SJ WorldNews - шаблон joomla Авто

အင်တာနက်မလိုဘဲ ဖိုင်များကို လွှဲပြောင်းပေးပို့နိုင်မည့် Android App အသစ်တစ်ခုကို ဖြန့်ချိရန် Google စီစဉ်နေ

Friday, 10 November 2017 10:44 font size decrease font size decrease font size increase font size increase font size

မိုဘိုင်းအင်တာနက်ကို အသုံးမပြုဘဲ ဖိုင်များကို  မိမိပေးပို့ လိုသူများထံသို့ အလွယ်တကူ ပေးပို့နိုင်မည့် Android App အသစ်ကို Google က  ဖြန့်ချိရန် စီစဉ်နေသည်။  

ထို App   သည် Apple  ၏ Air Drop နှင့် လုပ်ဆောင်ပုံချင်း ဆင်တူသော်လည်း  ယင်းထက်သာလွန်သည့်အချက်မှာ Smart Storage Manager အဖြစ် ဆောင်ရွက်ခြင်း  ဖြစ်သောကြောင့်  အသုံးပြုသူများက ဖိုင်များကိုဝေမျှခြင်း၊    စီမံခန့်ခွဲခြင်းနှင့် ဖျက်ပစ်ခြင်းတို့   လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Files Go ဟု  အမည်ပေးထားသည့် အဆိုပါ App အသစ်ကို Google က Play Store ၌  ခေတ္တပြသခဲ့သည်။ လက်ရှိတွင် အဆိုပါ App  ကို  Android Version 5.0 နှင့်အထက်သာ အသုံးပြုနိုင်ဦး မည်ဖြစ်သည်။

သို့သော် ထို App ကို မည်သည့်အချိန်တွင် တရားဝင်ဖြန့်ချိမည်ကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ Storage Tab  ဓာတ်ပုံတွင် ဖော်ပြထားချက်အရ  မိမိဖုန်းတွင်  မူလအချက်အလက် သိုလှောင်မှု ပမာဏ  မည်မျှပါဝင်ပြီး    မည်မျှ အသုံးပြုထားသည်ကို ဖော်ပြထားသည့်အပြင်  Clean Cache ခလုတ်လည်း  ပါဝင်သည့်အတွက် မလိုအပ်သည့် Cache များကို အလွယ်တကူ ရှင်းထုတ်နိုင် မည်ဖြစ်သည်။

Files Tab တွင် ဖိုင်များလွှဲပြောင်းပေးခြင်းကို   အဓိလုပ်ဆောင်ချက်အဖြစ် ထည့်သွင်းထားပြီး  Bluetooth  ဖြင့်  ဖမ်းယူနိုင်သည့် အကွာအဝေး အတွင်း၌ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံဖိုင်များကို အလွယ်တကူ ပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 12 times Last modified on Friday, 10 November 2017 10:45