SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယခုရာသီတွင် အသင်း ခုနစ်သင်း ယှဉ်ပြိုင်ရမည်ဟု မော်ရင်ဟိုဆို

Sunday, 13 August 2017 11:14 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ    သြဂုတ်    ၁၂

မန်ယူနည်းပြ မော်ရင်ဟိုက သြဂုတ် ၁၃ ရက်ညတွင် ဝက်စ်ဟမ်းနှင့်ပွဲ ကစားရန် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ ယခုရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အသင်းပေါင်း ခုနစ်သင်း ယှဉ်ပြိုင်ရလိမ့်မည်ဟု သုံးသပ်ပြောကြား သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ရာသီက အဆင့် (၆) နေရာမှသာ ရာသီသိမ်းနိုင်ခဲ့သော်လည်း ယူရိုပါလိဂ်တွင် ဗိုလ်စွဲခဲ့ခြင်းကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သဖြင့် ယခုရာသီတွင် ပြိုင်ပွဲလေးရပ် ကစားရမည်ဖြစ်သည်။

မော်ရင်ဟိုက ''ပရီးမီးယားလိဂ် အနေအထားကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ ချန်ပီယံဆုအတွက် အသင်းခုနစ် သင်းယှဉ်ပြိုင်ရလိမ့်မယ်။ ပြီးတော့အသင်း ၂ဝ စလုံးက ဘယ်သူနဲ့ပဲ ရင်ဆိုင်ရရင်ဆိုင်ရ ပွဲတိုင်းကို အနိုင်ရည်မှန်းပြီး ကစားကြမှာဖြစ်လို့ ခက်ခဲမှာပါ။ ကျွန်တော်တို့အသင်းက ပြိုင်ပွဲလေးရပ် ကစားရမယ်။ တစ်ဆင့်ချင်း၊ တစ်ပွဲချင်း အာရုံ စိုက်ကစားရမှာဖြစ်ပြီး  အသင်းသားတွေနဲ့ လက်တွဲတဲ့ကာလ ကြာလာတာနဲ့အမျှ ကြီးမားတဲ့ လှုံ့ဆော်နိုင်မှုတွေလည်း လုပ်နိုင်လာပါပြီ''ဟု ပြောသည်။

Read 76 times Last modified on Sunday, 13 August 2017 11:15