SJ WorldNews - шаблон joomla Авто

ကုန်ပဒေသာတိုက်ကြီးများနှင့်ဟိုတယ်များတွင် အသုံးပြုလာနိုင်မည့် CLOi စက်ရုပ်များ

Monday, 08 January 2018 10:26 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံမှ  နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် အယ်(လ်)ဂျီက ပြီးခဲ့သည့်နှစ်တွင် အင်ချွန်းနိုင်ငံ တကာ လေဆိပ်၌ အသုံးပြုရန်အတွက် လေဆိပ် လမ်းညွှန်စက်ရုပ်နှင့် လေဆိပ်သန့်ရှင်းရေး စက်ရုပ်တို့ကို တီထွင် ထုတ်လုပ်ခဲ့သည်။

ယခုနှစ်တွင်မူ အယ်(လ်)ဂျီက အဆိုပါ စက်ရုပ်များနှင့် အမျိုးအစား တူဖြစ်သည့် CLOi ဟူသောအမည်ဖြင့် စက်ရုပ် တစ်မျိုးကို ထပ်မံတီထွင် ထုတ်လုပ်လိုက်သည်။

အဆိုပါ CLOi  စက်ရုပ်ကို ဝန်ဆောင်မှု ပေးစက်ရုပ်၊ အထမ်းသမား စက်ရုပ်နှင့် ဈေးဝယ်တွန်းလှည်းစက်ရုပ်ဟူ၍ အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ သို့သော် ထိုစက်ရုပ် များအားလုံးက လေဆိပ်လမ်းညွှန် စက်ရုပ်နှင့် အရွယ် အစား အတူတူပင်ဖြစ်ပြီး ခေါင်း၌ ကျောက်စိမ်းရောင် မျက်စိနှစ်လုံးကို အဝိုင်း ပြားတစ်ခုအပေါ်၌ တပ်ဆင် ထားသည်။

၎င်းစက်ရုပ်သုံးမျိုးအနက် ဝန်ဆောင်မှု ပေးစက်ရုပ်ကို ဟိုတယ်များ၊ လေဆိပ်ရှိ ဧည့် ခန်းများနှင့် စားသောက်ဆိုင် များတွင်အသုံးပြု နိုင်မည်ဖြစ်ပြီး ၎င်းတို့က အဖျော်ယမကာများနှင့် စားဖွယ်ရာများကို စားသုံးသူများထံသို့ သယ် ဆောင် ပေးမည်ဖြစ်သည်။

ထို့ပြင် ယင်းစက်ရုပ်တွင် ဒုတိယအကန့် တစ်ခုလည်းပါဝင်ပြီး ၎င်းအကန့်၌ တဘက်သို့မဟုတ် ပဝါကဲ့သို့ အခြား ပစ္စည်းများကိုလည်း သယ်ဆောင်ကာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

အထမ်းသမား စက်ရုပ်ကိုမူ အဓိကအားဖြင့် ဟိုတယ်များတွင် အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်ပြီး တည်းခိုသူများအား တည်းခိုရန် စာရင်းသွင်းခြင်းနှင့် ငွေပေးချေခြင်းကဲ့သို့ ဝန်ဆောင်မှုများ ပေးအပ်မည့်အပြင် တည်းခိုသူနှင့် ပါလာ သည့် လက်ဆွဲသေတ္တာကိုလည်း အခန်းထဲအထိ ပို့ဆောင်ပေးမည်ဖြစ်သည်။

ဈေးဝယ်တွန်းလှည်း စက်ရုပ်မှာမူ ၎င်း၏ နာမည်နှင့် လိုက်အောင်ပင်ဝန်ဆောင်မှုပေးမည့် စက်ရုပ်ဖြစ်ပြီး အဆင့်မြင့် ကုန်ပဒေသာ တိုက်ကြီးများ၌ မြင်တွေ့ရဖွယ်ရှိသည်။ ၎င်းတွင် ဘားကုတ်စကန်နာ ပါသည့်အတွက် မိမိဝယ်ယူ လိုက်သည့်   ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို တစ်ပါတည်း စစ်ဆေးနိုင်မည်ဖြစ်ပြီး ဝယ်ယူထားသည့် ပစ္စည်း အရေအတွက် ကိုလည်း  ဖော်ပြပေးမည်ဖြစ်သည်။ ထို့ပြင် ၎င်းစက်ရုပ်သည် ဈေးဝယ်သူ ဝယ်ယူလိုသည့် ကုန်ပစ္စည်းရှိရာ နေရာသို့ တစ်ပါတည်း ဦးဆောင်ခေါ်သွားမည်ဖြစ်ပြီး တောင်းဆိုမှုများကို စမတ်ဖုန်း၏ အပလီ ကေးရှင်းမှ တစ်ဆင့်  လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Read 88 times Last modified on Monday, 08 January 2018 10:27