မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။

Friday, 05 August 2016 08:54

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့် နှစ်စဉ် လူနာ ၅ဝ ဦးခန့် ဆေးရုံတက်ရောက် ကုသမှု ခံယူ နေရပြီး ၁ဝ ရာခိုင်နှုန်းခန့် သေဆုံးနေ

Written by 
Rate this item
(0 votes)

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက်ဒဏ်ရာဖြင့် နှစ်စဉ် လူနာ ၅ဝ ဦးခန့် ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေရပြီး ၁ဝ ရာခိုင်နှုန်းခန့်မှာ သေဆုံးနေကြောင်း ပန်းတနော်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ထံမှ သိရသည်။ ''မြွေကိုက်ခံရတဲ့ လူနာက တစ်လကို သုံးဦးကနေ ခုနစ်ဦးကြား တွေ့နေရတယ်။

မိုးဦးကျ ကာလ ဖြစ်တဲ့ မေလနဲ့ ဇွန်လတွေမှာ လူနာပိုများတယ်။ နောက်ပြီး လယ်ယာ လုပ်ငန်းပြီးတဲ့ အချိန်တွေမှာ လူနာက များတယ်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လတုန်းက ဆိုရင် ရေကြီးတဲ့အတွက် မြွေကိုက်ခံရတဲ့ လူနာတွေ လာတာ ၉ဝ ကျော်လောက် ရှိတယ်။ နှစ်စဉ် သေဆုံးမှုက ငါးဦး၊ ခြောက်ဦးခန့် (၁ဝ ရာခိုင်နှုန်း)လောက် ရှိပါတယ်'' ဟု ပန်းတနော်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းက ပြောသည်။ မြွေအန္တရာယ် ကာကွယ်ရေးသည် ဧရာဝတီတိုင်း ဒေသကြီးအတွက် အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်ခြင်းကြောင့် အချက် ငါးချက်ဖြင့် ပညာပေး နေကြောင်း သိရသည်။

''မြွေဆိပ်ဖြေဆေးက မြွေပွေးနဲ့ မြွေဟောက်အတွက် ဆိုပြီး နှစ်မျိုး ရှိတယ်။ မြင်းကတော့ နှစ်မျိုးစလုံး အတွက် ဖြေဆေး ထုတ်နိုင်ပေမယ့် သိုးက မြွေပွေးအတွက်ပဲ မြွေဆိပ်ဖြေဆေး ထုတ်နိုင် သေးတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွေကိုပဲ မြွေဆိပ်ဖြေဆေး ရောင်းတာပါ။ ဒါပေမဲ့ ပြင်ပက အဖွဲ့အစည်းတွေက လိုအပ်ရင် သက်ဆိုင်ရာ ဝန်ကြီးဌာနကို စာတင်ပြီးတော့ ဝယ်လို့ ရပါတယ်။ လက်ရှိ အပြင်က ဝယ်ယူတဲ့ ပမာဏကလည်း များပါတယ်။ ဝန်ကြီးဌာနတွေ ကတော့ တစ်နှစ်စာ ဝယ်ယူမယ့် ပမာဏကို ကြိုမှာပါတယ်။ ပမာဏက သတ်မှတ် ထားတာတော့ မရှိပါဘူး''ဟု ဆေးဝါးစက်ရုံ (အင်းစိန်) ကုန်ထုတ်-၂ ဌာနကြီးမှ လက်ထောက် စက်ရုံမှူး ဒေါက်တာ မိုးမိုးလှိုင်က ပြောသည်။ ထို့ပြင် မြင်း၊ သိုး တိရစ္ဆာန်များမှ မြွေဆိပ်ဖြေဆေး ထုတ်ယူရန် ခြောက်လမှ ရှစ်လခန့် ကြာမြင့် တတ်၍ မြင်းတစ်ကောင်မှ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဖြေဆေး အလုံးရေ ၃၆ဝ ဝန်းကျင် ထုတ်လုပ်နိုင်ပြီး သိုးတစ်ကောင်မှ ဖြေဆေး အလုံးရေ ရှစ်လုံးဝန်းကျင်ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ယင်းအပြင် မြွေပွေး အဆိပ်ဖြေဆေး တစ်လုံး၏ အာနိသင်မှာ မြွေပွေးအဆိပ် ၁ဝ မီလီဂရမ်ကို ဖြေနိုင်ပြီး မြွေဟောက် အဆိပ်ဖြေ ဆေးတစ်လုံး၏ အာနိသင်မှာ အဆိပ် သုည ဒသမ ၆ မီလီဂရမ်ကို ဖြေနိုင်ကာ မြွေဆိပ် ဖြေဆေးမှာ အကိုက်ခံရသည့် နေရာနှင့် အချိန် ကာလ ကြန့်ကြာမှုပေါ် မူတည်၍ ထိုးရသည့် ဆေးအမျိုး အစား ဖြစ်ကြောင်း သိရသည်။

 

 

 

Read 731 times Last modified on Friday, 05 August 2016 08:58

Latest from ရွှေတည်

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more