SJ WorldNews - шаблон joomla Авто

ညကြည့်မျက်မှန် အမျိုးအစားသစ် တစ်ခုကို အမေရိကန် စစ်တပ်မိတ်ဆက်

Tuesday, 15 May 2018 09:37 font size decrease font size decrease font size increase font size increase font size

မီးခိုးနဲ့အမှောင်ထုအား ဖောက်ထွင်းမြင်နိုင်တဲ့ မျက်မှန်ကို အမေရိကန်စစ်တပ်မှ ဗိုလ်မှူးကြီး ခရစ္စတိုဖာရှနိုက်ဒါက မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီမျက်မှန်က အပူနည်းပညာကို အသုံးပြု ထုတ်လုပ်ထားတာဖြစ်ပြီး မီးခိုးနဲ့ အမှောင်ထုကို ဖောက်ထွင်းမြင်နိုင်ပါတယ်။ အခုတီထွင်ထားတဲ့ မျက်မှန်က ညကြည့်မျက်မှန် တစ်ခုအနေနဲ့ သာမက တခြားနေရာ တွေမှာလည်း အသုံးပြုနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။ ဒီကိရိယာက တိုက်ပွဲဝင် စစ်သားတွေဆီကို အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် အရာဝတ္ထုတွေကို ထွင်းဖောက်ပြီး ရန်သူ့ရဲ့ တည်နေရာကိုလည်း ဖော်ထုတ်နိုင်စွမ်း ရှိပါတယ်။ ဒီကိရိယာ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂၃ဝဝဝ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

 

Read 33 times Last modified on Tuesday, 15 May 2018 09:38