Saturday, 27 May 2017 17:40

ဖိလစ်ပိုင်နိုင်ငံသည် ယခုအခါ အစ္စလာမ်မစ်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုကို အဆိုးရွားဆုံး တွေ့ကြုံနေရပြီး အကြမ်းဖက် တိုက်ဖျက်ရေးကို အရေးတကြီး လုပ်ဆောင်နေရသည့် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိလာသည်ကို တွေ့ရသည်။ အစိုးရတပ်များသည် လူဦးရေ ၂ဝဝဝဝဝ ခန့်နေထိုင်ရာ မာရာဝီမြို့ရှိ မော့စစ် သွေးကြွများ ပုန်းအောင်းနေသည့် နေရာတစ်ခုကို  ယခုရက်သတ္တပတ် အစောပိုင်းက စီးနင်းတိုက်ခိုက်ရာ အောင်မြင် ခဲ့ခြင်းမရှိပေ။

Friday, 26 May 2017 15:32

အရှေ့အလယ်ပိုင်း၌ အရှုံးများနှင့် ရင်ဆိုင်နေရသော IS တို့၏ ခြေလှမ်းများသည် ယခုအခါ အရှေ့တောင် အာရှဆီသို့ ဦးတည်ရောက်ရှိ လာပြီဖြစ်သည်။ ဖိလစ်ပိုင်၌ မာရာဝီတိုက်ခိုက်မှု စတင်သည့် အချိန်နှင့် မရှေးမနှောင်းမှာပင် အင်ဒိုနီးရှား၌ ဗုံးခွဲတိုက်ခိုက်ခံရသည်။

Thursday, 25 May 2017 16:31

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်များက ၎င်း၏ နိုင်ငံအတွက် ဘီလီယံ ၁ဝဝ ကျော်တန် လက်နက်ရောင်းချရေး သဘော တူညီချက်လည်းရ၊ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး အတွက်လည်း အလေးပေး ဆောင်ရွက်မည် ဆိုသောကြောင့် နာမည်ကောင်းရခဲ့သည်။

Wednesday, 24 May 2017 16:27

ပြည်တွင်းစစ်ကြောင့် လူပေါင်းသောင်းချီ သေဆုံးပြီး သန်းချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသည့် အထဲတွင် ယီမင်နိုင်ငံ၌ နောက်ထပ် ကပ်ရောဂါ တစ်ခုဖြစ်သော ကာလ ဝမ်းရောဂါကို ထပ်မံခံစား နေရပြန်သည်။ မေလတစ်လ တည်းမှာပင် လူ ၂၅ဝ သေဆုံးခဲ့ပြီး နာရီလက်တံတို တစ်ချက်ရွေ့တိုင်း လူပေါင်းဆယ်ချီကာ သေဆုံးလျက်ရှိသည်။

Tuesday, 23 May 2017 15:53

၂ဝ၁၄ ခုနှစ်သည် တရုတ်တို့ အနောက်အုပ်စုကို အကြီးအကျယ် ကိုင်လှုပ်နိုင်သည့် နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။ တရုတ်တို့ တောင်တရုတ် ပင်လယ်ပြင်မှာ စစ်ရေးအခြေ စိုက်ရန် လူလုပ်ကျွန်းတုများကို တည်ဆောက်သည်။ ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က One Belt and One Road ပိုးလမ်းမ စီးပွားရေးမဟာ စီမံကိန်းကြီးကို ချပြခဲ့သည်။

Monday, 22 May 2017 16:00

ပြောသည့်အတိုင်း လုပ်တတ်သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အဖို့  ပထမဆုံး ပြည်ပခရီးမှာပင် စံချိန်တစ်ခုကို ချိုးလိုက်ပြန်ပြီ ဖြစ်သည်။ မဟာမိတ် အာရပ်ကမ္ဘာနှင့် ဆက်ဆံရေးကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပြီး ဆော်ဒီနှင့် အမေရိကန်ဒေါ်လာ ၃၅ဝ ဘီလီယံတန်သည့် သဘော တူညီမှုကို ရယူခဲ့သည်။

Sunday, 21 May 2017 14:12

ဆီးရီးယား နိုင်ငံရှိ အစိုးရ လိုလားသည့် တပ်ဖွဲ့များအပေါ် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ တိုက်ခိုက်လိုက်ခြင်းနှင့် စပ်လျဉ်း၍ ရုရှားအစိုးရက အမေရိကန် ပြည်ထောင်စုကို ပြစ်တင်ဝေဖန်လိုက်သည်။

Saturday, 20 May 2017 16:31

၂ဝ၁၄ ခုနှစ် တောင်တရုတ်ပင်လယ်ပြင်အရေးတင်းမာမှုများဖြစ်ပေါ်သည့်အချိန်မှစတင်ကာ အရှေ့တောင်အာရှနိုင်ငံများ၌