SJ WorldNews - шаблон joomla Авто

Huawei P20 နှင့် P20 Pro ကို ပြည်တွင်း ဈေးကွက်၌ ရောင်းချပေးမည်

Sunday, 13 May 2018 11:18 font size decrease font size decrease font size increase font size increase font size

လှပတဲ့ဒီဇိုင်း၊   စွဲမက်ဖွယ်ကောင်းတဲ့  အရောင်ရွေးချယ်မှုတွေနဲ့ Leica Camera နှစ်လုံးပါဝင်တဲ့ Huawei P20 နဲ့ Leica Camera  သုံးလုံးပါဝင်တဲ့ Huawei P20  Pro တို့ကို မြန်မာနိုင်ငံ ဈေးကွက်မှာ ယခုလအတွင်း ရောင်းချပေးမှာပါ။

Huawei P20  Series ကို မတ် ၂၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့ Grand Palais ခန်းမမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ Huawei P20  နဲ့ Huawei P20  Pro တို့ကို နောက်ဆုံးပေါ် အဆင့်မြင့် A1နည်း ပညာတွေနဲ့ တည်ဆောက်ထားပါတယ်။  Huawei P20 Pro မှာ စမတ်ဖုန်းလောကရဲ့ အမြင့်ဆုံး  Pixel ပမာဏပါဝင်တဲ့ မှန်ဘီလူးသုံးလုံးနဲ့  Leica  ကင်မရာ တပ်ဆင်ထားပြီးံ Huawei P20  မှာ Leica Camera အသစ်နှစ်လုံး အသုံးပြုထားပါတယ်။ ဒါ့ပြင် ဓာတ်ပုံတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်မယ့်  Master  A1 နဲ့ ရုပ်ထွက်တည်ငြိမ်မှုကို အထောက်အကူပြုမယ့် စွမ်းအားမြင့်ံ Huawei AIS နည်းပညာတို့ ပါဝင်ပါတယ်။

Kirin 970  နဲ့ အားဖြည့်ထားပြီး Android 8.1 ကို အခြေခံထားတဲ့ EMUI 8.1 နဲ့ Dedicated NPU တို့ကို အသုံးပြုထားတာကြောင့် ထိပ်တန်း စမတ်ဖုန်းတစ်ခုရဲ့ ချောမွေ့ပြေပြစ်မှု ပေးစွမ်းနိုင်မှာဖြစ် ပါတယ်။ 

Huawei    P20ကို  မြန်မာငွေကျပ် ရှစ်သိန်းခွဲ ဝန်းကျင်နဲ့ Huawei   P20 Proကို  ငွေကျပ် ၁၁    သိန်းဝန်းကျင်  ဈေးနှုန်း သတ်မှတ်ထားပါတယ်။                  

Read 30 times Last modified on Sunday, 13 May 2018 11:19