SJ WorldNews - шаблон joomla Авто

အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်

Wednesday, 13 September 2017 11:48 font size decrease font size decrease font size increase font size increase font size

ယင်းမာပင် စက်တင်ဘာ ၁၂

အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် ယောမင်းကြီး လက်ရွေးစင်အသင်းနှင့် ရာစုသစ် လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယောမင်းကြီး လက်ရွေးစင် အသင်းက ၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ ထို့နောက် ဆုပေးပွဲကျင်းပရာ ပထမဆုရ ယောမင်းကြီး လက်ရွေးစင် အသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် တစ်ဦးချင်း ဆုများကို ယင်းမာပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦး စီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက လည်းကောင်း၊ ဒုတိယဆုရ ရာစုသစ် လက်ရွေးစင်အသင်းနှင့် တတိယဆုရ လူရည်ချွန် အသင်းတို့အား တစ်ဦးချင်း ငွေသားဆုများကို ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို မျိုးဆက်သစ် ဘောလုံးသမား ကောင်းများ ပေါ်ထွန်းရေးရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Read 41 times Last modified on Wednesday, 13 September 2017 14:22