မေး ။ ။ ဒီနေ့တော့ ဘယ်လိုမျိုးအစား အစာတွေစားရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ ဆွေးနွေးချင်ပါတယ်ဆရာ။

Thursday, 22 December 2016 12:40

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C ပိုး ရှိနေ

Written by 
Rate this item
(0 votes)

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး၊ C ပိုးရှိနေကြောင်း အသည်းဖောင်ဒေးရှင်းမှ သိရသည်။ မြန်မာနိုင်ငံ၌ B ပိုး၊C ပိုး ဖြစ်ပွားသူ

ဦးရေ သိရှိနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ အသည်းဖောင်ဒေးရှင်း ၁၈ နေရာ၌ သွေးစစ်မှုများပြုလုပ်နေရာ ပျမ်းမျှအားဖြင့် B ပိုးဖြစ် ပွားသူ ၈ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းရှိပြီး C ပိုးဖြစ်ပွားသူ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ''B ပိုးနဲ့ C ပိုးက ပျမ်းမျှအားဖြင့် လူငါးသန်းလောက်မှာ ရှိနေတယ်။ ငါးသန်းမှာ လူတိုင်းတော့ ရော ဂါမဖြစ်ေ သးဘူး။ ပိုးတော့ရှိတယ်။ ပိုးရှိပြီး ရောဂါမဖြစ်သေးတဲ့ သူတွေကျတော့ ချက်ချင်းအ ရေးပေါ်ကုဖို့မလိုဘဲ ခဏတော့စောင့်လို့ရတယ်။ B ပိုးကိုတော့ ပြန်စစ်ကြည့်ပြီးမှ ပိုးအရမ်း များ နေတယ်ဆိုရင် C ပိုးကတော့ သောက်ဆေးရှိတယ်''ဟု အသည်းဖောင်ဒေးရှင်းမှ ဒေါက်တာ ကျော်ဇောက ပြောသည်။

B ပိုး၊ C ပိုးကြောင့် အသည်းခြောက်ရောဂါ ဖြစ်ပွားနေသူများအား အသည်းဖောင်ဒေးရှင်းများက ဆေးစစ်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးပေးခြင်း တို့ကို အခမဲ့ပြုလုပ်ပေးပြီး C ပိုးနှင့်HIV ပိုး ရှိသူများ၊ B ပိုး၊ C ပိုးတွဲဖြစ်သူများကိုပါ ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''B ပိုး၊ C ပိုးမကူးအောင် သွေးသွင်းတဲ့အခါ စစ်ပြီးတော့သွင်းရမယ်။ သန့်ရှင်းတဲ့ ဆေးထိုးအပ် သုံးရမယ်။ မိသားစုထဲမှာ B ပိုးရှိရင် ကာကွယ်ဆေး ထိုးထားရမယ်။ B ပိုးကာ ကွယ်ဆေးက သုံးလုံးပြည့်အောင် ထိုးရတယ်။B ပိုး၊ C ပိုးမကူးအောင် လက်သည်းညှပ်အတူ မသုံးရဘူး။ သွားတိုက်တံ အတူမသုံးရဘူး။B ပိုး၊ C ပိုး ရှိနေတယ်ဆိုတာ ကြည့် ရုံနဲ့မသိနိုင်ဘူး''ဟု ကျန်းမာ ရေးအသိပညာပေး လုပ်ဆောင်နေသူ ဒေါက်တာလင်းလက်ထွန်းက ပြောသည်။

C ပိုးမှာ ပိုးစဝင်သည့် အချိန်မှစ၍ ၁ဝ နှစ်မှ နှစ် ၂ဝ အတွင်းမှသာ ရောဂါလက္ခဏာပြပြီး တချို့ တွင် ရေဖျဉ်းစွဲခြင်း၊ သွေးအန်ခြင်းနှင့် အသည်းခြောက်ခြင်း စသည့် ရောဂါ လက္ခဏာများ ဖြစ် ပေါ်မှသာ ပိုးရှိမှန်းသိကြသည်။

 

 

 

Read 769 times Last modified on Thursday, 22 December 2016 12:50

ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး

သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica

Read more

အသည်းရောင် စီပိုး ကုသဆေး သုံးမျိုး

ရန်ကုန် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အဖြစ်များသည့်

Read more

ဆီးချိုသွေးချို ရောဂါ အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်

ပရိုဘိုင်အိုတစ်ခေါ် အကျိုးပြု အဏုဇီဝ လေးများ

မေး။။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဘိုင်အိုတစ် ဆိုတဲ့

Read more

သဘာဝ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင် အကြောင်း သိကောင်း

သဘာဝ ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်အကြောင်း သိကောင်း စရာများကို 

Read more

တီဘီ ရောဂါနှင့်ဆေးယဉ်ပါး တီဘီ ရောဂါ ဆိုင်ရာ အသိ

ရန်ကုန်  မတ်   ၂ဝ

မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်

Read more

ညအိပ်ရာဝင် ခြေဆေးခြင်း အကျိုး

ညအိပ်ရာဝင်ချိန် ခြေထောက် ဆေးခြင်းဖြင့် မျက်စိကြည်ပြီး

Read more

ကိုယ်ဝန်ဆောင် မိခင်များ ငါးကို ပုံမှန်စားသုံးပါက

ငါးသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်းဆုံးသော

Read more

ချိုင်းချွေးနံ့ ဆိုးခြင်းအတွက် လွယ်ကူမြန်ဆန်

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေးအထွက်

Read more

အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် မှဲ့ကင်ဆာရောဂါခံစားနေရသူ

Read more

ကျန်းမာရေး ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား

မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး C

ရန်ကုန်  ဒီဇင်ဘာ  ၂၁

မြန်မာနိုင်ငံရှိ လူဦးရေ

Read more

ကလေး ဖြည့်စွက်စာ ကျွေးခြင်း

မွေးခါစ အရွယ်မှ အသက်ခြောက်လ အထိ မိခင်နို့သာ

Read more

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့်

ပန်းတနော်   သြဂုတ်  ၎

ဧရာဝတီတိုင်း ဒေသကြီး၌

Read more

ဘီတာမင်ဘီဝမ်း ချို့တဲ့ရောဂါ

ဘီတာမင် ဘီဝမ်း ချို့တဲ့တဲ့ရောဂါဟာ နို့တိုက် မိခင်များ၊

Read more