SJ WorldNews - шаблон joomla Авто

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ရှုတ်ချခဲ့သည့် မလာနီယာထရမ့်

Wednesday, 20 June 2018 10:25 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်၌ သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း ပြောင်းလဲလာခဲ့သည့် မူဝါဒများအနက် လူမျိုးရေးခွဲခြားမှုရှိပြီး လူ့အခွင့်အရေးချိုးဖောက်သော မူဝါဒက လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အာရပ်နှင့် အာဖရိ ကနိုင်ငံခုနစ်နိုင်ငံမှ လူများကို ပြည်ဝင်ခွင့်မပေးရေးနှင့် မက္ကဆီကိုမှ ရွှေ့ပြောင်းလာသူများကို ဖမ်းဆီး ထောင်ချပြီး ကလေးများနှင့်မိဘများကို တကွဲတပြားစီထားသည့် ဖြစ်ရပ်အပါအဝင် ဖြစ်သည်။

ယခု ထိုပြဿနာကြောင့် ထရမ့်မှာ ၎င်း၏ဇနီး မလာနီယာထရမ့်နှင့် ပြဿနာ တက်နေရပြီဖြစ်သည်။ ထရမ့် တက်လာသည့် တစ်နှစ်ကျော်ကာလအတွင်း ၎င်းလုပ်ရပ်မှန်သမျှကို မလာနီယာထရမ့်က မည်သည့် စကားလုံး တစ်လုံးမှ ဝင်ရောက်ပြောဆိုမှု မရှိခဲ့ပေ။ ယခုမူ ၎င်း၏ အမျိုးသား လုပ်ရပ်ကို လုံးဝမထောက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလာပြီ ဖြစ်သည်။

မလာနီယာသည်လည်း မိခင်တစ်ယောက် ဖြစ်သောကြောင့် မိခင်နှင့်ကလေးငယ်များ တကွဲတပြားစီဖြစ်နေ မည်ကို လိုလားမည်မဟုတ်။ ထရမ့်က ထိုကလေးငယ်များအတွက် မကြည့်ဘဲ အိုဘားမားချမှတ်ခဲ့သည့် DACA အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။ DACA ဆိုသည်မှာ အမေရိကန်သို့ ရောက်ရှိလာသည့် တရားမဝင် သူများ၏ ကလေးများကို တရားစွဲမရ၊ နေရပ်ပြန်မပို့စေရန် အိုဘားမားစီစဉ်ခဲ့သည့် အစီအစဉ်ဖြစ်သည်။

ထရမ့်က သည်းခံနိုင်စွမ်း သုည ဒီဂရီကိုရောက်ရှိနေပြီဆိုသည့် စကားလုံးနှင့် ထိုအစီအစဉ်ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကာ ယခုလူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ဒီမိုကရက်တစ်တို့ကပင် စွပ်စွဲနေပြီဖြစ်သည်။ သို့သော် နေရာ တကာပါတတ်သည့် ကုလသမဂ္ဂက ထရမ့်နှင့်ကျမှ ငြိမ်ချက်သားကောင်းနေသည်။ ယခု ဆန္ဒပြပွဲများနှင့် ထရမ့်မူဝါဒဖြစ်သော ကလေးငယ်များအား အကျပ်ကိုင်သောဥပဒေကို အမေရိကန်၌ ကန့်ကွက်ေ နကြပြီဖြစ် သည်။မက္ကဆီကိုမှ တရားမဝင်ရောက်လာကြသည့် လူအများစုကိုဖမ်းဆီးကာ ထောင်ထဲထည့်ပြီးမှ ထရမ့်က တရားရင်ဆိုင်စေသည်။ ၎င်းတို့နှင့်ပါလာသည့်ကလေးများအား ဈေးဝယ်စင်တာများကို ဖျက်ပြီး ထိန်းသိမ်းရေး စင်တာပုံစံပြောင်းထားသည့်နေရာ၌ သီးသန့်ထားသည်။ တရားရင်ဆိုင်မှုမပြီးမချင်း ထိုကလေးများမှာ မိဘ များနှင့် ပြန်တွေ့ခွင့်မရပေ။

ထိုအချက်က မိဘနှင့်ကလေးငယ်တို့ကြား ခံစားချက်ကို အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်စေသည်။ ဒီမိုက ရက်တစ်တို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ဥက္ကဋ္ဌ၏ ထရမ့်လူ့အခွင့်အရေး ချိုးဖောက်နေသည် ဆိုသော စကားတစ်ခွန်းကို စောင့်စားနေကြသည်။ ၎င်းတို့ပြောနေရုံနှင့် ထရမ့်ကရပ်တန့်မည့် လူစားမျိုးမဟုတ်ပေ။ ၎င်း၏ပါတီက အသာစီးနှင့် အာဏာရနေသည့်အတွက် ၎င်းလုပ်ချင်သည့်အရာကို မဖြစ်ဖြစ်အောင်လုပ်၍ ရနေသည်။

