SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ ခြေစမ်းပွဲများ သုံးသပ်ချက်

Monday, 13 November 2017 16:33 font size decrease font size decrease font size increase font size increase font size

မက္ကဆီကိုနဲ့ ပိုလန်တိုက်စစ်ကြောင့် ဂိုးများမယ့်ပွဲ

နှစ်သင်းစလုံးက ကမ္ဘာ့ဖလားခြေစစ်ပွဲကိုယ်စီ အောင်ထားကြတဲ့အသင်းတွေဖြစ်ပါတယ်။ မက္ကဆီကိုက ကွန်ကာ ကပ်ဖ်ဇုန်မှာ အုပ်စုဗိုလ်အဖြစ် ထိပ်ဆုံးကနေ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပြီး ပိုလန်ကလည်း ဥရောပဇုန်မှာ အုပ်စုဗိုလ် အဖြစ်နဲ့ ပြတ်ပြတ်သားသားဦးဆောင်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို စောစောစီးစီးအောင်တဲ့အသင်းဖြစ်တာကြောင့် နှစ်သင်းစလုံးက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လိုကစားကွက်အခင်းအကျင်း၊ ဘယ်လိုကစားသမား အခင်း အကျင်းကို သုံးမလဲဆိုတာ စမ်းသပ်ဖို့အတွက် ဒီခြေစမ်းပွဲ ကစားတာဖြစ်ပါတယ်။

မက္ကဆီကိုမှာ ဟာနန်ဒက်စ်၊ မိုရီနို၊ ကားလို့စ်ဗီလာအစရှိတဲ့ တိုက်စစ်မှူးကောင်းတွေရှိနေတာကြောင့် နောက်ဆုံး ကစားတဲ့ ဘယ်လ်ဂျီယံနဲ့ သုံးဂိုးစီသရေကျတဲ့ပွဲမှာ မက္ကဆီကိုက ဘယ်လ်ဂျီယံဘက်ကိုနှစ်ကြိမ်တိုင် ဦးဆောင် ကစားနိုင်ပါတယ်။ ဒါကြောင့် မက္ကဆီကိုက အသင်းကြီးတွေကို အံ့အားသင့်ရလောက်အောင် အမြဲဆိုသလို စွမ်းဆောင်ပြနိုင်တဲ့အသင်းအဖြစ်ဒီနေ့အထိ လေးစားခံနေရတဲ့အနေအထားမှာရှိနေပါတယ်။

ပိုလန်မှာ လီဝန်ဒေါစကီး၊ ဘလက်ဇီကောဗ်စကီးအစရှိတဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး အခုပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ဖို့ သေချာပါတယ်။ နှစ်သင်းစလုံးက တိုက်စစ် ပိုင်းကောင်းနေချိန် မို့ နှစ်သင်းပေါင်းဂိုးအများနဲ့အတူ အိမ်ရှင်ကိုပဲအလေးသာမိတယ်။ အာရှနှစ်သင်းခြေစွမ်းကလိုနေသေးလို့ ဗင်နီဇွဲလားနဲ့ဘူလ်ဂေးရီးယားကိုရွေး

ဗင်နီဇွဲလားက တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ပွဲနှစ်ပွဲသာရခဲ့ပြီး ၁ဝ သင်းမှာ အမှတ်ပေးဇယား အောက်ဆုံးက ရပ်တည်နိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းခြေစစ်ပွဲတွေမှာ ပါရာဂွေးကိုနိုင်ပြီး ဥရုဂွေးနဲ့ အာဂျင်တီးနားတို့ကို သရေကစားနိုင်တာက လေးစားစရာပါ။ အီရန်ကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ထားတဲ့ အသင်းဖြစ်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲအောင်ထားလို့ ဗင်နီဇွဲလားနဲ့ပွဲကို ခြေစမ်းကစားတာဖြစ်ပါတယ်။ အီရန်က တစ်ဂိုးအသာနဲ့နိုင်ရင်အားပေးရကျိုးနပ်မှာဖြစ်ပြီး ဗင်နီဇွဲလားဒီလောက်မညံ့လို့ဗင်နီဇွဲလားနဲ့ပဲ လက်တွဲရ ပါမယ်။

 

ဘူလ်ဂေးရီးယားက ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်တဲ့အသင်းဖြစ်ပြီး ဆော်ဒီအသင်းကတော့ အာရှဇုန်ကနေ ကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဆော်ဒီက အာရှဇုန်ခြေစစ်ပွဲများ ဂျပန်နောက် တစ်မှတ်သာ နည်းပြီး သြစတြေးလျကိုကျော်ဖြတ်လို့ တိုက်ရိုက်ခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်ပါတယ်။ ဘူလ်ဂေးရီးယားက ဥရောပဇုန်ခြေစစ်ပွဲမှာ ခြေစစ်ပွဲမအောင်နိုင်ပေမယ့် တော်တော်လေးကောင်းတဲ့ခြေစွမ်းရှိပြီး ဆော်ဒီထက် အများကြီးသာလွန်ကောင်းမွန်တဲ့ အသင်းဖြစ်တာကြောင့် ဘူလ်ဂေးရီးယားနှစ်ဂိုးနဲ့နိုင်မှာပါ။

 

 

 

 

 

Read 12 times Last modified on Monday, 13 November 2017 16:56