SJ WorldNews - шаблон joomla Авто

Samsung နည်းတူ Apple ကလည်း ကွေးညွတ်နိုင်သော iPhone ထုတ်လုပ်မည်

Friday, 13 October 2017 09:56 font size decrease font size decrease font size increase font size increase font size

စမတ်ဖုန်း လောကတွင် အဓိကပြိုင်ဘက်များ ဖြစ်သည့် Samsung နှင့် Apple တို့သည် အစဉ်အဆက် ပြိုင်ဆိုင်လာခဲ့ကြပြီး Samsung ၏ လာမည့်နှစ်တွင် ထုတ်လုပ်ရန် ရည်ရွယ်ထားသော ကွေးညွတ်နိုင်မည့် စမတ်ဖုန်းများ နည်းတူ Apple ကလည်း ကွေးညွတ်နိုင်သော OLED မျက်နှာပြင် တပ်ဆင်ထားသည့် iPhone များ ထုတ်လုပ်ရန် စတင် လုပ်ဆောင်နေပြီဖြစ်သည်။

Apple သည် အဆိုပါ ကွေးညွတ်နိုင်သော မျက်နှာပြင်များကို ပူးပေါင်းထုတ်လုပ်ရန် LG Display ကုမ္ပဏီကို ရွေးချယ်ထားသည်။ ယင်းကုမ္ပဏီသည် iPhone အမှတ်တံဆိပ် အတွက် နှစ်ပေါင်းများစွာကြာ မိတ်ဖက် ကုမ္ပဏီ ဖြစ်သော်လည်း Samsung Display ကုမ္ပဏီမှာ လက်ရှိတွင် OLED မျက်နှာပြင်များကို အရေအတွက် အများအပြား ထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်သည်။ ထို့ကြောင့် Apple က ထုတ်လုပ်လာမည့် ကွေးညွတ်နိုင်သော မျက်နှာပြင်နှင့် iPhone များကို၂ဝ၂ဝ ပြည့်နှစ် မတိုင်မီအထိ မြင်တွေ့ရဦးမည် မဟုတ်ပေ။ Apple သည် လက်ရှိ ထုတ်လုပ်ထားသော iPhone များတွင် Samsung ကုမ္ပဏီ၏ OLED မျက်နှာပြင်များကို အသုံးပြုထားသော်လည်း ကွေးညွတ်နိုင်သော မျက်နှာပြင်အတွက် Samsung ကို မရွေးချယ်ခြင်းမှာ ၎င်း၏ဖုန်းအတွင်း တပ်ဆင်ထားသည့် ပစ္စည်းများ၏ အချက်အလက်များ မပေါက်ကြားစေရန် ဖြစ်သည်။ ထို့ကြောင့်  Apple သည် LG Display ကုမ္ပဏီကို ရွေးချယ်ခြင်းဖြစ်ပြီး OLED မျက်နှာပြင် အများအပြား ထုတ်လုပ်ရန် ယင်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမည့် အနေအထားလည်း ရှိနေသည်။

Read 28 times Last modified on Friday, 13 October 2017 10:08