SJ WorldNews - шаблон joomla Авто

ကြီးမားသော မျက်နှာပြင် အရွယ်အစားနှင့် ဈေးကွက်အတွင်း ဝင်လာသည့် Honor 7X

Friday, 13 October 2017 10:08 font size decrease font size decrease font size increase font size increase font size

Huawei ကုမ္ပဏီ၏ အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်သော Honor သည် ၎င်း၏နောက်ဆုံး ထုတ်လုပ်လိုက်သော 7X စမတ်ဖုန်းကို ကြီးမားသော မျက်နှာပြင် အရွယ်အစားဖြင့် ဈေးကွက် အတွင်းသို့ တင်သွင်းလိုက်ပြီဖြစ်သည်။

မျက်နှာပြင်အရွယ်အစားမှာ ၅ ဒသမ ၉၃ လက်မရှိပြီး အကျယ်မှာ ၅ ဒသမ ၅ လက်မရှိသည့် 6X နှင့် ဆင်တူသော်လည်း အနည်းငယ် ပိုရှည်သည့်အတွက် မျက်နှာပြင် အချိုးမှာ ၁၈း၉ ရှိသည်။ ရုပ်ထွက် ကြည်လင်ပြတ်သားမှု အနေဖြင့် 1080x 2160px ရှိပြီး 2.5D ဖန်သားပြင်အောက်တွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ လက်ဗွေဖတ် စနစ်သည် 6X မှာကဲ့သို့ပင် ကျောဘက်၌ ပါဝင်သည့်အတွက် ပြောင်းလဲခြင်း မရှိပေ။ သို့သော် ကင်မရာမှာ အဆင့်မြှင့်တင်ထားပြီး ကျောဘက်ကင်မရာနှစ်လုံး အနက် အဓိက ကင်မရာကို 16 MP နှင့် အရန်ကင်မရာကို 2 MP တပ်ဆင်ပေးထားသည်။ ရှေ့ကင်မရာကို 8 MP တပ်ဆင် ပေးထားကြောင်း သိရသည်။ RAM ကို 4 GBတပ်ဆင်ပေးထားပြီး အချက်အလက် သိမ်းဆည်းမှုအတွက် 32 GB မှ 128 GB အထိ တပ်ဆင်ပေးထားသည့် အပြင် Memory Card ထပ်စိုက်ရန်နေရာလည်း ပါဝင်သည်။ ဘက်ထရီစွမ်းအင် အနေဖြင့် 3340 mAh ရှိပြီး ဖုန်းကိုယ်ထည် အထူမှာ ၇ ဒသမ ၆ မီလီမီတာသာ ရှိကာ အလေးချိန် ၁၆၅ ဂရမ်ရှိသည်။ အဆိုပါ Honor 7X ကို တရုတ်နိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်တွင် ယွမ် ၁၃ဝဝ ဖြင့် စတင် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

Read 9 times Last modified on Friday, 13 October 2017 10:09