SJ WorldNews - шаблон joomla Авто

ယာဉ်များကို ပုံစံအမျိုးမျိုး ပြောင်းနိုင်ပြီး ဝေဟင်စီးချင်းထိုး တိုက်ခိုက်မှုများ ပါဝင်လာသည့် GTA Online

Monday, 09 October 2017 09:46 font size decrease font size decrease font size increase font size increase font size

Grand Theft Auto GTA ဂိမ်းသည် ခုအခါဆန်းသစ်မှု များနှင့်အတူ တစ်ကျော့ ပြန်လာပြီဖြစ်သည်။ လူငယ်များ နှစ်ခြိုက်သည့်နည်းတူ ယခုနှစ် ဒုတိယ လပတ်ကာလအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ အထိ ရရှိထားသည်။ ယင်း GTA Online ကို အောက်တိုဘာလကုန်တွင် စတင်မိတ်ဆက် သွားဖွယ်ရှိသည်။ ဂိမ်းအတွင်း တည်နေရာအဖြစ် လော့ဆန်တို့ လမ်းမများ၊ ဆိပ်ကမ်းများနှင့် ဝေဟင်တို့ကို အသုံးပြုထားခြင်း ဖြစ်သည်။

ကစားသမားများကို ယာဉ်များပေးထားမည် ဖြစ်ပြီး ထိုယာဉ်များမှာလည်း အလယ်အလတ် ပြိုင်ဆိုင်မှု အနေအထားမှသည် ပုံစံသုံးမျိုးစလုံးကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ တခြားသော ဂိမ်းအခြေအနေ နှစ်ရပ်အတွက် ဂိမ်းကိုအဆင့်မြှင့်တင် ရမည်ဖြစ်ပြီး သို့မှသာ ကစားသမား တစ်ဦးက တခြားသူများကို မချေမှုန်းနိုင်မီ အချိန်ထိ ပစ်မှတ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး သေဒဏ်ကျခံမှုကို အောင်မြင်စွာ ကျော်လွှားခြင်းနှင့် လေကြောင်း တိုက်ပွဲအတွက် ဝေဟင် စီးချင်းထိုးခြင်းတို့ကို ဆက်လက် ကစားနိုင်မည်ဖြစ်သည်။ ယခုဖြန့်ချိမည့် ဂိမ်းတွင် ယာဉ်အမျိုးအစားများလည်း ပိုမိုပါဝင်လာပြီး AH-64 အပါချီ ရဟတ်ယာဉ်ကို P-40 ရဟတ်ယာဉ်၏ ငါးမန်းပါးစပ် ဆေးခြယ်ထားသည့် ပုံစံဖြင့် Hunter တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်း၊ မြန်နှုန်းမြင့် ဆူပါကားဖြစ်သည့် Coil Cyclone နှင့် နိုးနိုးကြားကြား ရှိသော မျောက်ဝံများလည်း ပါဝင်လာမည်ဖြစ်သည်။

Read 16 times Last modified on Monday, 09 October 2017 09:48