SJ WorldNews - шаблон joomla Авто

ခန္ဓာကိုယ်အတွင်းက သကြားဓာတ်ကို တိုင်းတာရန် အသားကပ် ပလာစတာ တီထွင်

Thursday, 12 April 2018 12:51 font size decrease font size decrease font size increase font size increase font size

ဗြိတိန်နိုင်ငံမှာရှိတဲ့ ဘာ့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက သွေးတွင်းကသကြားဓာတ်ကို တိုင်းတာဖို့ အသားကပ် ပလာစတာကို တီထွင်ခဲ့ကြပါတယ်။ လက်ရှိ ဆေးရုံနဲ့ ဆေးခန်းတွေမှာ ဆီးချိုရော ဂါဝေဒနာသည်တွေ ရဲ့သွေးတွင်းက သကြားဓာတ်ကို တိုင်းတာဖို့ ဦးစွာ လက်ထိပ်ကို အပ်နဲ့ဖောက်လေ့ ရှိပါတယ်။ ပြီးတော့မှ ထွက်လာတဲ့ သွေးနဲ့ သကြားဓာတ်ကို တိုင်းတာကြတယ်။

ဒီသိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ ကိရိယာက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သကြားဓာတ်ကို တိုင်း တာရာမှ ချွေးကိုအခြေခံပြီး သကြား ဓာတ်ကို တိုင်းတာတာဖြစ်ပါတယ်။ အနာဂတ်မှာ ဒီကိရိယာကို စမတ်ဖုန်းကနေ Application နဲ့ချိတ်ဆက်ပြီး ဆီးချို အတက်အကျကို စောင့်ကြည့်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။

လူသားနှစ်ဦးနဲ့ တိရစ္ဆာန်တွေကို ဒီအသားကပ် ပလာစတာနဲ့ စမ်းသပ်တိုင်းတာခဲ့ရာ ခန္ဒာကိုယ်အတွင်းက သကြားဓာတ် ပမာဏကို မှန်ကန်စွာ တိုင်းတာနိုင်ခဲ့တယ်လို့ ဘာ့တက္ကသိုလ်က ပါမောက္ခ ရစ်ချက်ဂိုင်းက ပြောကြားခဲ့သည်။

Read 95 times Last modified on Thursday, 12 April 2018 12:56