Thursday, 27 April 2017 19:33

လန်ဒန်   ဧပြီ  ၂၆

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ ထွက်ခွာလာသော အမေရိကန် ပြည်ထောင်စု ချီကာဂို အခြေစိုက် United Airlines လေကြောင်းလိုင်း Boeing 767 လေယာဉ်ပေါ်၌ ယုန်ကြီးတစ်ကောင် သေဆုံးကြောင်း ဧပြီ ၂၆ ရက် ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

Thursday, 27 April 2017 19:22

ဆိုးလ်     ဧပြီ      ၂၆

အမေရိကန် ပြည်ထောင်စု၏ အဆင့်မြင့် အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေး စနစ် ဖြစ်သည့် THAAD စနစ်မှ ဒုံးကျည် အစိတ်အပိုင်းများသည် တောင်ကိုရီးယားနိုင်ငံ အတွင်းရှိ ဖြန့်ကြက်မည့် နေရာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ရေးသား ဖော်ပြနေမှုများကို တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၆ ရက်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

Thursday, 27 April 2017 19:15

အန်ကာရာ    ဧပြီ    ၂၆

တူရကီနိုင်ငံ၌ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ဖြစ်ပွားသည့် မအောင်မြင်သော အာဏာသိမ်းမှုနှင့် ပတ်သက်၍ သံသယရှိသူ ဘာသာရေး ခေါင်းဆောင်၏ အစီအစဉ်ဖြင့် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့များ ထံသို့ လျှို့ဝှက်စွာ စိမ့်ဝင်လာသော ဘာသာရေးဆရာ ၁ဝဝ၉ ဦးကို တူရကီ အာဏာပိုင်များက ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးနိုင် ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

Thursday, 27 April 2017 19:11

နယူးဒေလီ   ဧပြီ   ၂၆

အိန္ဒိယနိုင်ငံ၌ လေ့ကျင့်ရေး လေယာဉ်တစ်စင်း မြစ်အတွင်းသို့ ထိုးကျမှု ဖြစ်ပွားရာ လေယာဉ်မောင်း နှစ်ဦး သေဆုံးကြောင်း ဧပြီ ၂၆ ရက်တွင် တာဝန်ရှိသူများက ပြောသည်။

Thursday, 27 April 2017 19:06

ပဲရစ်၊ ဘရပ်ဆဲ ဧပြီ   ၂၆

၂ဝ၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကိုရှာကုန်တိုက်နှင့် ချာလီဟက်ဘ်ဒို သတင်းစာတိုက်တို့တွင် ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေသူ ၁ဝ ဦးကို ပြင်သစ်နိုင်ငံနှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့၌ ဧပြီ ၂၄ ရက်နှင့် ၂၆ ရက် တို့တွင် တာဝန်ရှိသူများက ဖမ်းဆီး လိုက်ကြောင်း သတင်းဌာနများက ထုတ်ပြန်သည်။

Thursday, 27 April 2017 15:37

ပေကျင်း   ဧပြီ   ၂၆

တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကို နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်စီရင်စုရှိ ဒါလီယန် သင်္ဘောကျင်း၌ ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် ရေချလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Thursday, 27 April 2017 15:33

ပေကျင်း   ဧပြီ   ၂၆

တရုတ်နိုင်ငံသည် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကြီး တစ်စင်းကို တည်ဆောက်လျက် ရှိရာ ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Thursday, 27 April 2017 15:28

နယူးဒေလီ   ဧပြီ   ၂၆

အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်း (ISRO) သည် အာကာသ အခြေပြု သိပ္ပံလက်တွေ့ သုတေသန လုပ်ငန်းများ အတွက် အိန္ဒိယ သိပ္ပံပညာရှင်များနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