တည်မှုတွင် အဆင့်(၁)မှ (၇)အထိ ရမှတ် ခြောက်မှတ်သာ ကွာဟပြီး ပြိုင်ဆိုင်မှု ပြင်းထန်လျက် ရှိသည်။

Thursday, 27 April 2017 20:17

ရန်ကုန်   ဧပြီ   ၂၆

၂ဝ၁၇ ဘောလုံးရာသီ ပထမအကျော့ပြိုင်ပွဲ လုပ်ဆောင်ချက်များ အတွက် ပြန်လည် သုံးသပ်သည့်  အလုပ်ရုံ ဆွေးနွေးပွဲ MNL Evaluation & Analysis Meeting on 1st Round ကို ယနေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမ၌ ကျင်းပသည်။