SJ WorldNews - шаблон joomla Авто

ချုန်ချင်းမြို့၌ ထိမ်းမြားလက်ထပ်ခြင်း မှတ်ပုံတင်ရာတွင် မျက်နှာပြင် အသိအမှတ်ပြု စနစ်ကို အသုံးပြု

Monday, 08 January 2018 10:27 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ ချုန်ချင်းမြို့ရှိ တာဝန်ရှိသူ များသည် ထိမ်းမြားလက်ထပ်ခြင်းမှတ်ပုံတင် ရာတွင် လုပ်ထုံးလုပ်နည်းများ မြန်ဆန်ချော မွေ့စေရေးနှင့် အချိန်ကုန် သက်သာစေရန် တို့ကိုရည်ရွယ်၍ မျက်နှာပြင်အသိအမှတ်ပြု မှတ်ပုံတင်ခြင်း နည်းပညာကို စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။

အဆိုပါနည်းပညာကို ယခုနှစ်ဇန်နဝါရီ လတွင်စတင်လိုက်ခြင်းဖြစ်ကြောင်း ချုန်ချင်း ထိမ်းမြားလက်ထပ်ခြင်း၊ မွေးစားခြင်းမှတ်ပုံ တင်စီမံခန့်ခွဲရေးဌာနကပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများ ထိမ်းမြားလက်ထပ်ရာတွင်လည်း  အဆိုပါ ထိမ်းမြားလက်ထပ်ခြင်းမှတ်ပုံတင်စနစ်ကို အသုံးပြုနိုင်သည်။

တရုတ်နိုင်ငံ၏ဥပဒေအရ ထိမ်းမြားလက် ထပ်ခြင်းမှတ်ပုံတင်အရာရှိသည် ထိမ်းမြား လက်ထပ်ရန် လျှောက်ထား သူများကို ထိမ်းမြား လက်ထပ်ခွင့်မပြုမီ ၎င်းတို့၏ မှတ်ပုံတင်များနှင့် အိမ်ထောင်စု မှတ်ပုံတင် အသိအမှတ် ပြုစာရင်း တို့ကို မဖြစ်မနေ စစ်ဆေးရမည်ဖြစ်သည်။

မျက်နှာပြင် အသိအမှတ်ပြုစနစ်ကို အသုံး ပြုခြင်းသည် အဆိုပါစစ်ဆေးမှု အချိန်များကို တိုတောင်းစေသည် သာမက လုပ်ငန်းတိကျ မှုကိုလည်းတိုးတက်စေသည်။

အဆိုပါမျက်နှာပြင် အသိအမှတ်ပြုစနစ်သည် ထိမ်းမြားလက်ထပ်ရန်လျှောက်ထား သူများ၏ဓာတ်ပုံများကို  လျင်မြန်စွာရယူ နိုင်ကာ အဆိုပါရယူထားသည့်မျက်နှာပြင်ဓာတ်ပုံကို ပြည်သူ့လုံခြုံရေးဗျူရိုရှိ ဒေတာ ဘေ့(စ်)နှင့် အခြားသက်ဆိုင်ရာ စာရွက်စာ တမ်းများရှိအချက်အလက်များနှင့် လျင်မြန်စွာတိုက်ဆိုင်စစ်ဆေးနိုင်သည်။

သာမန်အားဖြင့်  ထိမ်းမြားလက်ထပ်ရန် လျှောက်ထားသူတစ်ဦး၏ အချက်အလက်များ မှန်ကန်ခြင်းရှိ၊ မရှိစစ် ဆေးရာတွင် ၁ဝ မိနစ်ခန့်ကြာမြင့်သော်လည်း   မျက်နှာပြင်အသိအမှတ်ပြုစနစ်ကိုအသုံးပြုသည့်အတွက်  အဆိုပါစစ်ဆေးမှုများကို သုည ဒသမ  ၃ မိနစ်အတွင်း လုပ်ဆောင်နိုင်သည်။

ယခုစနစ်အသစ်တွင် ထိမ်းမြားလက်ထပ် ခွင့်လျှောက်ထားသူသည်  ယခင်က ပလတ်စတစ်ဆာဂျရီ လုပ်ထားခြင်း ရှိ၊ မရှိနှင့် အမြွှာ များကိုမူ လက်ဗွေခြားနားမှုမှ တစ်ဆင့် အလွယ်တကူခွဲခြား သိရှိနိုင်မည်ဖြစ်သည်။

အဆိုပါစနစ်ကို   အသုံးပြုခြင်းအားဖြင့် မသမာသူများက အခြားသူတစ်ဦးဦး၏မှတ်ပုံ တင်များကိုအသုံးပြုကာ ထိမ်းမြားလက်ထပ် ခွင့်တောင်းခံသည့် ရာဇဝတ်မှုများကို ဖယ်ရှား နိုင်မည်ဖြစ်သည်။         

Read 152 times Last modified on Monday, 08 January 2018 10:28