SJ WorldNews - шаблон joomla Авто

သရေပွဲ ကစားရန် ပီရူး ကစားသမား များကို ဖယ်လ်ကာအို ဖျောင်းဖျခဲ့ကြောင်း ထွက်ပေါ်

Friday, 13 October 2017 09:53 font size decrease font size decrease font size increase font size increase font size

လီမာ အောက်တိုဘာ ၁၂

ကိုလံဘီယာ အသင်းမှ ဝါရင့်တိုက်စစ်မှူး ဖယ်လ်ကာအိုသည် ယမန်နေ့ညက ပီရူးနှင့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ကစားရာတွင် ပီရူး ကစားသမားများကို ကွင်းထဲ၌ သရေပွဲသာ ကစားရန် လိုအပ်သဖြင့် အေးအေးဆေးဆေး ကစားကြရန် လိုက်လံ နှိုးဆော်ခဲ့ကြောင်း ဗီဒီယို မှတ်တမ်းနှင့်တကွ သတင်းများစွာက ဖော်ပြနေကြသည်။

ထိုပွဲတွင် ကိုလံဘီယာအတွက် အဖွင့်ဂိုးကို ဖယ်လ်ကာအို ဖန်တီးပေးမှုမှ ဂျိမ်းရိုဒရီဂွက်ဇ်က သွင်းယူခဲ့ပြီး ပီရူးအတွက် ချေပဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ပက်ဘလိုဂွါရဲရိုးက သွင်းယူခဲ့သည်။ ထိုပွဲမှာ သရေကျခဲ့ခြင်းကြောင့် ကိုလံဘီယာ အသင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်သွားပြီး ပီရူးက နယူးဇီလန်နှင့် ထပ်ကျော့ပလေးအော့ဖ် ကစားခွင့်ရသည့် အဆင့် (၅)နေရာ ရသွားသည်။ ထိုရလဒ်ကြောင့် ကိုပါအမေရိက ချန်ပီယံ ဆုနှစ်ကြိမ် ဆက်ရထားသော ချီလီအသင်း ခြေစစ်ပွဲ မအောင်နိုင်ခဲ့ပေ။ ထိုပွဲကစားနေချိန် အတွင်း ပီရူး ကစားသမားများ အင်တိုက်အားတိုက်ဖြင့် ဂိုးရစေရန် ကစားနေမှုကို ဖယ်လ်ကာအိုက သရေဆိုလျှင် နှစ်သင်းစလုံး အဆင်ပြေမည် ဖြစ်သောကြောင့် အေးအေးဆေးဆေး ကစားကြရန် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တစ်ဦးပြီးတစ်ဦး လိုက်လံဖျောင်းဖျ နေခဲ့ခြင်းကို ဗီဒီယို မှတ်တမ်းများတွင် မြင်တွေ့ရသဖြင့် ဖယ်လ်ကာအိုသည် အားကစား စိတ်ဓာတ်မရှိဘဲ သရေပွဲအဖြစ် ကစားရန် လိုက်လံ စည်းရုံးခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Read 20 times Last modified on Friday, 13 October 2017 09:53