SJ WorldNews - шаблон joomla Авто

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် ထိခိုက်လာနိုင်သည့် ကမ္ဘာ့ စီးပွားရေး

Thursday, 14 June 2018 11:30 Written by  font size decrease font size decrease font size increase font size increase font size

အာရှ-ပစိဖိတ်တွင် မြောက်ကိုရီးယား အရေးအောင်မြင်မှုများဖြင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့် လက်မထောင်နေနိုင်သော်လည်း ကမ္ဘာ့စီးပွားရေးရာများတွင် ထရမ့်တစ်ယောက် မျက်နှာပန်း မလှရှာပေ။

နိုင်ငံတကာက သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ ထရမ့်အပေါ်ဝိုင်းဝန်းကန့်ကွက် နေကြသော်လည်း ထရမ့်ကတော့ လုံးဝအလျှော့မပေးဘဲ ၎င်း၏လမ်းကြောင်းအတိုင်းသာ ဆက်လျှောက်နေသည်။ ထို့ကြောင့် တရုတ်နှင့်လည်း ဆက်ဆံရေးပိုမိုတင်းမာလာခဲ့ရကာ အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံ တန်ဖိုးစီ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခွန်များ အပြိုင်အဆိုင် တိုးေ ကာက်ခဲ့ကြသည်။ ဥရောပသမဂ္ဂကလည်း အမေရိကန် အပေါ် တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသကဲ့သို့ ထရမ့်လုပ်ရပ်အပေါ် အမုန်းကြီးမုန်းနေကြသည်။ ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်၌ သွားရောက်တွေ့ဆုံစဉ် ရှီကျင့်ဖျင်ကိုယ်တိုင် ကိုယ်ကျိုး စီးပွားကို မကြည့်ကြရန် တိုင်ပင်ခဲ့စဉ်က အကောင်း၊ ယခုတော့ ထရမ့်က ၎င်း၏ကိုယ်ကျိုးကိုသာ ပြတ်ပြတ် သား သားကြည့်နေသည်။

ထိုအရာက ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်ကာ ကုန်စည်စီးဆင်းမှုကို နှေးကွေးစေသည်။၂ဝဝ၈ ခုနှစ် ကမ္ဘာ့ စီးပွားရေးကျဆင်းမှု ဒဏ်မှရုန်းထွက်ရန် ကြိုးစားနေရဆဲ အခြေအနေတွင် ကမ္ဘာ့စီးပွားရေး ကလည်းကောင်း မွန်သည့်ပုံစံမျိုးမဟုတ်။ ခိုင်မာသည်ဟု ဆိုနိုင်သည့် ဥရောပ အဖွဲ့အစည်းကြီးပင် ယိုင်နဲ့နေသည့် အနေအ ထားနှင့် နောက်ဆုံး ဗြိတိန်ပင် ဥရောပသမဂ္ဂမှ ခွဲထွက်သွားခဲ့ရသည် အထိ ဖြစ်သည်။ ဥရောပသမဂ္ဂနိုင်ငံ တိုင်း၏ စီးပွားရေးမှာ ၃ ရာခိုင်နှုန်းထက်မပိုဘဲ ယင်းအောက်ရောက်သည့် နိုင်ငံများပင် ရှိနေသည်။ ထိုကြား ထဲစီးပွားရေးပျက်ကိန်း ဆိုက်သွားခဲ့သော ဂရိအ တွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)နှင့် ဥရောပသမဂ္ဂ (EU)တို့ ဘီလီယံနှင့်ချီ ကူညီခဲ့ရသေးသည်။

သို့သော်လည်း ယခုအချိန်ထိ ဂရိမှာစီးပွားရေးပြန်လည်နာလန်မထူနိုင်သေး။ ထို့ကြောင့် ဥရောပသမဂ္ဂလည်း စီးပွားရေး အခြေအနေ ထင်သလောက်မကောင်းပေ။ ထိုအချိန်တွင် ၎င်းနှင့် အကောင်း ဆုံး ကုန်သွယ်ဖက် အမေရိကန်နှင့်သာ ဆက်လက်တင်းမာခဲ့လျှင် ဥရောပသမဂ္ဂ၏ စီးပွားရေးလည်း အောက်စိုက်သွားနိုင်ကာ အမေရိကန်တို့ထင်နေသည့် ၎င်း၏ကောင်းဘက်ဆိုသည့် အရာက လည်း ထင်သည့်ပုံစံအတိုင်း ဖြစ်လာမည် မဟုတ်ပေ။ G7 ထိပ်သီးအစည်းအဝေးတွင် ထရမ့်ကို နိုင်ငံ့ကိုယ်စားလှယ်တိုင်းက ဝိုင်းဝန်းဖျောင်းဖျခဲ့ကြသည်။ သို့သော် ထရမ့်က ၎င်း၏ပုံစံအတိုင်း ဂရုမ စိုက်ဘဲ G7 ခေါင်းဆောင်များကိုပင် အပြစ်တင်ခဲ့သေးသည်။

