SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ပထမဆုံး လိပ်သိမ်းနိုင်တဲ့ LG Display ရဲ့4K OLED ဖန်သားပြင်

Wednesday, 10 January 2018 09:53 font size decrease font size decrease font size increase font size increase font size

LG Display က ပြီးခဲ့တဲ့နှစ်နှစ်က မျက်နှာပြင်  ၁၈ လက်မရှိတဲ့ အနာဂတ် OLED  ဖန်သားပြင်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီ ဖန်သားပြင်က ကွေးညွတ်နိုင်ပြီး သတင်းစာ တစ်စောင်လိုလိပ်ထားလို့ရပါတယ်။

ဒီနှစ်မှာတော့ LG  Display က အဲဒီ OLED  ဖန်သားပြင် ရှေ့ပြေးပုံစံကို အခြေခံပြီး သုံးစွဲသူတွေထံ ရောင်းချပေးဖို့ရည်ရွယ်ထားတဲ့   နောက်ဆုံးပေါ် တီထွင်မှုကို ထုတ်ဖော် ပြသလိုက်ပါတယ်။

ဒီတီထွင်မှုကတော့ မျက်နှာပြင်အကျယ် ၆၅ လက်မရှိပြီး ကမ္ဘာ့ပထမဆုံး လိပ်သိမ်းနိုင်တဲ့ 4K OLED ဖန်သားပြင်ပဲဖြစ်ပါတယ်။ အဲဒီဖန်သားပြင်ကို LG Display က CES 2018 နည်းပညာမြင့် ထုတ်ကုန်ပြပွဲမှာ ပြသမှာပါ။

တီဗွီတွေကို ဘာကြောင့်လိပ်သိမ်းထားဖို့ လိုသလဲဆိုရင်  အခုလိုလိပ်သိမ်း ထားလိုက်ခြင်းအားဖြင့် သိမ်းဆည်းမှုနဲ့ တစ်နေရာကနေ တစ်နေရာ သယ်ယူရွှေ့ပြောင်းမှုအတွက် ပိုမို လွယ်ကူစေပါတယ်။ ဒါ့အပြင် ကွဲပြားခြားနား တဲ့ အနာဂတ် စိတ်ကူးယဉ် သိပ္ပံအယူအဆကိုလည်း ရရှိစေပါတယ်။

ဖန်သားပြင်ကိုလိပ်သိမ်းပြီး ကွေးနိုင်ခြင်းက ဒီဖန်သားပြင်အနေနဲ့ စနစ်တကျ ဖွဲ့စည်း မှုနဲ့ သဘာဝတရားအတိုင်း ဖြစ်ပေါ်မှုကိုလည်း ပိုမိုပီပြင်လာစေပါတယ်။ဒါ့အပြင်  အိမ်နံရံမှာ အလွယ်တကူ ချိတ်ထားနိုင်တဲ့အတွက်လည်း အိမ်ရဲ့အလှအပကို ပိုမိုပေါ်လွင်စေမှာဖြစ်ပြီး ဘယ်သူမဆို အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

LG  Display က ဒီဖန်သားပြင်နဲ့ပတ်သက် ပြီးတော့   ဖြန့်ချိမယ့်ရက်နဲ့ ရောင်းချမယ့် ဈေးနှုန်း စတဲ့ အသေးစိတ် အချက်အလက်တွေကို   ထုတ်ဖော်ပြောထားခြင်း မရှိသေးပါဘူး။

Read 181 times Last modified on Wednesday, 10 January 2018 09:54