Sunday, 23 April 2017 15:42

ဆစ်ဒနီ     ဧပြီ     ၂၂

မြောက်ကိုရီးယားသည် မကြာမီ ကာလအတွင်း နျူကလီးယား စမ်းသပ်မှု အသစ်တစ်ခု လုပ်ဆောင်နိုင်သည် ဟူသော ခြိမ်းခြောက်မှု မြင့်တက်နေသော်လည်း

Sunday, 23 April 2017 15:37

နယူးဒေလီ   ဧပြီ    ၂၂

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက် ဘန်ဂေါပြည်နယ်တွင် သဲကျင်း အငြင်းပွားရာမှ တစ်ဆင့် တိုက်ခိုက်မှုများ ဖြစ်ပွားရာ အနည်းဆုံး လူရှစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

Sunday, 23 April 2017 15:34

ဘာလင်    ဧပြီ    ၂၂

ဂျာမနီ ပြည်ပ ထောက်လှမ်းရေး အေဂျင်စီ BND သည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) နှင့် နိုင်ငံ အများအပြားရှိ အဆိုပါ ရဲတပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခွဲများ အပေါ် နှစ်ပေါင်း များစွာကြာ လျှို့ဝှက် ထောက်လှမ်းကြောင်း ဒေသတွင်း မဂ္ဂဇင်းကြီး တစ်စောင်က ဧပြီ ၂၂ ရက်တွင် ဖော်ပြသည်။

Saturday, 22 April 2017 19:01

ဟာဘင်း   ဧပြီ   ၂၁

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ ကီကီဟာမြို့၌ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားစဉ်အတွင်း ဂျပန် တပ်ဖွဲ့မှ ကျန်ရစ်ခဲ့သည်ဟုယူဆရသော အမြောက်ဆန်လေးခုကို ပြန်လည်တူးဖော်တွေ့ ရှိကြောင်း ဒေသတွင်းရဲ တပ်ဖွဲ့က ဧပြီ ၂၁ ရက်တွင် ပြောသည်။

Saturday, 22 April 2017 18:58

ဝါရှင်တန်   ဧပြီ   ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်သည် နိုဝင်ဘာလတွင် ကျင်းပမည့် ဒေသတွင်းထိပ်သီးဆွေးနွေးပွဲ မတိုင်မီမေ ၄ ရက်တွင် ဝါရှင်တန်မြို့၌ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂ဝ ရက်တွင် ပြောသည်။

Saturday, 22 April 2017 18:54

ကန်ဘာရာ   ဧပြီ   ၂၁

သုံးနှစ်ကျော်ကြာ ပဟေဠိဆန်စွာပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းလိုင်းမှ MH370 လေယာဉ်သည် မူလ ရှာဖွေရေးဇုန်၏ မြောက်ဘက်၌ တည်ရှိနေမည်ဟု ယုံကြည်ကြောင်း သြစတြေးလျ သိပ္ပံအ ဖွဲ့အစည်းဖြစ်သည့် ဓနသ ဟာယသိပ္ပံပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်း (CSIRO) က ဧပြီ ၂၁ ရက်တွင်ထုတ်ပြန် ထားသည်။

Saturday, 22 April 2017 18:50

အဘူဂျာ   ဧပြီ   ၂၁

နိုက်ဂျီးရီးယား နိုင်ငံတောင်ပိုင်း၌ ဗို့အားပြင်းဓာတ်ကြိုးပြတ်ကျမှုကြောင့် ဘောလုံးပရိသတ် ၃ဝ ကျော် ဓာတ်လိုက်သေ ဆုံးမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့ က ဧပြီ၂၁ ရက်တွင် ထုတ်ပြန်သည်။

Saturday, 22 April 2017 18:45

ဗန်ကောက်   ဧပြီ   ၂၁

ထိုင်းဘုရင် မဟာဝါဂျီရာလောင်ကွန်းထံသို့ အစိုးရကထိန်းချုပ်ထားသည့် တော်ဝင်အဖွဲ့အစည်းများကို ပြန်လည်လွှဲ ပြောင်းရန် လွှတ်တော်က လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုတွင် သဘောတူညီချက်ချမှတ်ကြောင်း ဥပဒေပြုလွှတ်တော်မှ အ မတ်များက ဧပြီ ၂၁ ရက်တွင်ပြောသည်။