မလာနီယာထရမ့်က ထိုပြဿနာများကို ရီပတ်ပလီကန်နှင့် ဒီမိုကရက်တစ်တို့ ပူးပေါင်းပြီး အဖြေရှာကြရန် တိုက်တွန်းထားကာ မြန်လေကောင်းလေဟုဆိုသည်။ မက္ကဆီကိုတွင်နေသူများက ဆင်းရဲဒုက္ခများကို ပစ်ပယ် ပြီး သုခဘုံဖြစ်သော အမေရိကန်ကို ပြောင်းချင်ကြသည့်အတွက် ရောက်လာကြပြီး ယခုတော့ မျှော်လင့် ချက်မဲ့ရတော့မည်ဖြစ်သည်။ ယခုအခါ အမေရိကန်၌ တရားမဝင် မက္ကဆီကိုလူမျိုး သန်းဆယ်နှင့် ချီရှိသည်ဟု ထရမ့်ကပြောသည်။ ထိုသူများက အခွန်လည်းမပေး။ ဝင်ငွေလည်ပတ်စီးဆင်းမှုနှင့် တည်ငြိမ်နေသည့် အလုပ်သမား အဖွဲ့အစည်းအတွက် အနှောင့်အယှက် ဖြစ်စေသကဲ့သို့ ၎င်းနိုင်ငံ၏စီးပွားရေးကို လည်း နှောင့်ယှက်စေသည်ဟု ထရမ့်ကပြောသည်။ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ထရမ့် အကျပ်တည်း ဆုံးအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကာ ဥရောပနည်းတူ အမေရိကန်လည်း ရွှေ့ပြောင်းလာသူ အရေးနှင့် တစ်စတစ်စ ပြဿနာ ပိုများလာနေပြီဖြစ်သည်။

ယခု ဂျာမနီဝန်ကြီးချုပ် မာကယ်လ်ကိုယ်တိုင် ၎င်း၏နယ်စပ်ရေးရာ ဝန်ကြီးကို တရားမဝင်ရောက် လာသူများအတွက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် သတိပေးထားကာ ဘယ်လ်ဂျီယံဆိုလျှင်လည်း ထိုအ တိုင်းပင် ဖြစ်သည်။ ထိုအထဲမှာမှ ယခု ထရမ့်လုပ်နေသည့် လုပ်ရပ်များက ပိုဆိုးနေသည်။ အိုဘားမားကလည်း ထရမ့်၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကာ လူကြီးများ၏အပြစ်အတွက် ကလေးငယ်များကိုပါရောပြီး အပြစ်ေ ပးခြင်းသည် မျှတသည့်လုပ်ရပ်မဟုတ်ဟု ၎င်း၏တွစ်တာ၌ ရေးသားခဲ့သည်။

ယခု ထရမ့်လုပ်နေသည်က အိုဘားမားပြောသည့် အတိုင်းပင်ဖြစ်သည်။ ဘဝသစ်ထူထောင်ရန် စွန့်စားလာ သူလူကြီးများကြောင့် ကလေးငယ်များ ဒုက္ခရောက်နေကြသည်။ ၎င်းတို့၏ပြစ်ဒဏ်ကိုပါရောပြီး ခံစားေ နကြရသည်။ လူကြီးများအတွက် ထည့်သွင်းမစဉ်းစားလျှင်ပင် ကလေးငယ်များအတွက် ထရမ့်က ထည့်သွင်း စဉ်းစားသင့်သည်။ ယခုကလေးငယ်များကိုထားသည့် ပုံစံပြောင်းစောင့်ရှောက်ရေး စင်တာများမှာ လိုအပ် ချက်များစွာရှိနေသည်။ ထိုအရာကိုလည်း ထရမ့်ထည့်သွင်းမစဉ်းစား။ ၎င်းစဉ်းစားသည်က မက္ကဆီကိုနှင့် နယ်စပ်ကို အတိအကျပိုင်းဖြတ်ရန်သာ ဖြစ်သည်။ မက္ကဆီကိုက ၎င်းနိုင်ငံ၏ စီးပွားရေးကို အဓိက အနှောင့်အယှက်ပေးသူအဖြစ် ထရမ့်ကိုမြင်နေသည်။ ပထမဆုံး မက္ကဆီကို တို့ကန့်ကွက်သည့် နယ်စပ်တံတိုင်းကို တည်ဆောက်သည်။ ယခု ပိုမိုတင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ထပ်မံကန့် သတ်ပြန်သည်။

