Wednesday, 26 April 2017 18:39

အော့အန်ခြင်းသည် လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ် ဖြစ်လေ့ ရှိတတ်သည်။ အော့အန်ခြင်း လွန်ကဲပါက အသက်အန္တရာယ် ရှိသည်အထိ ဖြစ်နိုင်သည်။

Tuesday, 25 April 2017 16:30

မတ်လနောက်ဆုံးပတ် ဘီဘီစီ သတင်း ထုတ်ပြန်ချက်အရ ''ညဘက်အပေါ့ မကြာခဏ သွားခြင်းသည် အစားအစာ တွင် ဆားပါဝင်မှုများခြင်းနှင့် ဆက်နွှယ်နေကြောင်း'' ဂျပန်နိုင်ငံမှ သုတေသီများ၏ တွေ့ရှိချက်ကို တင်ပြထားသည်။

Sunday, 23 April 2017 17:13

ပျားရည်သည် အသက်နှစ်နှစ်ကျော်သည့် ကလေးအရွယ်မှစပြီး ဘဝတစ်လျှောက်လုံး မှီဝဲနိုင်သော သဘာဝအစားအစာတစ်ခု ဖြစ်ကြောင်း မြဝတီ စာဖတ် ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (FAME)နှင့် မြဝတီအဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြ လိုက်ပါသည်-

Saturday, 22 April 2017 16:37

ရင်သွေးငယ်များ  ဘက်စုံကျန်းမာ ကြံ့ခိုင်စေရေးအတွက် မိခင်နို့ရည်ဟာ ဘယ်လောက် တောင်အရေးပါတယ် ဆိုတာကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများက ကျန်းမာရေး အသိဖြင့် နှိုးဆော် လျက်ရှိပြီး နိုင်ငံတိုင်းမှ မိခင်များ ကလည်း သိနှင့်ထားကြပြီး ဖြစ်ပါတယ်။ ထူးခြားချက် အနေဖြင့် ဂရိနိုင်ငံ၌ လူမြင်ကွင်းမှာ ကလေးငယ်များအား နို့ချို တိုက်ကျွေးခြင်းကို  ရှေးနှစ်ပေါင်း များစွာ ကတည်းက တားမြစ်ပိတ်ပင် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဂရိနိုင်ငံမှာ ကလေးငယ် များကို မိခင်နို့ချို တိုက်ကျွေးနှုန်းဟာ အလွန်နိမ့်ကျ လျက်ရှိပါတယ်။ သို့သော် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှာတော့ ဂရိနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာနက နို့ချိုတိုက်ကျွေးရေး သီတင်းပတ် အခမ်းအနားကို ပါဝင် ဆင်နွှဲကြရန်အတွက် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလရဲ့   တစ်ခုသော တနင်္ဂနွေနေ့မှာတော့ ဂရိနိုင်ငံရှိ မြို့ပေါင်း  ၅ဝ ကျော်မှ မိခင်များက ''ကမ္ဘာ့မိခင် နို့ချိုတိုက်ကျွေးရေး သီတင်းပတ်''ကို အားတက်သရော ပါဝင်ဆင်နွှဲ ခဲ့ကြပါတယ်။

Friday, 21 April 2017 17:35

စာရေးသူ၏ မိတ်ဆွေလူနာတစ်ဦးသည် ငရုတ်ပင်နှင့်တူသော အပင်တစ်ပင်ကိုယူလာပြီးပြသည်။ ဤဆေးပင်ကို  ပဉ္စငါးပါးပြုတ်သောက်သဖြင့် သူ၏မိတ်ဆွေအမျိုးသမီးကြီးတစ်ဦး ဆီးချိုတက်နေတာကျ သွားကြောင်း ပြောသည်။ သူ ပြသော အပင်ကိုဆေးအဘိဓာန်စာအုပ်များတွင် ရှာကြည့်လိုက်သောအခါ ငရုတ်ခါးပင်ဖြစ်နေကြောင်းတွေ့ရသည်။

Thursday, 20 April 2017 17:09

ကလေးဘဝက နွေရာသီ ကျောင်းပိတ်ရက်ကို အလွန်တမ်းတ ပါသည်။ မောင်နှမ တစ်တွေ သူငယ်ချင်းများ နှင့်အတူ တစ်နေကုန် ဆော့ကစား ကြခြင်း ဖြစ်သည်။ ကျွန်မနှစ်တန်း စာမေးပွဲဖြေပြီး ဧပြီလမှာ အစ်ကိုတွေက အရင်ဖျားပြီး အနီစက် အဖုသေးလေးများ ထွက်လာသည်။ မရှေးမနှောင်းမှာပင် ကျွန်မလည်း သူတို့လိုမျိုး တစ်ပုံစံတည်း လိုက်ဖြစ်သည်။ အန်တီဒေါက်တာက''ဝက်သက်'' ဖြစ်တာလို့ ပြောသည်။ ကျွန်မတို့ မောင်နှမ တစ်တွေ အစားအသောက်မပျက်၊ အဆော့မပျက်၊ အပြုံးမပျက်ဘဲ''ဝက်သက်'' ဆိုတာကို ဖြတ်ကျော်ခဲ့သည်။

Wednesday, 12 April 2017 18:44

ကမ္ဘာပေါ်တွင် လူတစ်ရာမှာ ၃ဝ ရာခိုင်နှုန်းဟာနားနဲ့ပတ်သက်၍ တစ်နည်းမဟုတ်တစ်နည်း ချို့ယွင်းလျက်ရှိသည်။ မြန်မာနိုင်ငံလို သင်္ကြန်ကာလနှစ်သစ်ကူးအချိန်အခါသမယမှာ တစ်ဦးနဲ့တစ်ဦး ရေပက်ကစားရင်းနားထဲရေဝင်ခြင်း၊ နားစည်ပေါက်ပြဲခြင်း၊ နားကလော်ရာတွင်မသန့်ရှင်းတာနဲ့ကလော်မိခြင်း၊ ရောဂါပိုးဝင်ပြီး နားကိုက်ခြင်းမျိုးခံစားရတတ် သည်။ နားလေးခြင်း၊ နားမကြားရခြင်း သာမက နားအူ၊ နားယားခြင်း၊ နားလေထွက်ခြင်း၊ နားပြည်ယိုခြင်း၊ နားနာ၊ နားကိုက်ခြင်း စသဖြင့် နားပြဿနာ များရှိသည်။