SJ WorldNews - шаблон joomla Авто

အသင်းပြောင်းခွင့် တောင်းသော ကော်တင်ဟိုကို ဂျာဂန်ကလော့ ယုံကြည်မှု ပျောက်ဆုံး

Sunday, 13 August 2017 11:17 font size decrease font size decrease font size increase font size increase font size

လီဗာပူး သြဂုတ် ၁၂

လီဗာပူးအသင်းမှ ဘရာဇီးကွင်းလယ် တိုက်စစ်ကစားသမား ကော်တင်ဟိုသည် ရာသီသစ် အဖွင့်ပွဲကစားရန် တစ် ရက်သာလိုတော့ချိန်တွင် အသင်းပြောင်းခွင့် တောင်းဆိုခဲ့သည့်အတွက် ၎င်းအား အသင်းနည်းပြ ဂျာဂန်ကလော့က ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပြီဟု အသင်းအတွင်းလူများမှ တစ်ဆင့်သိရသည်။ ဘာစီလိုနာ အသင်းသည်   နေမာနေ ရာတွင် အစားထိုးရန် ကော်တင်ဟိုကို သုံးကြိမ်တိုင် ကမ်းလှမ်းခဲ့ပြီး နောက်ဆုံး ကမ်းလှမ်းမှုတွင် ပေါင်သန်း ၉ဝ အထိ ပေးခဲ့သော်လည်း လီဗာပူးဘက်က ပယ်ချခဲ့သည်။

ထိုပယ်ချမှုကြောင့် ကော်တင်ဟိုမှာ အံ့အားသင့်ခဲ့ရပြီး ရာသီသစ်စရန် တစ်ရက်အလိုမှာပင် အသင်းပြောင်းခွင့် တောင်းခဲ့ရာ အသင်းအားကစား ဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်ဘက်က ပယ်ချလိုက်သည်။ ကော်တင်ဟိုအပေါ် အားထားပြီး အသင်းအနာဂတ် တည်ေ ဆာက်ရန် စီစဉ်ထားသော ဂျာဂန်ကလော့က ကစားသမားအပေါ် ယုံကြည် စိတ်ကင်းမဲ့သွားပြီဟု  အသင်းအတွင်း လူတစ်ဦးက ဒေးလီးမေးလ်သို့ ပြောကြားသည်။

Read 78 times Last modified on Sunday, 13 August 2017 11:18