ထို့ကြောင့် ထရမ့်၏ အခွန်တိုးကောက်မည့် အစီအစဉ်က လုံးဝလက်လျှော့မည့်ပုံစံ မပေါ်ပေ။ ထိုအရာက လူတိုင်းစိုးရိမ်လာနေသည့် ကုန်သွယ်ရေး စစ်ပွဲဆိုသည့် အရာဘက်သို့ ဦးတည်မည်ဖြစ် သည်။ တရုတ်နှင့် စီးပွားရေးအရ နောက်ထပ်တစ်ကြိမ် ထပ်မံထိပ်တိုက်တွေ့ဦးမည်ဆိုလျှင် ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားရန် ရာခိုင်နှုန်းအများဆုံး ဖြစ်နေသည်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့လျှင် မည် သည့်နိုင်ငံမှ ရလဒ်ကောင်းများ ထွက်ပေါ် လာမည်မဟုတ်ဘဲ ထိုကြားထဲ ဥရောပသမဂ္ဂလည်း ထရမ့်ကြောင့် ပါဝင်လာရမည်ဖြစ်သည်။ ယခု ထရမ့်၏ လုပ်ရပ်က ၎င်း၏သြဇာကိုအသုံးချပြီး ခြယ် လှယ်ချင်သည့် ပုံစံဖြစ်နေသည်။ ဥရောပသမဂ္ဂသည်လည်း ၎င်း နှင့်မကင်းရာမကင်းကြောင်း ဖြစ်သည့်အတွက် လုပ်ချင်ရာလုပ်နေသည်။

အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်မည်ဟု လေသံပစ်လိုက်ကတည်းကပင် ဥရောပသမဂ္ဂကုမ္ပဏီများ အီရန်မှ ထွက်ခွာမည်ဟု ကြေညာခြင်းက ဥရောပသမဂ္ဂ ကုမ္ပဏီများအပေါ် အမေရိကန် တို့ သြဇာမည်မျှ သက်ရောက်သည်ကို သိနိုင်သည်။ ထိုအချက်ကို စီးပွားရေးသမားထရမ့်က ရိပ်မိသည်။ သို့သော်လည်း ကုန် သွယ်ရေးစစ်ပွဲဆီသို့ ဦးတည်စေရန် လုပ်ဆောင်ချက်များက ထရမ့် အပေါ် နားလည်ရခက်လှသည်။

အမှန်တကယ် ထရမ့်က ၎င်း၏အကျိုးအမြတ်ရရှိရန် သေချာနေ၍ လုပ်နေခြင်းလားဟုပင် သံသယဖြစ်စရာ ကောင်းလွန်းနေသည်။ မဟာမိတ်များနှင့်လည်း အဆင်မပြေ။ နောက်ဆုံး စီးပွားရေးအရ အဆင်ပြေရမည့် တရုတ်နှင့်ပင် ထိပ်တိုက်သွားတွေ့နေပြန်သည်။ ၎င်းအပေါ် အလုံးစုံမှီခိုနေရသည့် မက္ကဆီကိုနှင့် ကနေဒါကို လည်း ထရမ့်က အမြတ်ထုတ်နေပြန်သည်။ ထိုနှစ်နိုင်ငံစလုံးက ယခု တရုတ်ဘက်ကို အလေးသာနေကာ တောင်အမေရိကနိုင်ငံများဘက်ကိုပင် သေချာသည့်စီးပွားရေး လက်တံများ ဆန့်ထုတ်နေသည်။ ထိုအချက်က အမေရိကန်အတွက် အဆင်ပြေနိုင်မည်မဟုတ်။ သို့သော်လည်း ထရမ့်က လုံးဝအလျှော့မပေးဘဲမြောက် အမေရိကလွတ်လပ်သော ကုန်သွယ်ရေး စာချုပ်ကိုပင် ရပ်တန့်ခဲ့သည်။

