SJ WorldNews - шаблон joomla Авто

ပြေးနေစဉ်မှာပင် သီချင်းဖွင့်ထားနိုင်တဲ့ Garmin ရဲ့ နောက်ဆုံးပေါ် စမတ်နာရီ

Wednesday, 10 January 2018 09:48 font size decrease font size decrease font size increase font size increase font size

Garmin  ရဲ့  နောက်ဆုံးပေါ်စမတ်နာရီ က   ပြေးနေစဉ်မှာပင် သီချင်းဖွင့်ထားနိုင်လို့   အပြေးလေ့ကျင့်ရင်း သီချင်းနားထောင်တတ်သူတွေအတွက်  များစွာ အဆင်ပြေစေမှာပါ။

Forerunner 645 Music လို့ နာမည်ပေး ထားတဲ့ စမတ်နာရီက သီချင်းအပုဒ်  ၅ဝဝအထိ  သိမ်းဆည်းထားနိုင်ပြီး Bluetooth  နားကြပ်ကနေတစ်ဆင့်  သီချင်းတွေကို နားထောင်နိုင်ပါတယ်။ ဒါ့အပြင် သီချင်းဖွင့် ထားရင်းနဲ့  သင့်ရဲ့ပြေးလွှားမှု၊ စက်ဘီးစီးမှု၊ ရေကူးမှု  စတဲ့အားကစား လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့   အသေးစိတ် အချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်ပါတယ်။ သီချင်းတွေ ကိုတော့  ကွန်ပျူတာထဲက ကူးထည့်ပြီးဖြစ်စေ၊ iHeartRadio      ကဲ့သို့    သီချင်းများကိုသာ  သီးသန့်လွှင့်ပေးတဲ့   အွန်လိုင်းက    ဖြစ်စေ နားထောင်နိုင်ပါတယ်။

ဒီဇိုင်းပိုင်းကိုလည်း အဆင့်မြှင့်တင်ထားပြီး ဘေးဘက်ပေါင်တွေကို စတီးနဲ့အနား ကွပ်ထားပါတယ်။ ဒါ့အပြင် Garmin Pay လို့ခေါ်တဲ့    ငွေပေးချေမှုစနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။

ဘက်ထရီစွမ်းဆောင်ရည် အနေနဲ့ သာမန် စမတ်နာရီတစ်လုံးလို အသုံးပြုပါက တစ်ပတ်အထိ   ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပြီး GPS နဲ့ သီချင်းဖွင့်ခြင်းတို့ကို  တွဲသုံးပါက ငါးနာရီခံမှာ ဖြစ်ပါတယ်။

645 Music အမျိုးအစားကိုတော့ အမေရိကန်ဒေါ်လာ ၄၅ဝ နဲ့ ရောင်းချမှာ ဖြစ်ပြီး သီချင်းဖွင့်တဲ့ လုပ်ဆောင်ချက် မပါဝင်ပါက အမေရိကန်ဒေါ်လာ ၄ဝဝ နဲ့ ရောင်းချမှာဖြစ်ပါတယ်။

Read 10 times Last modified on Wednesday, 10 January 2018 09:49