SJ WorldNews - шаблон joomla Авто

ရာသီကုန်တွင် အော်လန်ဒို စီးတီးမှ ကာကာထွက်ခွာမည် အနားယူမည့် အကြောင်း အတည်မပြုဘဲ ငြင်းဆန်

Friday, 13 October 2017 09:53 font size decrease font size decrease font size increase font size increase font size

အော်လန်ဒို အောက်တိုဘာ ၁၂

အမေရိကန် မေဂျာလိဂ်အသင်း အော်လန်ဒိုစီးတီး အသင်းတွင် ကစားနေသော ဘရာဇီး ကွင်းလယ်ကစားသမား ကာကာက ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း မတိုးတော့ဘဲ ထွက်ခွာတော့မည် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ ရီးယဲလ်အသင်းသို့ ပြောင်းစဉ်က ကမ္ဘာ့တန်ကြေး အကြီးဆုံး ကစားသမားအဖြစ် ခေတ္တရပ်တည် နိုင်ခဲ့သေးသော ကာကာက ဒီဇင်ဘာလတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ စာချုပ်သက်တမ်း ထပ်မတိုးလို တော့ကြောင်း ဖွင့်ဟခဲ့သည်။

လက်ရှိ ကာကာက အမေရိကတွင် ကစားနေရသည်မှာ ပျော်ရွှင်စရာများ ပျောက်ဆုံးနေသလို ခံစားနေရကြောင်း ယခုသီတင်းပတ် အစောပိုင်း ကတည်းက ဖွင့်ပြောခဲ့သေးသည်။ သို့သော် ကာကာက မိမိဘောလုံး သမားဘဝမှ အနားယူရန် စီစဉ်ခြင်း မဟုတ်ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Read 9 times Last modified on Friday, 13 October 2017 09:54