SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲ ကျင်းပ

Thursday, 16 November 2017 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ   ၁၅

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသား အုပ်စုပွဲစဉ်အဖြစ် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ  ၂ဝ၁၇  ခုနှစ်  တိုင်းဒေသကြီးနှင့်ပြည်နယ်  ဘတ်စကက်ဘောပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အမျိုးသား ၁၄ သင်း၊ အမျိုးသမီး ၁ဝ သင်းတို့မှ အားကစားသမား စုစုပေါင်း၂၆၇  ဦးတို့သည်   နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ နေ့စဉ် နံနက် ၉ နာရီမှစတင်ပြီး အမျိုးသား၊အမျိုးသမီး အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သဖြင့် အားကစားကို စိတ်ပါဝင်စားသော  မိဘပြည်သူများ အနေဖြင့် မည်သူ မဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Read 188 times Last modified on Thursday, 16 November 2017 09:10