SJ WorldNews - шаблон joomla Авто

ကားမောင်းနေသည့်အခါ မနှောင့်ယှက်ရ စနစ်သို့ အလိုအလျောက် ပြောင်းလဲပေးမည့် Google Pixel 2

Monday, 09 October 2017 09:40 font size decrease font size decrease font size increase font size increase font size

Pixel 2 နှင့် Pixel 2 XL တို့တွင် Google က ထုတ်ပြန်ကြေညာထားပြီး ဖြစ်သော လုပ်ဆောင်မှုများအပြင် ၎င်း၏ Software အတွင်း အံ့အားသင့်စရာများ ကျန်ရှိနေသည်။ ထိုအံ့အားသင့်စရာ အချက်မှာ ဖုန်းအသုံးပြုသူသည် ကားမောင်းနေသည့် အချိန်တွင် ဖုန်းက မနှောင့်ယှက်ရ စနစ်သို့ အလိုအလျောက် ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။ ထိုအချက်ကို Play Store တွင်တင်ထားသည့် Google Application သစ်၏ Screenshotမှတစ်ဆင့် သိရှိရခြင်း ဖြစ်သည်။

အဆိုပါ Application ကို Pixel Ambient Servicesဟု ခေါ်ပြီး ၎င်း၏အမည်ကို ကြည့်ရုံဖြင့် Pixel ဖုန်းများအတွက်သာ သီးသန့်ဖြစ်သည်ကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။ ဖုန်းအသုံးပြုသူ အနေဖြင့် ကားမောင်းနေစဉ် မနှောင့်ယှက်ရ စနစ်ကို ဖွင့်ထားပါက ယာဉ်ကိုစတင် မောင်းနှင်သည့် အချိန်မှစ၍ အဆိုပါစနစ်ကို အလိုအလျောက် ပြောင်းလဲပေးမည် ဖြစ်သည်။ ထို့ပြင် ယင်းလုပ်ဆောင်ချက်ကို မလိုလားပါကလည်း ဖုန်းအသုံးပြုသူ အနေဖြင့် ထို Application မှတစ်ဆင့် အဆိုပါ လုပ်ဆောင်ချက်ကို ပိတ်ထားနိုင်သောကြောင့် မည်သည့် စိတ်အနှောင့်အယှက်မျှ ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း သိရသည်။

Read 11 times Last modified on Monday, 09 October 2017 09:46