Monday, 22 May 2017 15:10

ရီယတ် မေ ၂၁

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆော်ဒီခရီးစဉ် အတွင်း အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ အကြား ဒေါ်လာဘီလီယံ ၃၅ဝ ခန့်ရှိ ကာကွယ်ရေးနှင့် စီးပွားရေး သဘောတူညီချက် များကို လက်မှတ် ရေးထိုးနိုင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် လိုက်သည်။

Monday, 22 May 2017 15:20

ဆိုး မေ ၂၁

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်သည် မေ ၂၁ ရက်တွင် အိမ်ပြာတော်၌ အမျိုးသား လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ ပြုလုပ်ရန် အမိန့်ပေးလိုက်ကြောင်း သိရသည်။

Sunday, 21 May 2017 14:04

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား တို့ကြား ဖြတ်တောက်ထားသည့် ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ဌာနက မေ ၁၇ ရက်တွင် တောင်းဆိုလိုက်ပြီးနောက် အခြေအနေ တင်းမာနေသည့် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး အတွက် တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေးအင်က ၎င်း၏ ကြိုးပမ်းချက်ကို အစပြုလိုက်ပြီလား ဟူသော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

Sunday, 21 May 2017 13:53

နယူးဒေလီ မေ ၂ဝ

အိန္ဒိယနိုင်ငံ ဂျော့ဟီမက်မြို့မှ ၉ ကီလိုမီတာ အကွာရှိ ဒေသ၌ မြေပြိုမှုကြီး ဖြစ်ပွားရာ ရစ်ဟီကတ်နှင့် ဘဒရီနက်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမ မီတာ ၆ဝ ပျက်စီးသွားသည့် အတွက် နိုင်ငံမြောက်ပိုင်း ချာမိုလီခရိုင် အတွင်းရှိ ဒေသ အများအပြားမှ ဘုရားဖူးခရီးသည် ၁၄ဝဝဝ နီးပါးမှာ သောင်တင်လျက်ရှိကြောင်း သိရသည်။

Sunday, 21 May 2017 13:45

ဆိုး မေ ၂ဝ

တောင်ကိုရီးယား နိုင်ငံ၌ နစ်မြုပ်သွားသော Sewol ကူးတို့ယာဉ်မှ လူအရိုးသုံးခုကို မေ ၂ဝ ရက်တွင် ရှာဖွေရေး အဖွဲ့က ထပ်မံတွေ့ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

Sunday, 21 May 2017 13:45

ဒူဘိုင်း မေ ၂ဝ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆော်ဒီအာရေဗျ နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်သည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ပိုမိုပေးစွမ်းနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်ကြောင်း ဆော်ဒီဘုရင် ဆယ်မန်ဘင်အဗ္ဗဒူ လာဇစ်ကပြောသည်။

Sunday, 21 May 2017 12:43

နယူးဒေလီ မေ ၂ဝ

အိန္ဒိယနိုင်ငံမှ ဆရာဝန် အဖွဲ့တစ်ဖွဲ့သည် နိုင်ငံ၏ ပထမဆုံး သားအိမ် အစားထိုး ကုသမှုကို အောင်မြင်စွာ ပြုလုပ်လိုက်နိုင်ကြောင်း သိရသည်။ ယင်းကုသမှုတွင် အသက် ၄၄ နှစ်ရှိ အမျိုးသမီး တစ်ဦး၏ သားအိမ်ကို မွေးရာပါ သားအိမ် မပါသည့် အသက် ၂၁ နှစ်ရှိ ၎င်း၏ သမီးထံသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။

Sunday, 21 May 2017 12:40

တီဟီရန် မေ ၂ဝ

အီရန်နိုင်ငံ၌ မေ ၁၉ ရက်တွင် ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ဟက်ဆန်ရို ဟာနီက အနိုင်ရရှိသွားကြောင်း နိုင်ငံပိုင် ရုပ်သံဌာနက မေ ၂ဝ ရက်တွင် ထုတ်ပြန်သည်။