SJ WorldNews - шаблон joomla Авто

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+ ကို ပြည်တွင်း ဈေးကွက်၌ မိတ်ဆက်

Friday, 13 October 2017 10:09 font size decrease font size decrease font size increase font size increase font size

စမတ်ဖုန်း လောကတွင် ပထမဆုံးဖြစ်သည့် Full View မျက်နှာပြင်နှင့်အတူ 24 MP LED Flash ပါရှိသည့် Vivo V7+ ကို ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်လိုက်ပြီဖြစ်သည်။

အဆိုပါဖုန်းမှာ V Series ထုတ်ကုန်တွင် နောက်ဆုံးပေါ် ဖန်တီးမှုအဖြစ် ဒီဇိုင်းကို အသားပေးထားခြင်း ဖြစ်သည်။ အဆိုပါဖုန်းသည် ထူးခြားသော ဓာတ်ပုံအင်္ဂါရပ်များ၊ ဖန်သားပြင် အရည်အသွေးနှင့် Social Media အသုံးပြု သူများအတွက် သင့်လျော်သည်။ “V7+ က လူငယ်တွေအကြိုက် ဆန်းသစ်တဲ့ ကင်မရာလုပ်ဆောင်ချက်၊ စွဲမက်ဖွယ်ဂိမ်း၊ အဆင့်မြင့် အသံစနစ်တွေနဲ့ စတိုင်ကျတဲ့ စမတ်မုန်းတစ်လုံး ဖြစ်ပါတယ်။ အခုလို မိတ်ဆက်ပေးနိုင်တဲ့ အတွက် Vivo အနေနဲ့ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ဈေးကွက် ဖော်ဆောင်နိုင် ဖို့လည်း မျှော်လင့်ပါတယ်” ဟု Vivo Mobile Myanmar Co.,Ltd. မှ Digital PR Manager ဦးထွန်းထွန်းဝင်းက ပြောသည်။ ဖုန်းမျက်နှာပြင်မှာ ပုံမှန်ထက် ပိုမိုပြတ်သားသည့် မျက်နှာပြင်ဖြစ်အောင် ပံ့ပိုးပေးထားသည့် အတွက် ရုပ်ရှင်ကြိုက်နှစ်သက် သူများနှင့် ဂိမ်းကစားလိုသူများ အတွက် အထူးသင့်လျော်သည်။ ထို့ပြင် Game Mode ပါဝင်သည့်အတွက် ဂိမ်းကစားနေချိန် အတွင်း အဝင်ဖုန်း ခေါ်ဆိုမှုများနှင့် စာပို့ခြင်းများကို တားဆီးနိုင်သည်။ 24 MP ကင်မရာဖြင့် အဆင့်မြင့်ဓာတ်ပုံများ ဖန်တီးခြင်း၊ သဘာဝ အရောင်နှင့် ဆန့်ကျင်ဘက် အရောင်များ မြှင့်တင်ခြင်းတို့ဖြင့် အမှတ်တရများကို ပုံဖော် ရိုက်ကူးနိုင်မည်ဖြစ်သည်။ V7+ အနက်ရောင် စမတ်ဖုန်းကို ယခုလမှစ၍ တစ်နိုင်ငံလုံးရှိ V7+ အရောင်းပြခန်း များတွင် ဝယ်ယူနိုင်ပြီး ဈေးနှုန်း ငွေကျပ် လေးသိန်းနှစ်သောင်း ကိုးထောင် သတ်မှတ်ထားကြောင်း သိရသည်။

 

Read 8 times Last modified on Friday, 13 October 2017 10:17