ထိုလုပ်ရပ်များကိုသာ ထရမ့်အနေဖြင့် မရပ်တန့်ခဲ့လျှင် ကလေးငယ်များနှင့် မိဘများပြန်လည်တွေ့ဆုံရန် ရာခိုင်နှုန်းနည်းလာနိုင်သည်။ ထို့ပြင် မက္ကဆီကိုမှရောက်လာသူ အားလုံးသည်လည်း အထုပ်ပိုက်ပြီး နေရပ် ကို ပြန်သွားရမည်ဖြစ်သည်။ ထရမ့်လုပ်ရပ်နှင့် အိုဘားမားလုပ်ရပ်နှစ်ခုကို ယှဉ်ကြည့်လျှင် အိုဘားမားလုပ်ရပ်များက တရားမျှတမှုရှိသည်။ မိခင်နှင့်ကလေးငယ်များကို ခွဲမထားဘဲ ထောင်ပြင်ပမှ တရားရင်ဆိုင်စေ သည်။ ထိုနည်းဖြင့် ၎င်းတို့၏စားဝတ်နေရေးကို ဖြေရှင်းပေးစရာမလိုဘဲ လူ့အခွင့်အရေးကိုလည်း အလေးထားရာ ရောက်သည်။

ယခု ထရမ့်လုပ်သည့်လုပ်ရပ်က လူ့အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်နေသည်။ ဒီမိုကရက်တစ်တို့က ထိုဖြစ်စဉ် အားလုံးနှင့် ပတ်သက်ပြီး ထရမ့်တစ်ယောက်တည်းမှာသာ တာဝန်ရှိသည်ဟု အခိုင်အမာဆို ထားသည်။ ထို့ကြောင့် တာဝန်ယူရမှာလည်း ထရမ့်သာဖြစ်သည်ဟု ပြောကြသည်။ ထရမ့်ကတော့ ၎င်း၏ပုံစံ အတိုင်း ၎င်းလုပ်ပြီးလျှင် မှားမှားမှန်မှန် မည်သည့်မှတ်ချက်မှမပေးဘဲ ရေငုံနှုတ်ပိတ်လုပ်နေသည်။ စိတ် ပေါက်မှသာ ချက်ချင်းဆိုသလို တွစ်တာပေါ်၌ ရေးတတ်သည်။ အမေရိကန်သမိုင်းတွင် လူမှုကွန်ရက်စာ မျက်နှာကိုသုံးလွန်းသည့် သမ္မတတစ်ဦးအဖြစ် မှတ်ချက်ချခံထားရပြီးဖြစ်သည်။ ယခုအခါ မီဒီယာ များက ထရမ့်အနေဖြင့် တစ်စုံတစ်ရာရေးမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ထရမ့်၏တွစ်တာကို စောင့်ကြည့်နေကြရ ပြီဖြစ်သည်။ ယခုပြဿနာတွင် မလာနီယာထရမ့်တစ်ယောက် ပါဝင်လာသည့်အတွက် ထူး ဆန်းနေသကဲ့သို့ ထရမ့်၏တုံ့ပြန်ချက်လည်း အနည်းငယ်ပြောင်းလဲလာနိုင်သည်ဟု အများစုက မျှော်လင့်နေကြသည်။ မလာ နီယာနှင့်သမ္မတထရမ့်တို့၏ ဆက်ဆံရေးကလည်း ထင်သလောက်အဆင်ပြေခြင်း မရှိပေ။ ထရမ့်သွားသည့် ခရီးတိုင်းတွင် ကော်ဇောနီခင်းထားသည့် လမ်းတစ်လျှောက်ထရမ့်က လူကြားထဲတွင် ဇနီး၏လက်ကို ကိုင် ချင်သည်။ မလာနီယာက အမြဲတမ်း ပုတ်ချခဲ့သောကြောင့် ၎င်းတို့ကြားမှ ဆက်ဆံရေးက အဖုအထစ်ရှိနိုင် သည်ဟု မီဒီယာတို့က ကောက်ချက်ချကြသည်။ ထို့ကြောင့် ယခု ၎င်း၏ဇနီးပါဝင်လာသည့် အရေးတွင် လူ့အခွင့်အရေးနှင့်လည်း တိုက်ရိုက်သက်ဆိုင် နေသောကြောင့် ထရမ့်အဖို့ ရည်ရွယ်ချက်အနည်းငယ် ပြောင်းလဲလာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ ရှိန်းထက်

Read 30 times
Rate this item
(0 votes)
Last modified on Wednesday, 20 June 2018 10:28