ယခု ထရမ့်နှင့် ၎င်း၏မဟာမိတ်တို့အဆင်မပြေတော့ပေ။ ၎င်းနှင့်အဆင်ပြေသည့် နိုင်ငံဆို၍ လက်ချိုးရေ တွက်၍ပင်ရတော့မည့်အနေအထားဖြစ်သည်။ တူရကီဆိုလျှင်လည်း ရုရှားဘက်ကို ရောက်နေပြီ ဖြစ်သည်။ အာဆီယံဘက်မှ နိုင်ငံများကလည်း တရုတ်ဘက်ပါနေသည်။ ၎င်း၏မဟာမိတ်အများစုက ယခု တရုတ်နှင့် ရုရှားဘက်ကို ပါနေကြသည်။ ထို့ကြောင့် ထရမ့်လိုချင်သည့် ၎င်း၏အကျိုးအမြတ်က ဘယ်မှာလဲဟုပင် မေးခွန်းထုတ်စရာဖြစ်နေသည်။ ထိုအချိန်ထိ ထရမ့်က လက်မလျှော့သေးပေ။ ၎င်း၏ယုံကြည်မှုကို လက်ကိုင် ထားကာ နိုင်ငံကြီးများနှင့် ပြဿနာ လိုက်ဖြစ်နေသည်။ စီးပွားရေးအရ သဘောထားများကို လိုက်တင်းမာနေသည်။ ၎င်းကို မဟာမိတ်များက မချစ်သော်လည်း အောင့်ကာနမ်းနေရသည့်ပုံစံ ဖြစ်နေသည်။ တစ်ဖက်ဖက် သာ သေချာ လျှင်တော့ ၎င်း၏မဟာမိတ်များ ၎င်းဘက်တွင် ရှိတော့မည်မဟုတ်ပေ။

ယခု ၎င်းက စီးပွားရေး အင်အားအကြီးဆုံး ဆိုသည့်နေရာကိုယူထား၍သာ ၎င်းနှင့် ဆက်ဆံနေရခြင်းဖြစ်သည်။ အကယ်၍ ထရမ့်သာ ယခုအတိုင်း ၎င်း၏ကိုယ်ကျိုးကို ဆက်ကြည့်နေမည်ဆို လျှင်တော့ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ၎င်းအပေါ်ကို အဓိကအားထားနေရသည့် နိုင်ငံများ ဒုက္ခရောက်ရတော့မည်ဖြစ်သည်။ ယခု ကမ္ဘာ့စီးပွားရေး တိုးတက်လာမှုက အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဥရောပသမဂ္ဂနိုင်ငံများဆီမှ အဓိက လာသည်။

၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုက ၃ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည်။ ၂ဝ၁၈ ခုနှစ်အတွက် ခန့်မှန်း ချက်က သုည ဒသမ ၁ ရာခိုင်နှုန်းသာတိုးတက်ရန် မျှော်မှန်းထားနိုင်သည်။ အကယ်၍ အမေရိကန်ကြောင့်သာ တရုတ်၊ ဥရောပသမဂ္ဂ အင်အားကြီးသုံးဖွဲ့ တိုက်ရိုက်တွေ့ကြမည်ဆိုလျှင် အင်အားချိန်ခွင်လျှာမျှတော့ မည်မဟုတ်ပေ။ ဂျပန်တစ်နိုင်ငံတည်းနှင့် ထိုအခြေအနေကို ထိန်းချုပ် ထားရန်လည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစည်းအဝေး၌ ကမ္ဘာ့စီးပွားရေး တိုးတက်မှု တွင် ထရမ့်ကြောင့် အဓိကထိုးနှက်မှုကြီး တစ်ခုဖြစ်လာမည်ကို စိုးရိမ်သည်ဟု ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထရမ့်က မြောက်ကိုရီးယား အရေးတွင် မည်ကဲ့သို့ပင် မျက်နှာပန်းလှလှ၊ ကမ္ဘာ့စီး ပွားရေးကို အန္တရာယ်ဖြစ်စေသည့် ဘက်တွင်တော့ နံပါတ်တစ်တရားခံ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။ရှိန်းထက်

Read 27 times
Rate this item
(0 votes)
Last modified on Thursday, 14 June 2018 11:42