Print this page

လေဆာလက်နက်များ တပ်ဆင်ထားသည့်တိုက်လေယာဉ်များ ၂ဝ၂၁ ခုနှစ်တွင် တွေ့မြင်ရမည်

Saturday, 11 November 2017 10:21 font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်ထောင်စုရှိ လော့ဟိမာ တင်ကုမ္ပဏီက လေတပ်သုတေသန ဓာတ်ခွဲခန်းမှ ဒေါ်လာ ၂၆ ဒသမ ၃ သန်းတန်ဖိုးရှိ ကန်ထရိုက်တစ်ခုကို ရရှိသွားသည်။

ထိုကန်ထရိုက်မှာ  တိုက်လေယာဉ်များတွင် လေဆာလက်နက်များ တပ်ဆင်နိုင်ရန်အတွက် ပုံစံနှင့် တိုက်ရိုက်စွမ်းအင်ပေးမှု စနစ်ကို ထုတ်လုပ်ပေးရမည်ဖြစ်သည်။ ထို့ပြင် ယင်းနည်းပညာကို ၂ဝ၂၁ ခုနှစ်တွင် စတင်စမ်းသပ်ပြသရမည့် အစီအစဉ်လည်း ပါဝင်သည်။

မြေပြင်အခြေစိုက် လေဆာလက်နက်များကို အကြိမ်ကြိမ်စမ်းသပ်မှုများ လုပ်ဆောင်ကာ အောင်မြင်မှုများ ရရှိထားပြီးနောက် ယခုကဲ့သို့ တိုက်လေယာဉ်တွင် လေဆာလက်နက် များတပ်ဆင်မည့် အစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် သေးငယ်သော အရာဝတ္ထု များအတွက်နှင့်  လေကြောင်းတွင် အသုံးပြုနိုင်ရန်အတွက် ဒီဇိုင်းမှာ စိန်ခေါ်မှုတစ်ခုပင် ဖြစ်ကြောင်း  ကျွမ်းကျင်သူများက ပြောထားသည်။

ယခုထုတ်လုပ်မည့်   လေဆာစနစ်သည် တိုက်လေယာဉ်များ အနေဖြင့် ပစ်မှတ်များကို ဝေဟင်မှပစ်ချနိုင်စွမ်း ရှိရမည့်အပြင် ယခင်ပုံစံများဖြစ်သည့် သင်္ဘော သို့မဟုတ် ယာဉ် များအပေါ်တွင်   တပ်ဆင်ပစ်ခတ်ရသည့် လေဆာစနစ်ပုံစံများနှင့်   ကွဲပြားခြားနား ရမည်ဖြစ်သည်။

အမေရိကန်စစ်ဘက်သည် မျိုးဆက်သစ် ရှုပ်ထွေးသော ပတ်ဝန်းကျင်များအတွက် လေ ဆာစွမ်းအင် တိုးမြှင့်ရေး(LANCE)အစီအစဉ်ကို အကောင်အထည် ဖော်နေခြင်းဖြစ်သည်။

လော့ဟိမာတင် ကုမ္ပဏီသည်   ယခုနှစ် အစောပိုင်းကလည်း အမေရိကန်ကြည်းတပ် မြေပြင်တိုက်ခိုက်ရေး ယာဉ်တွင်တပ်ဆင်ကာ အသုံးပြုနိုင်သည့်  ၆ဝ  ကီလိုဝပ် အတန်းအစား လေဆာလက်နက် စနစ်ကို လွှဲပြောင်း ပေးအပ်ထားပြီးဖြစ်သည်။

ထို့ပြင် စက်တင်ဘာလအတွင်းကလည်း ဗအ့နညေ လေဆာလက်နက် စနစ်ကို စမ်းသပ် ပြသည့် ဗီဒီယိုမှတ်တမ်းကို ထုတ်ဖော်ပြသခဲ့သည်။ ယင်းဗီဒီယိုမှတ်တမ်းတွင် အဆိုပါ လေဆာလက်နက်သည် စမ်းသပ်ခံမောင်းသူ မဲ့လေယာဉ်ကို အောင်မြင်စွာ ပစ်ချလိုက်နိုင် သည်ကို တွေ့ရသည်။

အဆိုပါ  Athena လေဆာစနစ်သည် မြေပြင်အခြေစိုက်စနစ်ဖြစ်ပြီး  တင့်ကားများနှင့်  အခြားမြေပြင်သုံး တိုက်ခိုက်ရေး ယာဉ်များတွင်  တပ်ဆင်အသုံးပြုနိုင်သည်။ သို့သော် တစ်နေ့တွင် ယင်းလေဆာစနစ်ကို လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် သင်္ဘောများတွင် တပ်ဆင်ပစ်ခတ်နိုင်စေရန် လုပ်ဆောင်မည်ဟု  လော့ဟိမာတင် ကုမ္ပဏီက ဆိုထားသည်။               

Read 18 times Last modified on Saturday, 11 November 2017 10:22