SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၈ အသင်း ဗီယက်နမ်ကို အနိုင်ကစား မှသာ နောက်တစ်ဆင့် တက်မည်

Wednesday, 13 September 2017 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   စက်တင်ဘာ ၁၂

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ အသင်းအနေဖြင့် အုပ်စုနောက်ဆုံး ပွဲစဉ်တွင်  ဗီယက်နမ်အသင်းအား  မည်သည့်ရလဒ် နှင့်မဆို အနိုင်ရပါက နောက်တစ်ဆင့်ကို တက်မည်ဖြစ်ကြောင်း နည်းပြချုပ် ဘန်လာဘီက ပြောသည်။

မြန်မာ ယူ-၁၈ အသင်းသည် စက်တင်ဘာ  ၁၁ ရက်တွင်   အုပ်စုတတိယပွဲစဉ်အဖြစ် ဖိလစ်ပိုင် ယူ-၁၈ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ခုနစ်ဂိုးပြတ် အနိုင်ရရှိကာ သုံးပွဲကစားအပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ခြောက်မှတ် ရရှိကာ ဂိုးကွာခြားချက် ၁၃ ဂိုးဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေသည်။ အင်ဒိုနီးရှား အသင်းက လည်း ရမှတ် ခြောက်မှတ်ရရှိထားပြီး ဂိုးကွာခြားချက် ခုနစ်ဂိုးဖြင့် တတိယ နေရာတွင် ရပ်တည် နေသည်။ 

ဗီယက်နမ် အသင်းက သုံးပွဲကစား သုံးပွဲနိုင်၊ ရမှတ် ကိုးမှတ်၊ ဂိုးကွာခြားချက် ၁၅ ဂိုးဖြင့် အုပ်စုကို ဦးဆောင်ထားသည်။

ထို့ကြောင့် အုပ်စု(ခ)သည် နောက်တစ်ဆင့် တက်ရန်အတွက် သုံးသင်း အပြိုင်ဖြစ်နေပြီး အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက ဗီယက်နမ်အသင်းကို အနိုင်ရပါက နောက်တစ်ဆင့်ကို တက်ရောက်နိုင် မည်ဖြစ် သည်။

အင်ဒိုနီးရှား အသင်းက ဘရူနိုင်းအသင်းကို  ရှစ်ဂိုးနှင့်အထက် ဂိုးသွင်းယူနိုင်ပါက နောက်တစ်ဆင့် တက်ရောက် နိုင်မည်ဖြစ်သည်။             

တီတီ

Read 72 times Last modified on Wednesday, 13 September 2017 09:22