SJ WorldNews - шаблон joomla Авто

သိန်းသန်းဝင်းနှင့် သက်နိုင်ကို ရတနာပုံ အသင်း သက်တမ်းတိုးရန် စီစဉ်

Tuesday, 14 November 2017 10:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၁၃

ရတနာပုံအသင်းသည် မြန်မာ့လက်ရွေးစင် ကစားသမားများဖြစ်သော သိန်းသန်းဝင်းနှင့် သက်နိုင်တို့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ယင်းကစားသမားနှစ်ဦးသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အသင်း၏အဓိက ကစားသမားအဖြစ် ရှိနေသောကြောင့် ရတနာပုံအသင်း သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည်  ပြီးခဲ့သည့်ရာသီက  ဖလားလက်မဲ့ဖြစ်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် လာမည့်ရာသီ မတိုင်မီ  အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေပြီး အသင်းနှင့် အံမဝင်သည့် ကစားသမားတချို့နှင့် လမ်းခွဲကာ ကစားသမားသစ်များ အားဖြည့်ခေါ်ယူမည်ဖြစ်သည်။

ရတနာပုံအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုလေးကြိမ် ရရှိကာ ရန်ကုန်ယူနိုက်တက် အသင်းနှင့်အတူ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပြီး လာမည့်ရာသီတွင် အောင်မြင်မှုရရှိရန်  ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ ရတနာပုံအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် အောင်မြင်မှုများစွာ ရရှိထားသော်လည်း   ရှုံးထွက်ပြိုင်ပွဲတွင် အမြင့်ဆုံး ဒုတိယနေရာသာ ရရှိဖူးကြောင်း သိရသည်။ 

Read 11 times Last modified on Tuesday, 14 November 2017 10:24