SJ WorldNews - шаблон joomla Авто

ထပ်မံထွက်ရှိမည့် iPhone မော်ဒယ်သစ်များတွင် OLED Screen ကိုသာ အသုံးပြုမည်

Monday, 04 June 2018 10:23 font size decrease font size decrease font size increase font size increase font size

ထပ်မံထွက်ရှိမည့် iPhone အမျိုးအစား သစ်များတွင် OLED Screen များကိုသာ အသုံးပြုရန် Apple ကုမ္ပဏီမှ စီစဉ်လျက်ရှိကြောင်း သိရသည်။ Apple သည် ထပ်မံထွက်ရှိမည့် iPhone အမျိုးအစားသစ် သုံးမျိုးတွင် Organic Light Emitting Diode (OLED) များကိုသာ အသုံးပြုမည် ဖြစ်ကြောင်း အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။ Apple အနေဖြင့် OLED Screen များ အသုံးပြုမှုနှင့် ပတ်သက်၍ မေးအွန်လိုင်းသတင်းစာမှ အတည်ပြုချက် ရယူနိုင်ရန် တောင်ကိုရီးယား နိုင်ငံရှိ Apple ကုမ္ပဏီရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ Apple က ထပ်မံထွက်ရှိလာမည့် ဖုန်းများအတွက် OLED ကို အသုံးပြု ပါက LG Display အတွက်အားတက်စရာ သတင်းကြောင်း၊ ၎င်းတို့ ကုမ္ပဏီသည် OLED Screen များကို တခြားနေရာ များမှလည်း မှာယူ အသုံးပြုနိုင်ကြောင်း ကိုရီးယားနိုင်ငံ ဆိုးသုတေသီ လီဝမ်ဆစ်က ပြောကြောင်း သိရသည်။

Read 85 times Last modified on Monday, 04 June 2018 10:23