Friday, 26 May 2017 14:31

နေပြည်တော် မေ ၂၅

မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ များအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ပျော်ဘွယ်မြို့ရှိ မြို့တော်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

Thursday, 25 May 2017 19:57

မြိတ် မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံ၌ တိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား မေ ၂၂ ရက်မှစ၍ အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိသည်။

Thursday, 25 May 2017 19:53

ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂ဝ၁၆ -၂ဝ၂၁ ပြုစုခဲ့ရာတွင် တိုင်းဒေသကြီး အဆင့်ပူးပေါင်းပါဝင် ဆွေးနွေးအကြံပြုခဲ့ကြ သူများအား အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း စတင်ဆောင်ရွက် နေမှု အခြေအနေတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

Thursday, 25 May 2017 19:50

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူအများ အသိပညာတိုးပွားရရှိစေ ရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်း ဘဝမဏ္ဍိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ နယ်လှည့်စာကြည့် တိုက်ဖြင့် အသိပညာ ပေးဟောပြောသည်။

Thursday, 25 May 2017 19:47

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူအ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နန်းကွေ့ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို ယမန် နေ့ နံနက် ၉ နာရီက မြစ်ကြီးနားခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

Thursday, 25 May 2017 19:44

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်နောက်လယ်ရပ်ကွက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း သင်တန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အခြေပြု မူလတန်းဆရာ အတတ်ပညာ သင်တန်းဆင်းပွဲ အခမ်းအ နား ကျင်းပသည်။

Thursday, 25 May 2017 19:27

နိုင်ငံတော်တွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အခြေခံဖြစ်သော ပညာသင်ကြားရေးအတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ပညာရေးဝန်ကြီးဌာနက သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။

Thursday, 25 May 2017 19:21

မန္တလေး မေ ၂၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ပလိပ်တွင် ကောက်ရိုးမှိုများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိကြောင်း၊  ကောက်ရိုးမှိုစိုက်ပျိုးသူများမှာ အနည်းဆုံးမှိုပျိုးပုံ ၁ဝဝ မှစတင်ကာ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။