Friday, 28 July 2017 18:44

ကျောက်တံခါး   ဇူလိုင်  ၂၇

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ်(၁၂ဝ/၄)နှင့် (၁၂ဝ/၅) အကြား အလယ် ခင်ကျေးရွာ အနီး၌ ယနေ့ နံနက် ၆ နာရီတွင် ၁၈ ဘီးကုန် တင်ယာဉ်တစ်စီး လမ်းမပေါ်သို့ လဲကျ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

Friday, 28 July 2017 18:28

မိုင်းဖြတ်  ဇူလိုင်  ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်-ကျိုင်းတုံသွားကားလမ်း မိုင်တိုင်အမှတ် (၇၁၃/၇၁၄) ကြား၌ ယမန်နေ့ ည ၁၂ နာရီက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ခရီးသည်သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

Friday, 28 July 2017 18:29

ကျောက်ဆည်  ဇူလိုင်  ၂၇

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီက ဘိန်းစိမ်းများ သိမ်းဆည်း ရမိကြောင်း သိရသည်။

Thursday, 27 July 2017 18:17

နေပြည်တော်   ဇူလိုင်   ၂၆

မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်၌ မောင်းပြန်သေနတ်များ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်ပြီး မြဝတီမြို့၌ ဖမ်းမိခဲ့သည့် ကျူးလွန်သူများအား စစ်ေ ဆးချက်အရ ဖောက်ခွဲရေး ပစ္စည်းများအား မြဝတီမြို့ အမှတ်(၅) ရပ်ကွက်၌ ယမန်နေ့က ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Thursday, 27 July 2017 18:32

နေပြည်တော်  ဇူလိုင်  ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊ ဘူရှီး-တာချီလိတ်သွား ကားလမ်းပေါ်ရှိ လွယ်စီတုံ စစ်ဆေးရေး ဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဇူလိုင် ၂၅ ရက် ည ၉ နာရီခန့်တွင် ဘူရှီးဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် Wave-125 အမျိုးအစား မော်တော်ဆိုင်ကယ် နှစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ စိုင်းစိန်(ဘ) ဦးစိန်ကြည် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှာ ရပ် တန့်ခဲ့သော်လည်း ကျန်တစ်စီးမှာ လာရာ လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

Thursday, 27 July 2017 16:37

နေပြည်တော်   ဇူလိုင်  ၂၆

ရန်ကုန်- ပုသိမ်လမ်း  မိုင်တိုင်အမှတ် (၄၆/၆)နှင့်  (၄၆/၇)အကြား၌  သံတွဲ-ရန်ကုန် ပြေးဆွဲသော ''ရဲအောင်လံ'' ခရီးသည် တင်ယာဉ်အမှတ်  5M/-------- နှင့် ရန်ကုန်- ကျောက်ကုန်းပြေးဆွဲသော ''စေတနာရှင်'' ခရီးသည်တင်ယာဉ် အမှတ် 7F/--------- တို့သည် ယနေ့ညနေ ၄ နာရီခွဲတွင်